Connect with us

Hi, what are you looking for?

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည်နဲ့အတူနိုင်ကျဉ်းအားလုံးလွတ်မြောက်ရေး မျှော်လင့်နေကြောင်းသားဖြစ်သူကိုထိန်လင်းပြော

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံမှုဟာ မျှော်လင့်ချက်တွေကို ယူဆောင်လာကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောကြားလိုက်ပြီး မိခင်နဲ့စကားပြောခွင့်၊ တွေ့ဆုံခွင့်အပြင် မိခင်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးမျှော်လင့်နေကြောင်း အသိပေးပါတယ်။

(ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တာဝန်ရှိသူတို့ ဒီကနေ့ ဩဂုတ် ၃ရက်မှာ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

ဩဂုတ် ၃၊၂၀၂၆။ထားမြတ်/People’s Spring

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံမှုဟာ မျှော်လင့်ချက်တွေကို ယူဆောင်လာကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောကြားလိုက်ပြီး မိခင်နဲ့စကားပြောခွင့်၊ တွေ့ဆုံခွင့်အပြင် မိခင်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးမျှော်လင့်နေကြောင်း အသိပေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တာဝန်ရှိသူတို့ ဒီကနေ့ ဩဂုတ် ၃ရက်မှာ တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်လာတဲ့ အခြေအနေမှာ တွေ့ဆုံခဲ့တဲ့ သတင်းကို ကြိုဆိုကြောင်း ကိုထိန်လင်းကလည်းအခုလို ပြောကြားခဲ့တာပါ။

” ဒီသတင်းကို အတည်ပြုနိုင် မယ်ဆိုရင်တော့ ဒါဟာ ငါးနှစ်ကျော်အတွင်း မေမေနဲ့ ပတ်သက်တဲ့ အပြုသဘောဆောင်တဲ့ ပထမဆုံးတိုးတက်မှု ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်မိသားစုနဲ့အတူ ရပ်တည်ပေးခဲ့ကြတဲ့သူအားလုံးကို၊ အထူးသဖြင့် Proof of Life လှုပ်ရှားမှုမှာ ပါဝင်ပေးခဲ့ကြသူ အားလုံးကို ကျွန်တော် အထူးကျေးဇူးတင်ပါတယ်။ အားလုံးရဲ့အသံထွက်ပြောဆိုကြိုးပမ်းပေးမှုနဲ့အတူ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားပေးမှုကြောင့် ကျွန်တော့်မေမေရဲ့ကိစ္စဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုအောက်မှာ ဆက်ပြီးရှိနေနိုင်ခဲ့ပါတယ်” လို့ ကိုထိန်လင်းက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါဟာ အရေးပါတဲ့ပထမခြေလှမ်းဖြစ်ပြီး နောက်ဆုံးခြေလှမ်း မဖြစ်စေရဘူးလို့လည်း ပြောပါတယ်။

“ဒီအခြေအနေကနေလူသားချင်းစာနာမှုဆိုင်ရာတိုးတက်မှုတွေ ဆက် လက်ဖြစ်ပေါ်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ အဲဒီထဲမှာ မေမေနဲ့ တိုက်ရိုက်စကားပြောခွင့်ရရှိရေး၊ မိသားစုနဲ့ တွေ့ဆုံခွင့်ရရှိရေး၊ မေမေရဲ့ ကျန်းမာရေးအခြေအနေကို ယုံကြည်စိတ်ချရပြီး လွတ်လပ်စွာ အတည်ပြုနိုင်တဲ့ သတင်းအချက်အလက်ရရှိရေးနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့အတူ မေမေ့ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရေးတို့ ပါဝင်ပါတယ်။ကျွန်တော်တို့နဲ့ အတူရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ ကိုထိန်လင်းက ပြောပါတယ်။

စစ်အုပ်စုဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်အာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုမြင်ကွင်းကနေ ကာလရှည်ကြာစွာ ဖုံးကွယ်ဖျောက်ဖျက်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တာဝန်ရှိသူ တွေ့ဆုံကြောင်း စစ်အုပ်စုရဲ့ ထုတ်ပြန်မှုကိုပင် မယုံကြည်ကြသူများစွာရှိနေပြီး ICRC ထုတ်ပြန်မှ ယုံကြည်မယ်လို့ တုန့်ပြန်ခဲ့ကြတာဖြစ်ပါတယ်။

ICRCကလည်း ဩဂုတ် ၃ရက်မနက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြောင်းကို ဒီကနေ့ နေ့လည်ပိုင်းမှာ အတည်ပြုထုတ်ပြန်ထားပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။