Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ နာမည်ကို အရမ်းကြောက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ်မှု၊ စွန့်စားမှု၊ အနစ်နာခံမှု အထူးသဖြင့် အဲဒီလို အနစ်နာခံမှုတွေကြောင့် ပြည်သူရဲ့ယုံကြည်မှုတွေ ရတယ်။ အဲဒီပြည်သူရဲ့ ယုံကြည်မှု၊ ထောက်ခံမှုတွေကို စစ်အုပ်စုက အရမ်းကြောက်ပါတယ်”

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်နဲ့ မေးမြန်းခန်း

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်နဲ့ မေးမြန်းခန်း

နိုင်ငံရေးအကျဥ်းသားတွေ ထောင်တွင်းမှာ ကျန်ရှိနေသရွေ့ မြန်မာနိုင်ငံဟာ မလွတ်လပ်ဘူးလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယူဆထားပါတယ်။

ဇွန်လ ၁၉ရက်မှာ အသက် ၈၀ ပြည့်မယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသား ၂၂,၀၀၀ ကျော်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အဓမ္မဖမ်းဆီးချုပ်နှောင်တာကို ခံနေရပါတယ်။

https://www.facebook.com/LuduNwayOo/videos/1654047161978824

Public Service Announcement

Public Service Announcement

၂၀၂၁ စစ်အာဏာသိမ်းမှုဟာ စစ်အုပ်စုကိုယ်တိုင်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာဖြစ်သလို စစ်တပ်က ၂၀၀၈ က ပေးထားတဲ့ အာဏာနဲ့ မလုံလောက်လို့၊ ဒီထက်ပိုပြီး အာဏာလိုချင်လို့ ဖြစ်တယ်လို့ AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ရှုမြင်ပါတယ်။

စစ်အုပ်စု လုပ်ဆောင်ခဲ့တာ၊ လုပ်ဆောင်နေတာတွေက တိုင်းပြည်အတွက် ကောင်းတဲ့လဏ္ခဏာမဟုတ်သလို စစ်တပ်အတွက်လည်း ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ သူက သတိပေးပါတယ်။

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီလက်ထက်မှာ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ အဆိုးဆုံးအခြေအနေကို မြန်မာပြည်သူလူထု တွေ့ကြုံခံစားနေရပြီး လူ့ငရဲဖြစ်တဲ့ အကျဥ်းထောင်တွေကတော့ အဆိုးတကာ့အဆိုးဆုံးလို သူက ဆိုပါတယ်။

အကျဥ်းထောင်ထဲက နိုင်ငံရေးအကျဥ်းသားတွေကို နိုင်ငံတကာက မေ့မထားသင့်သလို မြန်မာပြည်သူတွေကလည်း မေ့မထားသင့်ဘူးလို့ သူက တိုက်တွန်းပါတယ်။

AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကို People’s Spring က သီးသန့်တွေ့ဆုံမေးမြန်းခန်းကို တင်ဆက်ပေးလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

​သြစတြေးလျနဲ့ တောင်ကိုရီးယား နိုင်ငံရောက် မြန်မာတွေက မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွတ်မြောက် ရေး ဆန္ဒပြခြင်းကို သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

လက်နက်ကိုင်တော်လှန်ရေးကို လက်မခံဟုပြောဆိုထားတဲ့ လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံဖိုင်တု ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးချက်တရပ် လူမှုကွန်ရက်ကနေ ပြန်လည်ရေးသားခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိထားဖို့ သတိပေးလိုက်ပါတယ်။

သတင်း

သာယာဝတီအကျဉ်းထောင်ကို ထောင်ပြောင်းလာရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ဦးကို ထောင်အရာရှိတွေက တစ်ဦး ကျပ် ၃သိန်းစီပေးဖို့ အတင်းအဓမ္မ တောင်းယူနေပြီး မပေးနိုင်ပါက မိလ္လာရေ သယ်ခိုင်းနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။