Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၊ မှော်ဝမ်းလေး နှင့် မှော်ဝမ်းကြီးရွာတွင်တိုက်ပွဲဖြစ် ၊​ဒေသခံပြည်သူအချို့ပိတ်မိ​နေ

ဖားကန့်မြို့နယ်၊ မှော်ဝမ်းလေး နှင့် မှော်ဝမ်းကြီးရွာ၌ ယနေ့ညနေပိုင်းမှစ၍တိုက်ပွဲပြင်းထန်နေပြီး ညပိုင်းတိုက်ပွဲတွင်ပိတ်မိနေသည့်အရပ်သားအချို့ ထိခိုက်မှုများရှိနေကြောင်းကနဦးသတင်းရရှိသည်။

ဇွန်-၁၆၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဖားကန့်မြို့နယ်၊ မှော်ဝမ်းလေး နှင့် မှော်ဝမ်းကြီးရွာ၌ ယနေ့ညနေပိုင်းမှစ၍တိုက်ပွဲပြင်းထန်နေပြီး ညပိုင်းတိုက်ပွဲတွင်ပိတ်မိနေသည့်အရပ်သားအချို့ ထိခိုက်မှုများရှိနေကြောင်းကနဦးသတင်းရရှိသည်။

စစ်ကောင်တပ်စီစစ်ကြောင်းသည်၊ မှော်ဝမ်းလေးနှင့် မှော်ဝမ်းကြီးရွာကိုဇွန် ၁၆ ရက်နံနက်ပိုင်း၌ ရောက်ရှိလာပြီး မှော်ဝမ်းကြီးရွာမှ ဒေသခံများ အချိန်မှီတိမ်းရှောင်နိုင်ခဲ့သော်လည်း မှော်ဝမ်းလေးရွာမှဒေသခံအချို့သည်ပိတ်မိသွားခဲ့သည်ဟု ဖားကန့်ဒေသခံတဦးကပြောသည်။

https://www.facebook.com/LuduNwayOo/videos/682443851452312

Public Service Announcement

Public Service Announcement

၎င်းက “စစ်တပ်ကသူတို့ကိုတိုက်ရင်ရွာကိုမီးရှို့မယ်လို့ ခြိမ်းခြောက်ပြီးဝင်လာတာ။နေ့ခင်းအထိကသေနတ်ကျည်မပေါက်သေးဘူး။ညနေကျတော့ အခြေအနေ တင်းမာပြီးတိုက်ပွဲစဖြစ်တာ။ အခုညပိုင်း အရပ်သားသုံးယောက်ထိထားတယ်။ဆေးရုံကားသံတွေလည်းကြားတယ်”ဟုပြောသည်။

အခြားဒေသခံတဦးကလည်း “တတ်နိုင်တဲ့ဘက်က ကြိုးစားပီးညှိနှိုင်းပေးသော်ငြားလည်း ပြေလည်မှုမရသည့်အဆုံးညနေ ၅ ပတ်ဝန်းကျင်မှာတော့ အသေး၊အကြီးပေါင်းစုံနဲ့ အားစမ်းနေကြပါပြီ။ပြည်သူတွေ ဘေးကင်းကြပါ‌စေ။ရွာနှစ်ရွာလည်းထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်ပါစေ”ဟုလူမှုကွန်ရက်တွင်ရေးတင်ထားသည်။

တိုက်ပွဲအ​ခြေအ​နေအ​သေးစိပ်ကိုမူမသိရ​သေး​ပေ။

စစ်တပ်စစ်​ကြောင်းသည် ‌မေလ ၂၇ရက်က လုံးခင်းကျေးရွာအုပ်စုကို စတင်ဝင်ရောက်စဉ် KIA၊KPDF က တိုက်ခိုက်ပြီး‌နောက်ပိုင်းဆက်လက်တိုက်ခိုက်ပါကနေအိမ်များကိုမီးရှို့မည်ဟု​ဒေသခံများကို ခြိမ်ခြောက်ကာ ဖားကန့်သို့ စစ်ကြောင်းထိုးလာခဲ့ခြင်းဟုသိရသည်။

ဖားကန့်ရောက်စစ်ကောင်စီစစ်ကြောင်းကို KIAနှင့် KPDF ပူးပေါင်းတပ်က ဇွန်လ ၅ရက်၊ဇွန်လ ၉ရက်နှင့်ဇွန်လ ၁၀ရက်၌ တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၁၀ရက်မှစ၍ ယ‌နေ့အထိ စစ်ရေးဆက်လက်တင်းမာနေသည်။စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးစဥ် ​ဒေသခံပြည်သူများကိုသတ်ဖြတ်ခြင်းများကြောင့်မေလ ၂၈ရက်မှ ဇွန်၁၆ ရက်နေ့အထိ အရပ်သား သေဆုံးသူ၃၀ဦးနီးပါးရှိလာသည်။

(ဖားကန့် မှော်ဝမ်းလေး နှင့် မှော်ဝမ်းကြီးရွာတွင်ဇွန် ၁၆ ရက်ည​နေပိုင်း၌ တိုက်ပွဲဖြစ်ပွားစဥ်။ ရုပ်သံ-Laisin Shingran)

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ရေကြီးနစ်မြုပ်မှု ရက်သတ္တပတ်တစ်ပတ်ကျော်လာပြီဖြစ်ပြီး မိုးဆက်ရွာနေသလို ဥရာချောင်းလည်း ရေလျှံပြီး ရေဘေးအခြေအနေပိုဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။