Connect with us

Hi, what are you looking for?

သတင်း

ဇွန် ၁၉ ပန်းသပိတ်မှာ ပူပေါင်းပါဝင်ကြဖို့ စစ်ကိုင်းတိုင်းက ပြည်သူတွေဆန္ဒထုတ်​ဖော်

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၁၇)မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ဇွန် ၁၉ ပန်းသပိတ်မှာ ပူပေါင်းပါဝင်ကြဖို့လှုံ့ဆော်တဲ့ ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဇွန်-၁၇၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၁၇)မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ဇွန် ၁၉ ပန်းသပိတ်မှာ ပူပေါင်းပါဝင်ကြဖို့လှုံ့ဆော်တဲ့ ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဆားလင်းကြီးမြို့နယ်၊လက်ပံတောင်းတောင်ဒေသမှာ သပိတ်အင်အားစုက ဦးဆောင်ပြီး”ဒေါ်အောင်ဆန်းစုကြည်နဲ့တကွတပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ”စာသားကိုကိုင်ဆောင်ကာ ဇွန် ၁၉ ပန်းသပိတ်မှာ ပူပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်းသပိတ်အင်အားစုတွေစုပေါင်းကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်(၈၀)ပြည့်မွေးနေ့အကြို အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒပြပြည်သူတွေက နှင်းဆီပန်း၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံနဲ့အတူ “Freedom From Fear” စာသားကိုင်ဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးဆုတောင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်(၈၀)ပြည့်မွေးနေ့အထိမ်းအမှတ် အကြိုအဖြစ် ပန်းသပိတ်နဲ့အတူ အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ပါတယ်။

ဆန္ဒပြည်သူတွေက နှင်းဆီပန်းအနီတွေနဲ့အတူ “Happy Birthday အမေစု” ၊ “ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ”၊ “ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ” စတဲ့ စာသားတွေကိုကိုင်ဆောင်ပြီးဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒါ့အပြင်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့နဲ့ ဇွန် ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းသပိတ်လှုပ်ရှားမှု လုပ်ဆောင်ကြဖို့လည်း တိုကတွန်းလှုံ့ဆော်ခဲ့ပါတယ်။

ဓာတ်ပုံ – ကလေးမြို့နယ်လူထုသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။