Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံအစပ်တိုက်ပွဲ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အစပ်တွင် တိုက်ပွဲများဖြစ်ပွားနေရာနှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိကြောင်းရှမ်းတောင် စစ်ဒေသ ဗျူဟာ ၁၄ က ယနေ့(ဇွန်လ ၁၁ ရက်)ထုတ်ပြန်သည်။

ရှမ်းတောင်စစ်ဒေသဗျူဟာ အမှတ် ၁၄မှတပ်ဖွဲ့ဝင်များ

ဇွန်၊၁၁။ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အစပ်တွင် တိုက်ပွဲများဖြစ်ပွားနေရာနှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိကြောင်းရှမ်းတောင် စစ်ဒေသ ဗျူဟာ ၁၄ က ယနေ့(ဇွန်လ ၁၁ ရက်)ထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် စစ်တပ်လက်​အောက်ခံ PNO/PNA ပြည်သူ့စစ် တို့သည် ဖယ်ခုံအင်းအရှေ့ခြမ်း (ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ် ထိစပ်ရာဒေသ) တော်လှန်ရေးအင်အားစုများထိန်းချုပ်ရာ ညောင်ရွှေမြို့နယ် ရေပူကျေးရွာသို့ အင်အားအများအပြားဖြင့် ဇွန်လ ၂ ရက်တွင် စစ်ကြောင်းထိုးလာရာမှ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများသည် ဇွန် ၁၁ ရက်​နေ့ထိဖြစ်ပွားနေပြီး တစ်ပါတ်တာ ကာလအတွင်းနှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ကာ PNO/PNA ပြည်သူ့စစ်ဘက်မှ ငါးဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲအခြေအနေကတော့စခနဲ့PNOတွေ တက်လာလိုက် အထိနာလို့ ပြန်ဆုတ်လိုက်။ပြန်တက်လာလိုက်ပုံစံမျိုးရှိနေတယ်”ဟုဖယ်ခုံမြို့နယ်မှစစ်​ရေး ရင်းမြစ်တဦးကလူထုနွေဦးသို့ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်စစ်​ကြောင်းထိုးနေသော ရှမ်းတောင်-ကရင်နီ နယ်စပ်ဒေသ ကုန်းသာကျေးရွာတွင်လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် နှင့်အတူ ဖယ်ခုံPDF(1006) တပ်ရင်းတို့ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုများပြုနေပြီး ၎င်းအခြေအနေများကြောင့် ဖယ်ခုံမြို့နယ်တစ်ဝှမ်းတွင်လည်း စစ်ရေးအခြေနေတင်းမာလာနိုင်ကြောင်း ​ဖော်ပြထားသည်။

တိုက်ပွဲများနှင့် စစ်ရေးအခြေနေတင်းမာနေမှုများရှိနေသည့်ကာလအတွင်း စစ်ကောင်စီတပ်မှ ပြည်သူအများနေထိုင်ရာ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုများနှင့်အတူ လက်နက်ကြီးများအဆက်အပြတ်ပစ်ခတ်မှုကြောင့် ပြည်သူ သုံးဦးသေဆုံးပြီး ၊ပြည်သူခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။ဒဏ်ရာရသူများတွင် ကလေးသူငယ်နှင့်အမျိုးသမီးငယ်အများစုပါဝင်သည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ရှိ ပြည်သူများအနေဖြင့် ကာကွယ်ရေးတပ်များမှ အသိပေးထုတ်ပြန်ထားသော စစ်ရေးသတိပေးချက်များကို လုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရန် မေတ္တာရပ်ခံထား သည်။

စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် ၏ စစ်ကြောင်း ထိုး မှုကြောင့် ဖယ်ခုံအင်းအရှေ့ခြမ်း ရှိ ဆောင်နန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နန်းဆွတ်အစရှိသည့် ကျေးရွာများမှပြည်သူ ရာ​ပေါင်းများစွာစစ်ရှောင်နေရပြီး အရေးပေါ် အကူ အညီများ လိုအပ်နေသည်။

“စစ်ရှောင်ရတဲ့ပြည်သူတော်တော်များတယ်။၂၀၀ နဲ့ ၃၀၀ လောက်ရှိတယ်။ထပ်ဆင့် စစ်ရှောင် ကြရတဲ့သူတွေလည်းပါတယ်။နယ်ခံတွေလည်း ရှိသေးတယ်။တချို့သောရွာတွေဆို တစ်လနှစ်လရှိပြီ ပြေးနေရတာ။အဓိကတော့ စားဝတ်နေရေးအခက်အခဲပဲ။ပြီးတော့ ဒီတစ်ပတ်နှစ်ပတ်အတွင်း မုန်တိုင်းလာမယ် ဆိုတဲ့ မိုးလေဝသ သတင်းတွေအရ လိုအပ်ချက်တွေအများကြီးဖြစ်နေတယ်”ဟု ဖယ်ခုံမြို့မှ စစ်ရှောင်ကူညီနေသူတစ်ဦးကပြောသည်။

PNO/PNA ပြည်သူ့စစ်က ဦးဆောင်လမ်း ပြမှုဖြင့် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းများသည် ၎င်းတို့ရောက်ရှိရာ ကျေးရွာများတလျောက်တွင် ပြည်သူများကို အတင်း အကြပ်စစ်မှုထမ်းစေခြင်း၊ ငွေကြေးများအတင်းအဓမ္မတောင်းခံခြင်းများပြုလုပ်နေသည့်အပြင် ညှင်းပန်းနှိပ်စက်မှုများလည်းရှိနေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။