Connect with us

Hi, what are you looking for?

သတင်း

လုပ်ခလစာတိုး​တောင်း​သော ဆန္ဒပြ​ခေါင်း​ဆောင်များကို တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံက ရဲ​ခေါ် ဖိအား​ပေး၍ သတ်မှတ်နှုန်းယူရန်လက်​ဗွေနှိပ်ခိုင်း

ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်တွင်လုပ်ခလစာတိုးတောင်းသည့်ဆန္ဒပြခေါင်းဆောင်းများကို တရုတ်နိုင်ငံသားပိုင်အထည်ချုပ်ကုမ္ပဏီက ရဲခေါ်ဖမ်းဆီးပြီး ၎င်းတို့သတ်မှတ်နှုန်းအတိုင်းယူရန် ဖိအား​ပေး၍လက်ဗွေနှိပ်ခိုင်းခဲ့သည်။

ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်တွင်လုပ်ခလစာတိုးတောင်းသည့်ဆန္ဒပြခေါင်းဆောင်းများကို တရုတ်နိုင်ငံသားပိုင်အထည်ချုပ်ကုမ္ပဏီက ရဲခေါ်ဖမ်းဆီးပြီး ၎င်းတို့သတ်မှတ်နှုန်းအတိုင်းယူရန် ဖိအား​ပေး၍လက်ဗွေနှိပ်ခိုင်းခဲ့သည်။

ဇွန်-၁၂၊၂၀၂၅။ရဲခေါင်/People’s Spring

ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်တွင်လုပ်ခလစာတိုးတောင်းသည့်ဆန္ဒပြခေါင်းဆောင်းများကို တရုတ်နိုင်ငံသားပိုင်အထည်ချုပ်ကုမ္ပဏီက ရဲခေါ်ဖမ်းဆီးပြီး ၎င်းတို့သတ်မှတ်နှုန်းအတိုင်းယူရန် ဖိအား​ပေး၍လက်ဗွေနှိပ်ခိုင်းခဲ့သည်။

တရုတ်နိုင်ငံသားပိုင် Runyang (Myanmar )အထည်ချုပ်စက်ရုံတွင် လုပ်ခလစာတိုးမြှင့်ပေးရန်တောင်းဆိုသည့် လုပ်သားထုခေါင်းဆောင်ခြောက်ဦး ကို ညှိနှိုင်းမည်ဟုဆိုကာဇွန်လ ၁၂ရက်မွန်းလွဲ ၂ နာရီခန့်က ရွှေပြည်သာမြို့နယ်အလုပ်သမားရုံးသို့ခေါ်ဆောင်သွားခြင်းကြောင်း ဖြစ်စဥ်ကိုသိရှိသူများက​ပြောသည်။

“အများနည်းတူ တစ်ရက်လုပ်ခ ၁၃,၀၀၀ ကျပ်တောင်းတာ။သူတို့(စက်ရုံ)ကပေးတာ ၁၁,၀၀၀ ပဲပေးမယ်။ပြီးတော့ ဆန္ဒပြတဲ့ရက်‌တွေမှာ ငါးရက် ရှိတယ်။နှစ်ရက်ကို ၆,၈၀၀ ပဲပေးမယ်ဆိုလို့ ခေါင်းဆောင်တွေက မလုပ်နိုင်ဘူးဆိုပြီဖြစ်ကြရင်းနဲ့ ရဲတွေပါလာတာ”ဟု Runyang (Myanmar ) အထည်ချုပ်မှ အလုပ်သမားတစ်ဦးက ဖြစ်စဥ်ကို လူထုနွေဦးသို့ ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန် ရှိ Run yang (Myanmar )အထည်ချုပ်စက်ရုံကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်တွင်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ် သည်။

