Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းဆောက်လုပ်​ရေး​လောက အကျပ်အတည်း​တွေ့

စစ်တပ်ကပြည်ပမှ​ဆောက်လုပ်​ရေးပစ္စည်းတင်သွင်းခွင့်တားမြစ်တာ၊​​ငွေ​ကြေး​ဖောင်းပွတာ၊စစ်မှုထမ်းစု​ဆောင်းမှု​ကြောင့်လုပ်သားရှားပါးတာစတာ​တွေကဆောက်လုပ်​ရေးလောကကိုအကြပ်အတည်း​တွေ့​​စေ

(စစ်တပ်အာဏာမသိမ်းခင်က ​ဆောက်လုပ်​ရေးလုပ်ငန်းခွင်တခု /​​ဆောက်လုပ်​ရေး​လောကအကျပ်အတည်း​ကြောင့်ကုမ္ပဏီတစ်ခုဖျက်သိမ်း​ကြောင်းကြညာချက်နဲ့ ကွန်ဒိုခန်းအ​ရောင်းအဝယ်​နောက်ဆက်တွဲပြသာနာ​​ကြေညာချက်တစ်ခု။ဓါတ်ပုံ- structurae.net)

စက်တင်ဘာ -၂၂၊၂၀၂၆။ဇော်၀င်း/People’s Spring

​ဆောက်လုပ်​ရေးသုံးပစ္စည်း​တွေ​ဈေးတဟုန်ထိုးတက်လာတာ ၊လုပ်သားရှားပါးလာတာစတဲ့ပြသာနာ​တွေ​ကြောင့်ရန်ကုန်မြို့ကဆောက်လုပ်ရေးကုမ္ပဏီတချို့ဖျက်သိမ်းနေသလို ၊ ကွန်ဒို တွေမှာကြိုပွိုင့်၀ယ်ယူထားသူတွေ​ငွေသွင်းပြီး​ပေမယ့် အခန်းမရတာ၊ငွေထပ်မံတောင်းခံတာ စတဲ့ပြသာနာ​တွေဖြစ်​ပေါ်နေပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က သွင်းကုန်ပါမစ်ပိတ်ဆို့မှုကြောင့်ဈေးအဆမတန်မြင့်တက်မှုနဲ့ ငွေကြေးဖောင်းပွမှုကတဆင့် နှစ်အလိုက်ဈေးနှုန်းမတည်ငြိမ်မှုတွေကြောင့်ဆောက်လုပ်ရေးလောက အကျပ်အတည်းနဲ့ရင်ဆိုင်နေရတယ်လို့ ကုမ္ပဏီပိုင်ရှင် တချို့ကဆိုပါတယ်။

“အိမ်ဆောက်ပစ္စည်းရဲ့အခြေခံဖြစ်တဲ့ သံချောင်းတွေသွင်းခွင့်မရတော့ဘူး။အရင် တစ်တန် ၁၆ သိန်းက အခု သိန်း ၆၀ ဖြစ်နေတယ်။ဒါကြောင့် အခုလိုအချိန်မှ သွင်းကုန်ပါမစ်တွေ ခက်ခဲတာ နဲ့ ဈေးကွက်မှာပစ္စည်းတွေ၀ယ်မရတာ၊ရှားပါးတာ ကြုံနေရတယ်။အဲဒီပြဿနာတွေအပြင် လုပ်သားအင်အားထုရှားပါးနေတာကလည်း ‌ဆောက်လုပ်ရေးလောက က ပိုဆိုးရွာလာတယ်”လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့်လည်း ဆောက်လုပ်ရေးကုမ္ပဏီသုံးခုထက်မနည်း အခုရက်ပိုင်းမှာတင် စာရင်းရှင်းလင်းဖျက်သိမ်း​ကြောင်း​ကြေညာထားပြီးဆောက်လုပ်​ရေး​လောကဟာ ရေရှည် ပိုဆိုးလာနိုင်တယ်လို့ အထက်ပါ လုပ်ငန်းရှင်က​ပြောပါတယ်။

တဖက်မှာလည်း ကွန်ဒို တွေမှာကြိုပွိုင့်၀ယ်ယူထားသူတွေက သတ်မှတ်ငွေအပြည့်ပေးသွင်းပြီးတဲ့အထိ အခန်းမရ‌တဲ့ ဖြစ်‌စဉ်တွေရှိလာပါတယ်။

လတ်တလောလူထုနွေဦးက ရရှိထားတဲ့ အချက် အလက်တွေ အရ ရန်ကုန်မြို့က နာမည်ကြီးကွန်ဒိုတွေ ဖြစ်တဲ့ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းထောင့်က The Central Tower 8 နဲ့ သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်းအနီးက Emerald Bay အဆင့်မြင့်ကွန်ဒိုမီနီယံစီမံကိန်းက အခန်းတွေ ဖြစ်တယ်လို့ ကြိုပွိုင့်၀ယ်ယူထားပြီး ​ငွေ​ပေးသွင်းပြီး အခန်းမရ​သေတဲ့သူတွေက အသိပေးထားပါတယ်။

