Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လာမယ့်ရက်ပိုင်းမှာလည်း အီရန်ကို အစ္စရေး ဆက်ပြီး တိုက်ခိုက်နေဖွယ်ရှိ

နောက်ရက်တွေမှာလည်း အီရန်မှာ စစ်ဆင်ရေးတွေ ဆက်လက် လုပ်ဆောင်နေဖွယ်ရှိကြောင်း အစ္စရေးက ပြောကြားခဲ့ပါတယ်။

The New York Times

နောက်ရက်တွေမှာလည်း အီရန်မှာ စစ်ဆင်ရေးတွေ ဆက်လက် လုပ်ဆောင်နေဖွယ်ရှိကြောင်း အစ္စရေးက ပြောကြားခဲ့ပါတယ်။

ဇွန်လ ၁၃ ရက်နေ့ မနက်အစောပိုင်းက အစ္စရေးဟာ မြို့တော် တဟီရန် အပါအဝင် အီရန်နိုင်ငံ အနှံ့အပြားက နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေနဲ့ တခြား စစ်ရေးပစ်မှတ်တွေကို ဖြန့်ကျက် တိုက်ခိုက်ခဲ့ပါတယ်။ Rising Lionလို့ အစ္စရေးက နာမည်ပေးထားတဲ့ စစ်ဆင်ရေးအတွင်း အီရန်ရဲ့ စစ်ဘက်နဲ့ အစိုးရပိုင်း ခေါင်းဆောင်တချို့အပြင် နျူကလီးယား ပညာရှင်တွေလည်း သေဆုံးခဲ့ကြောင်း အီရန်က အတည်ပြုထားပါတယ်။

အစ္စရေးက အီရန်ရဲ့ လေကြောင်းကာကွယ်ရေးစနစ် ဒါဇင် အတော်များများကိုပါ စစ်ဆင်ရေး အဖွင့်နေ့မှာ ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ပြီးတော့ Rising Lionဟာ စစ်ဆင်ရေး အစောပိုင်း အဆင့်သာ ရှိသေးတယ်လို့ အစ္စရေးက မှတ်ချက်ပေးခဲ့တာကြောင့် လာမယ့် ရက်တွေမှာလည်း အီရန်က ပစ်မှတ်တွေကို ဆက်ပြီး တိုက်ခိုက်မယ့် အဓိပ္ပါယ် ဖြစ်ပါတယ်။

ပထမဆုံးနေ့ စစ်ဆင်ရေးတွေမှာတော့ အစ္စရေးဟာ ဂျက်တိုက်လေယာဉ် အစီး ၂၀၀ လောက်ကို အသုံးပြုပြီး အီရန်နိုင်ငံအနှံ့မှာ ဖြန့်ကျက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကနဦး တွေ့ရှိလာတဲ့ အထောက်အထားတွေအရ မကြာသေးခင်က ယူကရိန်းက ရုရှားလေတပ်စခန်းတွေကို ထိုးနှက်နိုင်ခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေနည်းတူ ကြိုတင် အချိန်ယူ ပြင်ဆင်ထားတဲ့ စစ်ဆင်ရေး အစီအမံတွေကိုပါ အစ္စရေးက အချိန်ကိုက် ထုတ်သုံးခဲ့တယ်လို့ ယုံကြည်ရပါတယ်။

Public Service Announcement

Public Service Announcement

လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်တွေက အစ္စရေးဟာ အီရန်ကို ဖောက်ခွဲရေး ဒရုန်းတွေ ကြိုတင် မှောင်ခိုတင်သွင်းထားခဲ့ပြီး အစ္စရေး တိုက်လေယာဉ်တွေဆီက ဒုံးကျည်တွေ ထွက်မလာခင် ကတည်းက အီရန်ရဲ့ ပစ်မှတ်တချို့ကို အဲဒီဒရုန်းတွေနဲ့ ဖောက်ခွဲပစ်ခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

အီရန်က အစ္စရေးကို အပြင်းအထန် လက်တုံ့ပြန်မယ်လို့ ကြုံးဝါးထားပြီး လောလောဆယ်မှာတော့ ဒရုန်းပေါင်း ၁၀၀ ကျော်လောက် တုံ့ပြန်ပစ်ခတ်ခဲ့ပြီး အများစုကို အစ္စရေး၊ အမေရိကန်နဲ့ ဂျော်ဒန်တို့က ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။

အစ္စရေးရဲ့ အစဉ်အလာ မဟာမိတ် အမေရိကန်ကတော့ အီရန်ကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာ ပါဝင်ပတ်သက်ခြင်း မရှိဘဲ အစ္စရေး တစ်နိုင်ငံတည်းကသာ လုပ်ဆောင်ခဲ့တာလို့ ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။