Connect with us

Hi, what are you looking for?

News

မြိုင်မြို့နယ်တွင် စစ်​ကောင်စီ၏ ရဲကားများမိုင်းခွဲတိုက်ခိုက်ခံရ နှစ်ဦးဒဏ်ရာရ

“ကြားလိုက်တယ်။ ကွမ်းတောချောင်းအနီးဖြစ်တာ။ ရဲတွေကတော့ ရမ်းသမ်းပစ်သွားသေးတယ်။”ဟု မြိုင်ဒေသခံတစ်ဦးက ပြောသည်။

မကွေးတိုင်း မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ရဲကားများအား နှစ်ကြိမ်တိုင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရဲနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြိုင် PDFက သတင်းထုတ်ပြန်သည်။

ယမန်နေ့( နိုဝင်ဘာလ ၁၁ ရက်) နံနက် ၁၀နာရီ၃၀ မိနစ်ခန့် ကွမ်းတောရွာအနီးတွင် မိုင်း ၂လုံး၊ နေ့လယ် ၁၂ နာရီ၄၅ မိနစ် မြိုင်-ရေစကြိုနယ်စပ် လှည်းကုတ်ရွာအနီးတွင် မိုင်း (၃) လုံးဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်ကားများအား အသီးသီး တိုက်ခိုက်ခဲ့ရာ ရဲ နှစ်ယောက်ထိခိုက်မိကြောင်း မြိုင် PDF ကအသိပေးသည်။

“ကြားလိုက်တယ်။ ကွမ်းတောချောင်းအနီးဖြစ်တာ။ ရဲတွေကတော့ ရမ်းသမ်းပစ်သွားသေးတယ်။”ဟု မြိုင်ဒေသခံတစ်ဦးက ပြောသည်။

မြိုင် PDF အနေဖြင့် မိဘပြည်သူများအား စစ်ကောင်စီနှင့် မပက်သက်ရန်နှင့် သံသယရှိသောနေရာများသို့ သွားရောက်ပြီး မကြည့်ရန် သတိပေးထားကြောင်း၊ ယမန့်နေက မြိုင် PDF မှ ထောင်ထားသောမိုင်းများအား နွားနှင့်ဆိတ်ကျောင်းသားများက တွေ့ရှိပြီး စစ်ကောင်စီတပ်ကားများအား ရပ်တန့်စေကာအကြောင်းကြားသောကြောင့် မိုင်းများအား ဖျက်ဆီး ခံလိုက်ရပြီး အဖွဲ့ဝင်များ လူအထိအခိုက်မရှိခဲ့သော်လည်း ငွေအား လူအင်အားဆုံးရှုံးခဲ့ရကြောင်း၊ အုပ်ထိမ်းသူများအနေဖြင့် သားသမီးများအား အမှားအမှန် ခွဲခြားစေတတ်စေရန် ဆုံးမစေလိုပြီး စစ်ကောင်စီများနှင့် ပတ်သက်ခြင်းမပြုရန် သတိပေးထုတ်ပြန်လိုက်ကြောင်း မြိုင်PDFက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယခင်ကလည်း မြိုင်-ဗဟင်းလမ်းမပေါ်ထောင်ထားသည့် မိုင်းများအား နွားကျောင်းသူမိန်းကလေးများက လျှောက်ဆွဲ၍ ပျက်စီးခဲ့ကြောင်း မြိုင် PDFက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်ဒေသတွင်းက ရဲဘော်တွေဟာ မြိုင်မြို့နယ်အတွင်းရောက်နေတဲ့ စစ်တပ် စစ်ကြောင်းကို တားဆီးဖို့ မိုးထဲရေထဲမှာ ကြိုးစားနေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။