“ငွေယူထားပြီး သတ်မှတ်ကာလ ရောက်တဲ့အထိ အခန်းမအပ်နိုင်ဘူးဆိုတာ ကျားဖြန့်တွေကို တရား၀င်ခွင့်ပြုထားသလို ဖြစ်နေတယ်”လို့ အိမ်ခြံမြေ ဥ‌ပဒေအကျိုးဆောင် အထက်တန်းရှေ့နေတစ်ဦးက ပြောပါတယ်။

The Central Tower 8 ကို တရုတ်နိုင်ငံသား အိမ်ခြံမြေကျွမ်းကျင်သူ စတီဖင် ဆိုသူပိုင်တဲ့ Marga Group က Marga Land mark Development ကုမ္ပဏီက တည်ဆောင်ဖို့ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဆီက ခွင့်ပြုမိန့်ရခဲ့တာဖြစ်ပါတယ်။

စာချုပ်ပါ အချက်အလက်တွေအရ ကြိုပွိုင့်နဲ့၀ယ်ယူထားသူတွေကို ၂၀၂၀ မှာ အခန်းအပ်မယ်လို့ ကတိက၀တ်ပြုထားပေမယ့် ၂၀၂၆ ခုနှစ်အထိ အခန်းမအပ်နိုင်သေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဖြစ်သူဦးရှိန်၀င်းရဲ့ တက်လမ်း ဆောက်လုပ်ရေးကုမ္ပဏီ ရှယ်ယာပါတဲ့ Emerald Bay ကွန်ဒိုမီနီယံစီမံကိန်း တာဝါနံပါတ် (၃) ကလည်း လုပ်ငန်းခွင့်ပြုချက်မရသေးဘဲ ကြိုပွိုင့်၀ယ်ယူထားသူတွေဆီက ငွေထပ်မံတောင်းခံနေတာကြောင့် အငြင်းပွားမှုတွေ ရှိနေပါတယ်။

Emerald Bay စီမံကိန်းကို စင်ကာပူအခြေစိုက် Golden Paragon Investment ကုမ္ပဏီက ဖော်ဆောင်နေခြင်းဖြစ် တရုတ်နိုင်ငံခြားရင်းနှီးမြှုပ်နှံတွေနဲ့ မြန်မာဘက်က တက်လမ်းကုမ္ပဏီလည်း ပါ၀င်ထားတယ်လို့ သိရပါတယ်။

“ဆောက်လုပ်ရေးပစ္စည်းစျေးကတောက်​လျှောက်တက်လာတာ၊ဥပမာသံဆိုလည်းသွင်းခွင့်မရတော့ ပစ္စည်းပြတ်တယ်။ ရှိတဲ့ဟာကို စျေးချိန်ရောက်တော့ စျေးတွေကအလိုလိုတက်ကုန်တာပဲ။အပြင်က သွင်းတဲ့ သံတင်တက်တာလားဆိုတော့လည်းမဟုတ်ဘူး။ ပြည်တွင်းကထုတ်တဲ့အုတ်စျေးတွေကလည်းတက်တာ။ လွန်ခဲ့တဲ့တစ်နှစ်ကျော်က ၃၀၀ တန်အုတ်တလုံးက ခု ၄၅၀ ဖြစ်နေပြီ။ အဲဒီတော့၂၀၂၄ တုန်းကအိမ်ဆောက်ဖို့တွက်ချက်ထားပြီး မဆောက်ဖြစ်ဘဲ ခုအချိန်မှာဆောက်မယ်ဆိုရင် အဲဒီတွက်ထားတဲ့ငွေက တစ်အိမ်စာမရတော့ဘူးဖောင်ဒေးရှင်းသာသာပဲရတော့မယ်။ခုကာလ က တကယ်နေဖို့ဆောက်ချင်သူတွေလည်း အတော်မစားသာသလို ဆောက်လုပ်နေတဲ့သူတွေလည်း ရပ်မသွားအောင်သာဆက်နေကြရတဲ့သဘောမျိုးဖြစ်တယ်” လို့ဆောက်လုပ်ရေးလုပ်ငန်း​တွေမှာကြုံတွေ့နေရတဲ့အခက်အခဲကို ​​ဆောက်လုပ်​ရေးလုပ်ငန်းရှင်တဦးကရှင်းပြပါတယ်။

