Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် မှော်စီစာတိုက်ပွဲ အထိနာခဲ့​သော်လည်း စစ်​ကောင်စီတပ် စစ်ကြောင်းဆက်ထိုးနေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာဒေသ၌ ဇွန်လ ၁၂ရက်တိုက်ပွဲတွင် အထိနာခဲ့သည့် စစ်တပ်နှင့် ပြည်သူ့စစ်ပူး​ပေါင်းစစ်​ကြောင်းသည် ဇွန် ၁၃ ရက်မနက်တွင်လည်းစစ်ကြောင်းဆက်ထိုး​နေသည်ဟုကချင်သတင်းရင်းမြစ်အချို့က​ပြောသည်။

ဖားကန့်​ဒေသတွင် စစ်​ကြောင်းထိုးဖျက်ဆီး​နေ​သော စစ်​ကောင်စီတပ်မှစစ်သားအချို့။ ဓါတ်ပုံ-Kachin Net

ဇွန်-၁၃၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာဒေသ၌ ဇွန်လ ၁၂ရက်တိုက်ပွဲတွင် အထိနာခဲ့သည့် စစ်တပ်နှင့် ပြည်သူ့စစ်ပူး​ပေါင်းစစ်​ကြောင်းသည် ဇွန် ၁၃ ရက်မနက်တွင်လည်းစစ်ကြောင်းဆက်ထိုး​နေသည်ဟုကချင်သတင်းရင်းမြစ်အချို့က​ပြောသည်။

ဖားကန့် ကျောက်စိမ်းမှော်လုပ်ကွက်များရှိ ကုမ္ပဏီအဆောက်အဦးနှင့် ယာဉ်ယန္တရားများအား မီးလိုက်ရှို့နေသည့် စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ်ပူးပေါင်း စစ်​ကြောင်းကို ဇွန် ၁၂ ရက်​နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်(KPDF) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂၀ ဦးခန့်သေဆုံးထိခိုက်ရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ဇွန်လ ၁၃ရက် မနက် ၇နာရီခန့်တွင်လည်း မှော်စီစာ အောင်သာယာ တကြော၌ စစ်တပ် နှင့် ပြည်သူ့စစ်ပူးပေါင်းစစ်​ကြောင်းက စစ်ရေးလှုပ်ရှားနေ၍ ပြည်သူများ သတိထားကြရန် ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက အသိပေးသည်။

Public Service Announcement

Public Service Announcement

အခြားကချင်သတင်းရင်းမြစ်တဦးကလည်း“စစ်ကြောင်းထိုးနေတုန်း။ မနေ့က ထိတွေ့နေရာအထိ။ တိုက်ပွဲတော့ မကြားသေးဘူး။” ဟု ပြောပြသည်။

စစ်ကောင်စီတပ်က မှော်ဒေသကို ပြန်လည်ထိန်းချုပ်လို၍ ယခုကဲ့သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဆက်​ပြောသည်။

“မှော်ဒေသကို ထိန်းချုပ်ပြီး အခွန်ငွေ ရယူချင်ကြလို့။ ပြီးရင် ကေအိုင်အေရဲ့ အဓိက ဝင်ငွေက မှော်ဒေသက လာတာပါ။ကေအိုင်အေဝင်ငွေကိုဖြတ်တောက်ချင်ကြတာပါတာပေါ့။ဘယ်လွယ်မလဲ အကုန်မသေရင်ကံကောင်း”ဟုကချင်သတင်းရင်းမြစ်က သုံးသပ်သည်။

စစ်ကောင်စီတပ်ကမှော်ဒေသတွင်းစစ်ရေးလှုပ်ရှားမှု လုပ်ဆောင်နေ၍ KIAပူးပေါင်းတပ်၏ တိုက်ခိုက်မှု ဆက်လက်ကြုံရနိုင်သည်ဟုလည်း ၎င်းကဆိုသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်သည် ဖားကန့်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ဧပြီလကတည်းက အင်အားအလုံးအရင်းဖြင့်စစ်​ကြောင်းထိုးခဲ့ရာ မေလကုန်ပိုင်းတွင် ဖားကန့် လုံးခင်းဒေသ သို့ စစ်ကောင်စီပူးပေါင်းတပ် များ ဝင်ရောက်နိုင်ခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်က မှော်လုပ်ကွက်များအား မီးရှို့ခြင်း၊ ယမ်းသိုလှောင်ရာ နေရာအချို့ကို ဒရုန်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ဖျက်ဆီးခြင်း၊ဒေသခံပြည်သူအချို့ကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ ဒေသခံ အချို့ကို ပစ်ခတ်သတ်ဖြတ်ခြင်းများဆက်တိုက်ပြုလုပ်​နေသည်။ထို့​နောက် KIA ၊KPDF ပူး​ပေါင်းတပ်က စစ်တပ်စစ်​ကြောင်းကို ဇွန် ၁၂ ရက်တွင်အပြင်းအထန်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF က အနီးကပ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေများတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရောက်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်း ၃၀၀၀ ထပ်မံပို့မယ်လို့ သတင်းထွက်ပေါ်နေပြီး စစ်မြေပြင်ရောက်လာရင်အလင်းဝင် လက်နက်ချကြဖို့ ကချင်ဒေသကာကွယ်ရေးတပ်မတော်(KPDF)နဲ့ နီးစပ်သူတွေက သတိပေးပါတယ်။