Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၊ မှော်စီစာရွာအနီးတိုက်ပွဲ ပိုပြင်းထန်လာ

စစ်တပ်က ဗျူဟာကုန်းမှလက်နက်ကြီးဖြင့်ပစ်ခတ်​နေပြီး လက်နက်ကြီး နှင့် လေကြောင်းအန္တရာယ်သတိပေး

ဖားကန့် အနီး KIA တပ်ဖွဲ့ဝင် တဦးလုံခြံ​ရေးယူ​နေစဥ်(ပုံအ​ဟောင်းဖြစ်ပါသည်)

ဇွန်-၁၇၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအနီး၌ တိုက်ပွဲပိုပြင်းထန်ထားပြီး စစ်တပ်က ဗျူဟာကုန်းမှနေ၍ လက်နက်ကြီးများပစ်ခတ်နေသဖြင့် ပြည်သူများ လက်နက်ကြီးနှင့်လေကြောင်းအန္တရာယ်သတိပြုကြရန် တော်လှန်ရေးအင်အားစုများကသတိပေးသည်။

မှော်စီစာကျေးရွာအနီး၌ယနေ့နံနက်မှ ၉နာရီခန့်စ၍ တိုက်ပွဲဖြစ်ခဲ့ပြီး ပိုမိုပြင်းထန်လာသည်ဟု ဒေသခံအချို့ကပြောသည်။

“မှော်စီစာကျောင်းနားလက်နက်ကြီးကျတယ်။ ကျောင်းတွေလည်း ပိတ်လိုက်ပါပြီ။ဒေသခံတွေဟာအိမ်တွေထဲမှာပိတ်မိနေပါတယ်။ ဗျူဟာကုန်းကနေ လက်နက်ကြီးလှမ်းပစ်နေတယ်။ တိုက်ပွဲက ပိုပြင်းထန်လာတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ရာနေရာတို့ ဖားကန့်ဗျူဟာကုန်းမှနေ၍ လက်နက်ကြီးများပစ်ခတ်နေပြီးလေကြောင်းမှလည်း တိုက်ခိုက်လာနိုင်သည့်အတွက် သတိပြုကြရန် KIAနှင့်နီးစပ်သည့်သတင်းရင်းမြင့်က ပြောသည်။

“ဒီကောင်တွေမြေပြင်မှအခြေအနေမဟန်ရင် လေကြောင်းလာနိုင်တယ်။ စစ်ကြောင်းက အင်အားများတယ်။ဒေသခံအချင်းချင်းကူညီပြီးသတင်းတွေမျှဝေပေးနေတယ်” ဟု ၎င်းကပြောသည်။

စစ်တပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုများနှင့် အရပ်သားထိခိုက်မှုများ ရှိနေပြီး အရေးပေါ် အကူအညီလိုအပ်နေသည့်အခြေအနေဖြစ်ကြောင်း ဖားကန့်ဒေသခံတစ်ဦးကပြောသည်

ရွာအတွင်းပိတ်မိနေသူများအနေဖြင့် စစ်ကြောင်းအခြေအနေကိုကြည့်၍ ထွက်ခွာကြရန်နှင့် မထွက်နိုင်သေးပါက ဗုံးခိုကျင်းအတွင်းနေထိုင်ကြရန် KPDF နှင့် နီးစပ်သူကသတိပေးသည်။

စစ်ကောင်စီစစ်ကြောင်း၌ အင်အား ၁၀၀ခန့်ပါဝင်ပြီး KIA၊KPDF ပူးပေါင်းတပ်ကို ဖယ်ရှားခိုင်းရာမှ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းဟုသတင်းရရှိသည်။မှော်စီစာရွာတွင် ဇွန်လ၉ရက်နှင့် ၁၀ရက်ကလည်း တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့သည်။ စစ်ကောင်စီတပ်သည်မှော်စီစာဘုန်းကြီးကျောင်း၌ဆက်လက်တပ်စွဲထားခဲ့ပြီးဇွန် ၁၇ ရက်တွင် စစ်ကြောင်းလိုက်ထွက်လာခြင်းဖြစ်သည်ဟု သိရသည်။

ဇွန် ၁၆ ရက်ညကလည်း ဖားကန့်မြို့နယ်၊ မှော်ဝမ်းလေးနှင့် မှော်ဝမ်းကြီးရွာ၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီးထိမှန်၍ အရပ်သား ၁ ဦး​သေဆုံးခဲ့ကာ ၆ဦးဒဏ်ရာရခဲ့ကြောင်းသတင်းရရှိသည်။

စစ်ကောင်စီတပ်သည် မေလ ၂၇ရက်ကလုံးခင်းကျေးရွာအုပ်စုကို စတင်ဝင်ရောက်စဉ် KIA၊KPDF က တိုက်ခိုက်ပြီး‌နောက်ပိုင်း ဆက်လက်တိုက်ခိုက်ပါက နေအိမ်များကိုမီးရှို့မည်ဟု ခြိမ်းခြောက်ကာ ဖားကန့်သို့စစ်ကြောင်းထိုးလာခဲ့ခြင်းဟုသိရသည်။

ဖားကန့်ရောက်စစ်ကောင်စီစစ်ကြောင်းကို KIAနှင့် KPDF ပူးပေါင်းတပ်က ဇွန်လ ၅ရက်၊ဇွန်လ ၉ရက်နှင့်ဇွန်လ ၁၀ရက်၌ တိုက်ခိုက်ခဲ့ပြီး ယ‌နေ့အထိ စစ်ရေးဆက်လက်တင်းမာနေသည်။ စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးစဥ်သတ်ဖြတ်ခြင်းများကြောင့်မေလ၂၈ ရက်​နေ့မှ ယနေ့အထိအရပ်သားသေဆုံးသူ၃၀ ဦးနီးပါး ရှိလာပြီဖြစ်သည်။

ဖားကန့်၌ တိုက်ပွဲဆက်လက်ပြင်းထန်နိုင်၍ ဒေသခံများစစ်ဘေးရှောင်နိုင်ရေးအတွက် ဦးစားပေးကြိုတင်ပြင်ဆင်ပေးကြရန် ဒေသခံများနှင့် လူမှုကူညီရေး လုပ်ဆောင်သူများကတောင်းဆိုနေကြသည်။

၂၀၂၄ခုနှစ် ဇူလိုင်လကဖားကန့်မြို့နယ်၊ဆိုင်းတောင်ရဲစခန်းကို KIA၊KPDF ပူးပေါင်းတပ်ကကတိုက်ခိုက်သိမ်းယူစဉ် စစ်ကောင်စီကဆိုင်းတောင်ရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်ကာလေကြောင်းမှ လည်းဗုံးကြဲခဲ့၍ အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။