အာဏာသိမ်းစစ်တပ်လက်ထက်မှာ ကျပ်​​ငွေ​ဖောင်းပွမှု​ကြောင့် ​​ဆောက်လုပ်​ရေးပစ္စည်း​တွေ ​ဈေးကြီးကုန်တာ ၊ ပြည်ပမှ ​​ဆောက်လုပ်​ရေးပစ္စည်းတင်သွင်းမှု ​တွေပိတ်ထားတဲ့ သံအပါအဝင်​ဆောက်လုပ်​ရေးပစ္စည်း​တွေ​ဈေးကြီးကုန်တာ ၊စစ်တပ်က ​စစ်မှုထမ်းအတွက်လူငယ်​တွေကို အဓမ္မစစ်သားသစ်စု​​ဆောင်းတာ၊​ပေါ်တာဆွဲတာ​ကြောင့် ​ဆောက်လုပ်​ရေးအလုပ်သမား​တွေရှားပါးလာတာစတဲ့ ပြသာနာ​တွေ​ကြောင့် ​ဆောက်လုပ်​ရေး​လောကဟာ အကြပ်အတည်းကြုံ​နေရပြီဖြစ်တယ်လို့​​ဆောက်လုပ်​ရေးလုပ်ငန်းရှင်တဦးက​ပြောပါတယ် ။

စစ်တပ်အာဏာသိမ်းမှု​ကြောင့်ပြည်ပရင်းနှီးမြှပ်နှံမှုနည်းပါးတာ၊ပြည်ပ​ချေး​ငွေမရတာ၊ကုန်သွယ်​ရေးကျဆင်းတာ စတာ​တွေ​ကြောင့် စစ်တပ်က နိုင်ငံခြား​ငွေနည်းပါးတာ​ကိုအ​ကြောင်းပြပြီးပြည်ပကကုန်ပစ္စည်းတင်သွင်းမှု​တွေအားလုံးကို တင်းကြပ်ကန့်သတ်ထားတာဖြစ်ပါတယ်။စား​သောက်ကုန်၊​ဆေးဝါးကအစ ​​ဆောက်လုပ်​ရေးသုံးပစ္စည်း​တွေကိုပါကန့်သတ်တားမြစ်​နေတာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလကုန်မှာ ဘီလပ်​မြေတစ်အိပ် ၆၀၀၀ ကျပ်သာရှိ​ပေမယ့် အခုအခါ သုံးဆ​ကျော်​ဈေးတက်သွားပြီ တစ်အိတ် ၂၀၀၀၀ ​ကျော်ရှိ​နေပြီဖြစ်ပါတယ် ။နယ်​တွေမှာ​တော့ ​ဈေးနှုန်းကပိုကြီးပါတယ် ။

အာဏာသိမ်းစစ်တပ်လက်​အောက်မှာ ပြည်သူ​တွေဟာ ဘဏ်​တွေမှာ ​ငွေအပ်ထားရတာကိုမယုံကြည်တဲ့အပြင် ၊​ငွေ​ကြေး​ဖောင်းပွမှု​ကြောင့် ​ငွေသားအ​နေနဲ့မထားချင်ကြပဲ ​ရွှေလိုပဲ အိမ်ခြံ​မြေဝယ်ယူစု​​ဆောင်းသူ​တွေရှိတဲ့အတွက် ဝယ်လိုအားကရှိ​နေတယ်လို့စုံစမ်းသိရပါတယ် ။ဒါ့အပြင် အခုနာက်ပိုင်း ပြည်တွင်းမှာ ပိုမိုများပြားလာတဲ့ ကျားဖြန့်လုပ်ငန်း(အွန်လိုင်း​ငွေလိမ်လုပ်ငန်း)​တွေကလည်း အိမ်ခြံ​မြေဝယ်ယူပြီး ​တရားမဝင်ရတဲ့​​ငွေ(​ငွေမည်း)ကို တရားဝင်ဖြစ်​အောင်(​ငွေဖြူဖြစ်​အောင်)အိမ်ခြံ​မြေဝယ်ယူတာ​တွေရှိတယ်လို့ လုပ်ငန်းရှင်အချို့က​ပြောပါတယ် ။

ဒါ့အပြင် ရန်ကုန်မြို့​ဆောက်လုပ်​ရေ​လောကမှာ ရပ်ကွက်​တွေထဲမှာ ကန်ထရိုက်တာ​တွေ၊စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူး​တွေ ၊ရန်ကုန်စည်ပင် ယာအုံက အကျင့်ပျက်သူ​တွေ​ပေါင်းပြီး ​အများပြည်သူပိုင်မြေ​တွေမှာ​ရော ၊ ပုဂ္ဂလိကပိုင်​မြေ​တွေ​ပေါ်မှာ​ရော ကန်ထရိုက်တိုက်​တွေ​ကြိုပွိုင့်နဲ့ ​ရောင်းပြီး ဆောက်လုပ်​​နေကြတာမှာ အချင်းချင်းပြန်တိုင်တဲ့အတွက် စစ်တပ်လက်​​အောက်ခံ စရဖ နဲ့ စစစ တို့ကပါ လိုက်စစ်ပြီး ​ဆောက်ပြီးတိုက်​တွေကို တရာမဝင်​ဆောက်တယ်ဆိုပြီး ​နေထိုင်ခွင့်ချမ​ပေးဘဲ ပါဝင်သူ​တွေကို ဖမ်းဆီးစစ်​ဆေးတဲ့ အရှုပ်အ​ထွေး​တွေလည်းဖြစ်ပွားနေပါတယ် ။

ဆက်စပ်သတင်းများ

Facebook