Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအင်အားစုများ ပိုမိုပေါင်းစည်းချိတ်ဆက်ရန် ၊ စစ်အင်အားတိုးချဲ့တည်ဆောက်ရန် ချင်းညီနောင်အတွင်းရေးမှူးအဖွဲ့ဝင်တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် တော်လှန်ရေးအင်အားစုများ အားလုံးအနေဖြင့်ယခုထက်ပေါင်းစည်းချိတ်ဆက်ပြီးတိုက်ပွဲဝင်မှသာတော်လှန်ရေး အမြန်ပြီးဆုံးမည်ဖြစ်ကြောင်းချင်းညီနောင် အတွင်းရေးမှူးအဖွဲ့ဝင် Rလခဲရ် ကပြောကြားခဲ့ပြီး စစ်ရေးအင်အား ကိုတည်ဆောက်ရန် အရေးကြီးဆုံးကာလဖြစ်သည်ဟု တိုက်တွန်းလိုက်သည်။

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့(MTC/MDF) စစ်သင်တန်းဆင်းပွဲကို ဇွန် ၁၂ ရက်ကပြုလုပ်စဥ်။ဓါတ်ပုံ-MTC/MDF

ဇွန်-၁၇ ၊၂၀၂၅။ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် တော်လှန်ရေးအင်အားစုများ အားလုံးအနေဖြင့်ယခုထက်ပေါင်းစည်းချိတ်ဆက်ပြီးတိုက်ပွဲဝင်မှသာတော်လှန်ရေး အမြန်ပြီးဆုံးမည်ဖြစ်ကြောင်းချင်းညီနောင် အတွင်းရေးမှူးအဖွဲ့ဝင် Rလခဲရ် ကပြောကြားခဲ့ပြီး စစ်ရေးအင်အား ကိုတည်ဆောက်ရန် အရေးကြီးဆုံးကာလဖြစ်သည်ဟု တိုက်တွန်းလိုက်သည်။

လက်ရှိတွင်စစ်ကောင်စီကလူငယ်များကိုစုဆောင်းသင်တန်းပေးနေပြီး စစ်အုပ်စုကလုပ်စရာရှိသည်များကို ဆက်တိုက် လုပ်နေကြောင်း ၎င်းက ဆိုသည်။ ထို့ကြောင့် တော်လှန်ရေးအင်အားစုများဘက်ကလည်း လွတ်မြောက်ပြီးသားနယ်မြေကို ထိန်းရန် နှင့် တော်လှန်ရေးကို မြန်မြန်ဆန်ဆန်သွားနိုင်ရန် စစ်အင်အားများ တိုးချဲ့ရန်လိုအပ်ကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့(MTC/MDF) တရားသူကြီးချုပ်လည်းဖြစ်သူ Rလခဲရ်ကပြောသည်။

လက်ရှိကာလသည် စစ်ရေးအင်အားကသာအဖြေဖြစ်သောကြောင့် အင်အားကို တည်ဆောက်ရန်အရေးကြီးသည့်ကာလဖြစ်သကဲ့သို့နိုင်ငံတဝန်းလုံး လက်ရှိ နိုင်ငံရေး စစ်ရေး အခြေအနေက မြန်မာ့သမိုင်း၌မရှိဖူးသည့်တော်လှန်ရေးရေချိန်သို့ရောက်နေကြောင်းပြောသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်၊ ရက္ခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း စသည့် နေရာဒေသများ၌ တော်လှန်ရေး အရှိန်ကောင်းပြီး နေ့စဥ် တိုက်ပွဲများ နှင့်အောင်မြင်မှုများပိုရနေသည်ဟု၎င်းကသုံးသပ်သည်။

“ဒီထက်မကလည်း အောင်မြင်နိုင်ပါတယ်။မြန်မြန်ဆန်ဆန်နဲ့ တော်လှန်ရေးပြီးစီးနိုင်ဖို့ဆိုရင် တော်လှန်ရေးအင်အားစုတွေ NUG အပါအဝင် ကျနော်တို့ ပေါင်းစည်းနိုင်ဖို့ ဒီထက် တိုင်းရင်းသား EAO တွေနဲ့ ၊PDF တွေနဲ့၊ CDF တွေနဲ့ ၊တော်လှန်ရေးအင်အားစုတွေ ကြားမှာ ဒီထက်မက ကောင်းမွန်တဲ့နိုင်ငံရေး စစ်ရေးချိတ်ဆက်မှုတွေလုပ်ပြီးတော့မှ ဆက်လက်ချီတက်သွားသင့်ပါတယ်” ဟုချင်းညီနောင် အတွင်းရေးမှူး အဖွဲ့ဝင်က ပြောသည်။

CDFမင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေကလည်း စစ်ကောင်စီကို ပြန်လည်တော်လှန်မည်ဆိုပါက အင်အားရှိအောင်တည်ဆောက်စုဖွဲ့ လေ့ကျင့်ရမည်ဖြစ်ကြောင်း၊ ထို့မှသာ လိုချင်သည့် ပန်းတိုင်ကို ရောက်နိုင်မည်ဖြစ်ကြောင်းပြောကြားသည်။ဆလိုင်းထန်းချွန်းဖေ သည် ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် စစ်ဦးစီးချုပ်ဖြစ်သလို ချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌ လည်းဖြစ်သည်။

