Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခါးသီး ကြမ်းတမ်းလှတဲ့ ကံကြမ္မာမျိုး အစ္စရေး ကြုံရစေမယ်လို့ အီရန် အဓိပတိ ခြိမ်းခြောက်

အီရန်ကို တိုက်ခိုက်ခဲ့တဲ့အတွက် ရန်သူတော် အစ္စရေးဟာ ခါးသီးပြီး ကြမ်းတမ်းလှတဲ့ ကံကြမ္မာမျိုး ကြုံစေရမယ်လို့ အီရန် အစိုးရ အဓိပတိက ခြိမ်းခြောက်သွားခဲ့ပါတယ်။

Shutterstock

အီရန်ကို တိုက်ခိုက်ခဲ့တဲ့အတွက် ရန်သူတော် အစ္စရေးဟာ ခါးသီးပြီး ကြမ်းတမ်းလှတဲ့ ကံကြမ္မာမျိုး ကြုံစေရမယ်လို့ အီရန် အစိုးရ အဓိပတိက ခြိမ်းခြောက်သွားခဲ့ပါတယ်။

ဇွန်လ ၁၃ ရက် အစောပိုင်းမှာ အစ္စရေးက မြို့တော် တဟီရန် အပါအဝင် အီရန်နိုင်ငံ အနှံ့မှာရှိတဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေနဲ့ စစ်စခန်းတွေကို ပစ်မှတ်ထားပြီး အပြင်းအထန် တိုက်ခိုက်လာခဲ့ပါတယ်။ နာရီပိုင်း အကြာမှာတော့ အီရန် အစိုးရရဲ့ အဓိပတိ အယာတိုလာ အလီ ခါမေနီက ပြည်သူတွေဆီ ရုပ်မြင်သံကြားနေတဆင့် သတင်းစကား ပေးပို့ခဲ့ရာမှာ အစ္စရေးရဲ့ လုပ်ရပ်ကို ရာဇဝတ်မှု တစ်ခုလို့ ဝေဖန်ပြီး ပြင်းပြင်းထန်ထန် ပြစ်ဒဏ် စီရင်မယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

သူက အစ္စရေးဟာ အရပ်သား ဧရိယာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး အဲဒီလုပ်ရပ်ဟာ အစ္စရေး အစိုးရက ဘယ်လောက် သွေးဆာပြီး မကောင်းဆိုးရွား ဆန်သလဲ ဆိုတာကို မြင်သာစေတယ်လို့လည်း ပြောပါတယ်။

နောက်ပြီး အီရန်ကို ကျူးကျော်ထိပါး တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ကို လက်တုံ့မပြန်ဘဲ အလျှော့ပေးလိုက်စရာ ဘာအကြောင်းမှလည်း မရှိဘူးလို့ သူက ဆိုပါတယ်။ ဘုရားသခင်ရဲ့ အလိုတော်အရ ခိုင်မာ တောင့်တင်းတဲ့ အစ္စလာမ်မစ် နိုင်ငံတော်ရဲ့ လက်နက်ကိုင် တပ်တွေဟာ ဇီယွန်နစ် ဝါဒီတွေကို ပြစ်ဒဏ် မစီရင်ဘဲ ခွင့်လွှတ်ပေးလိုက်မှာ လုံးဝ မဟုတ်ဘူးလို့ ခါမေနီက ဆိုပါတယ်။ ဇီယွန်နစ် ဝါဒီဆိုတာဟာ အစ္စရေး အစိုးရကို ရည်ညွှန်းတဲ့ အသုံးအနှုန်းတစ်ခုပါ။ ခါမေနီဟာ အစ္စရေးကို ရှုတ်ချတဲ့ ကြေညာချက်ကို လူမှုကွန်ရက် မီဒီယာ Xမှာလည်း ရေးသားထားခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအတွင်း အီရန်ရဲ့ စစ်ဘက် ထိပ်တန်း အရာရှိတွေနဲ့ နျူကလီးယား သိပ္ပံပညာရှင်တချို့ သေဆုံးခဲ့ကြတယ် ဆိုတာကို ခါမေနီက အတည်ပြုခဲ့ပြီး သူတို့ရဲ့ လက်ထောက်တွေက ချက်ချင်း အစားထိုး ဝင်ရောက်ပြီး သက်ဆိုင်ရာ လုပ်ငန်းစဉ်တွေ အဆက်မပြတ်စေဖို့ တာဝန်ယူသွားမယ်လို့ ပြောပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဒဏ်ကြောင့် ခါမေနီ အပါအဝင် အီရန်အစိုးရရဲ့ ခေါင်းဆောင်ပိုင်းအားလုံးလိုလို သေဆုံးကုန်တယ်လို့ ယုံကြည်ရကြောင်း အစောပိုင်း သတင်းတချို့က ဖော်ပြခဲ့ပေမယ့် အီရန် အစိုးရ ထိပ်ပိုင်း သတင်းရင်းမြစ်တွေကတော့ ခါမေနီက ဘေးကင်းတယ်လို့ မှတ်ချက် ပေးခဲ့ကြပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ စတင်ချိန် ကတည်းက အီရန်ဟာ နိုင်ငံရဲ့ လေပိုင်နက်ကို ပိတ်ထားလိုက်သလို အစ္စရေးကို စစ်ရေးအရ တုံ့ပြန်မှုတွေကလည်း အချိန်မရွေး ဖြစ်ပေါ်လာနိုင်တယ်လို့ နိုင်ငံတကာအရေး စောင့်ကြည့် လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ကိုးကား: Kashmir Observer

ဆက်စပ်သတင်းများ

ဆောင်းပါး

"The White Balloon ကို ခံစားခြင်း"

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ကြားဖြတ် သိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့ အမေရိကန် ဒရုန်း ရေငုပ်သင်္ဘောကို အီရန်က ထုတ်ပြခဲ့ပါတယ်။

နိုင်ငံတကာ

အီရန် ရေနံတင် သင်္ဘော ၅ စီးကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့နောက် ဂျော်ဒန်မှာ ရှိနေတဲ့ အမေရိကန် စစ်စခန်း တစ်ခုကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။