“လူပါးဝတာခံရတာ။လက်နက်ကိုင်ပြီးပါ ခြိမ်းခြောက်ခံရတယ်။အဆင်မပြေကြလို့ တောင်းဆိုကြတာပါ။အလုပ်သမားတွေရဲ့ကိုယ်စားလှယ်တွေဆို သူတို့ကို အတင်းအကြပ်ဖိအားတွေပေးတယ်ဆိုပြီး ညနေ ၆ နာရီခွဲလောက်က ပြန်လာတော့ ငိုကြတယ်”ဟု ဖြစ်စဥ်ကိုသိရှိသူက လူထုနွေဦးသို့ ပြောသည်။

ဇွန်လ ၆ ရက်ကစ၍ လုပ်သား ၃၀၀ ဝန်းကျင်ရှိ အဆိုပါ အထည်ချုပ်စက်ရုံ၌ လုပ်ခလစာနှင့်အချိန်ပိုကြေးတိုးပေးရန် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။​နေ့ကြေး (တစ်ရက်လုပ်အားခ) ၁၃,၀၀၀ ကျပ် နှင့် အချိန်ပို​ကြေး ၂,၅၀၀ ကျပ်ရရှိရန်​​တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

“အရင်က ဒေးကြေး တစ်သောင်း၊အိုတီ ၁၈၀၀ ပေးတယ်။ဒါလည်း မှန်တာမဟုတ်ပါဘူး။အတိုက်အခံလုပ်ပြီး မှန်အောင် မနည်းတောင်းရတယ်” Runyang (Myanmar )မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်​ကောင်စီ၏လက်နက်ကိုင်များခေါ်ယူပြီး အတင်းအကြပ်ဖိအားပေးခံရသည့်အခြေအနေကြောင့်စက်ရုံမှထွက်မည် လုပ်သားများရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အထည်ချုပ်လုပ်သားများ၏ ပြောဆိုချက်အရ Runyang စက်ရုံသည် နိုင်ငံတကာအမှတ်တံဆိပ် Tee ranova နှင့် Amisu အမှတ်တံဆိပ်အထည်များကို ချုပ်လုပ်နေခြင်းဖြစ်သည်။

ပြည်တွင်းကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်အတူ ကြပ်တည်း လာသည့် စားဝတ်နေရေးကြောင့် စက်ရုံ၊အလုပ်ရုံ လုပ် သားထု၏ လုပ်ခလစာတိုးမြှင့်ပေးရေး ဆန္ဒထုတ်ဖော်တောင်းဆိုမှုများဆက်တိုက်ရှိလာသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရွှေပြည်သာမြို့နယ်မှာဖွင့်ထားတဲ့ နေရွှေဝင်းအထည်ချုပ်စက်ရုံရဲ့ကြေငြာသင်ပုန်းအရှေ့ မှာ အလုပ်သမားတွေတရုန်းရုန်းနဲ့ဖြစ်နေပြီး HRဌာနက ကပ်သွားတဲ့ကြေညာစာကို တိုးဝှေ့ဖတ်ရှုနေ ကြပါတယ်။

သတင်း

တရုတ်စက်ရုံပိုင်ရှင်က ရဲတပ်ဖွဲ့ငွေပေးပြီး မြန်မာလုပ်သားတွေ ဖမ်းဆီးခိုင်းထားဟုဆို

သတင်း

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်က အထည်ချုပ်စက်ရုံတစ်ရုံကို စစ်ဝတ်စုံဝတ်ဆင်ထားတဲ့ လူ ၂ဦးက ဝင်စစ်ဆေးတဲ့ ပုံစံသုံးပြီး ကျပ်သိန်း ၂ထောင်ကျော် ဓားပြတိုက်သွားတယ်လို့ ဒေသခံနဲ့ စက်ရုံဝန်းထမ်းအချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုကို ၁၀နာရီကျော်ကြာတဲ့အထိ ငြှိမ်းသတ်နေရဆဲဖြစ်ပြီး ညဘက်ရောက်လာတာကြောင့် မီးဆလိုက်တွေထိုးကာ ငြှိမ်းသတ်နေရတယ်လို့ လူမှုကူညီရေးအသင်းတွေက အသိပေးထားပါတယ်။