“ကျနော်တို့က အာသာ​ပြေစကားလုံးတွေပဲ ပြောပြီးတော့ ဟုတ်တိပတ်တိ စုဖွဲ့လေ့ကျင့်မှုမရှိဘဲနဲ့ အဖြစ်ပဲ တော်လှန်ရေးလုပ်နေရင်တော့ ကျနော်တို့ ဘယ်တော့မှ အောင်မြင်မှု ရနိုင်မှာ မဟုတ်ပါဘူးဗျ။ အဲဒါကြောင့် ကျနော်တို့ အကြမ်းဖက်စစ်ကောင်စီကို ပြန်ပြီးတော့ တုန့်ပြန်မယ် ငြိမ်မခံဘူး သူ့ကို ပြန်ပြီးမှ ခုခံတော်လှန်မယ်ဆိုရင်တော့ ကျနော်တို့ အင်အားရှိအောင် တည်ဆောက်ရမယ် စုဖွဲ့လေ့ကျင့်ရမယ် အဲဒါမှ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မယ်လို့ ပြောလိုပါတယ်” ဟု ဆလိုင်းထန်းချွန်းဖေက ဇွန်လ ၁၂ရက်က ကျင်းပသည့် CDF မင်းတပ် ၏ အခြေခံစစ်သင်တန်းဆင်းပွဲ၌ပြောကြားသည်။

ချင်းညီနောင် အတွင်းရေးမှူးအဖွဲ့ဝင် Rလခဲရ် ကလည်းတော်လှန်ရေးအရှိန်မြှင့်လာသည်နှင့်အမျှစစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ပြည်သူ့ဘက်ပါဝင်ပြီး CDMပြုလုပ်ကြရန်တိုက်တွန်းသည်။

နွေဦးတော်လှန်ရေး လေးနှစ်ကျော်လာသည်နှင့်အမျှ တဖက်တွင် ပြည်သူများအတွက် အင်မတန် ခက်ခဲသည့်စိန်ခေါ်မှုများ၊ ကျန်းမာရေး ၊ပညာရေး ပြည်သူ့ဝန်ဆောင်မှု စိန်ခေါ်မှုများ၊ စီးပွားရေး ကျဆင်းမှုနှင့် အလုပ်အကိုင်အခွင့်အလမ်း ကင်းမဲ့မှုများကြုံနေရသည်။သို့သော် ယခုတိုက်ပွဲဝင်နေသည့်တော်လှန်ရေးသည်ရေရှည်အတွက် တိုက်ပွဲဝင်နေခြင်းဖြစ်၍ သည်းခံပေးရန် Rလခဲရ်ကမေတ္တာရပ်ခံသည်။

“ဒီထက်မကအမြန်ဆုံးတော်လှန်ရေး အဆုံးသတ်နိုင်ဖို့ရန်အတွက် ပြည်သူတွေအနေနဲ့လည်း တက်နိုင်တဲ့ဘက်ကနေ တနည်းတလမ်းအားဖြင့်ပါဝင်ပေးကြဖို့စိတ်ဓာတ် မကျဖို့ ဒီတော်လှန်ရေးက ဆက်လက်အောင်မြင်နေတယ်တရက်ပြီးတရက် အနည်းနဲ့အများ တိုက်ပွဲအောင်မြင်မှုက ရှိနေတယ်ဆိုတဲ့ဟာကို သတင်းစကား ပါးလိုပါတယ်” ဟုချင်းညီနောင်အတွင်းရေးမှူးအဖွဲ့ဝင်ကပြောသည်။

ထို​ကြောင့်ပြည်သူများကဆက်လက်သည်းခံပြီး တော်လှန်ရေး၌ တက်နိုင်သည့်ဘက်က ပါဝင်ပေးကြရန်လည်း ၎င်းက မေတ္တာရပ်ခံခဲ့သည်။

ချင်းညီနောင်အနေဖြင့်လည်းတခုတည်းသော တပ်မတော် အဖြစ် ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေပြီး နယ်မြေဒေသကာကွယ်ရေး၊ချင်းပြည်စစ်ကောင်စီကင်းစင်ရေး၊မြန်မာတနိုင်ငံလုံးစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီးဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု အသိပေးသည်။ချင်းညီနောင်နှင့်မဟာမိတ်များသည် ကျင်ဒွေး၊ မတူပီ၊မင်းတပ်၊ကန်ပက်လက်နှင့်ဖလမ်းမြို့များကိုသိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အဖွဲ့အစည်းတွေမှာ ခေါင်းဆောင်ဟာအရေးကြီးပြီး ဦးဆောင်သူအချို့ မှားတာနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း တခုလုံးရော အခြားခေါင်းဆောင်များရောနဲ့ ဦးဆောင်သူတွေကို ယုံကြည်လို့ နောက်လိုက်သူတွေ နစ်နာမှု ဖြစ်ရကြောင်း ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က ဖက်ဒရယ်ယူနစ် လွှတ်တော်အစိုးရတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံမှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဇူလိုင် ၁၇ရက်ကနေ ၂၃ရက် ၈ရက်တာအတွင်း အဖွဲ့အစည်း ၁၁ ဖွဲ့ထက်မနည်းကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့သာဖြေရှင်းဖို့ စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂ အင်အားစုတွေက ဒီကနေ့ ဇွန် ၂၇ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။