Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်စစ်တပ် ဝင်ပါရင် ပြင်လို့မရတဲ့ အကျိုးဆက်တွေ ကြုံရလိမ့်မယ်လို့ အီရန် ခေါင်းဆောင် သတိပေး၊ ပါချင်ပါမယ်၊ မပါချင် မပါဘူးလို့ ထရမ့်ပြော

လက်ရှိ အစ္စရေး-အီရန် ပဋိပက္ခမှာ အမေရိကန် စစ်တပ်က ဝင်ပါလာမယ်ဆိုရင် ပြင်ဆင်လို့ မရနိုင်တဲ့ အကျိုးဆက်တွေ ကြုံရလိမ့်မယ်လို့ အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီက သတိပေး ပြောကြားခဲ့ပါတယ်။

Shutterstock

လက်ရှိ အစ္စရေး-အီရန် ပဋိပက္ခမှာ အမေရိကန် စစ်တပ်က ဝင်ပါလာမယ်ဆိုရင် ပြင်ဆင်လို့ မရနိုင်တဲ့ အကျိုးဆက်တွေ ကြုံရလိမ့်မယ်လို့ အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီက သတိပေး ပြောကြားခဲ့ပါတယ်။

မဟာမိတ် အစ္စရေး နိုင်ငံက အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကို အမေရိကန်က စစ်ရေးအရ ကိုယ်ထိလက်ရောက် ပါဝင်ကူညီစေဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာချိန်မှာ ခါမေနီက ထရမ့်ကို ရည်ရွယ်ပြီး အခုလို ခြိမ်းခြောက်ခဲ့တာပါ။

ခါမေနီ ကိုယ်တိုင်က ပြောဆိုတာ မဟုတ်ဘဲ သူ့ရဲ့ ကြေညာချက်ကို အီရန် အစိုးရ သတင်းဌာနရဲ့ သတင်းတင်ဆက်သူ တစ်ဦးက ဖတ်ကြားသွားရာမှာ အမေရိကန် စစ်တပ်ရဲ့ ဘယ်လိုပုံစံနဲ့ ပါဝင်စွက်ဖက်မှုမျိုးကမဆို ပြန်ပြင်လို့ မရတဲ့ ထိခိုက်မှု အကျိုးဆက်တွေ ကြုံလာစေမှာ ဖြစ်တယ်လို့ ပါရှိခဲ့ပါတယ်။

အစောပိုင်းတုန်းက အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထိပ်တန်း အရာရှိ တစ်ဦးအပါအဝင် ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ် တချို့က ထရမ့်ဟာ အီရန် နျူကလီးယား အဆောက်အအုံတွေကို အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ ပါဝင်အကူအညီပေးဖို့ အလေးအနက် စဉ်းစားနေကြောင်း CBS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့ အမေရိကန်ကသာ ကိုယ်ထိလက်ရောက် ဝင်ပါမယ်ဆိုရင် ဖြစ်နိုင်ခြေ အရှိဆုံး ပစ်မှတ် နေရာတစ်ခုဟာ ဖော်ဒို ယူရေနီယမ် သန့်စင်စက်ရုံ ဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီ စက်ရုံဟာ အီရန်ရဲ့ နျူကလီးယား စီမံကိန်းမှာ အရေးအပါဆုံး အစိတ်အပိုင်း တစ်ခုအဖြစ် လည်ပတ်နေပါတယ်။ ဖော်ဒိုဟာ တောင်တစ်လုံးရဲ့ အောက်ဖက် ပေ ၃၀၀ လောက်အနက်မှာ မြေအောက်ဘန်ကာတွေနဲ့ အခိုင်အမာ တည်ဆောက်ထားတဲ့ နေရာဖြစ်ပြီး အီရန်ရဲ့ အစွမ်းအထက်ဆုံး လေကြောင်း ကာကွယ်ရေး စနစ်တွေ ဖြန့်ကျက်ထားပါတယ်။ ကွမ်ပြည်နယ်ထဲမှာ တည်ရှိတဲ့ အဲဒီ နေရာမှာ အီရန်ရဲ့ နျူကလီးယား လက်နက်တွေကို စမ်းသပ်တီထွင်နေတယ်လို့ ယုံကြည်ရပါတယ်။

ထရမ့်ဟာ ဇွန်လ ၁၇ ရက် မနက်ပိုင်းတုန်းက အဲဒီကိစ္စအတွက်လို့ ယုံကြည်ရတဲ့ ဆွေးနွေးမှု တစ်ခုကို သူ့ရဲ့ လုံခြုံရေး အရာရှိတွေနဲ့အတူ အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့ပါတယ်။ တက်ရောက်သူတွေထဲမှာ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန့်စ်၊ နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရို၊ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်၊ အမျိုးသား ထောက်လှမ်းရေးဌာန အကြီးအကဲ တူလ်စီ ဂက်ဘက်ဒ်၊ CIA ထောက်လှမ်းရေး ဌာန အကြီးအကဲ ဂျွန်ရက်ကလစ်ဖ်နဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်တို ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၁၈ ရက်က အိမ်ဖြူတော်ရဲ့ မြက်ခင်းပြင်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အချိန် အီရန်မှာ အမေရိကန်က စစ်ရေးအရ ပါဝင်စွက်ဖက်မလားဆိုတဲ့ မေးခွန်းကိုတော့ ထရမ့်က တိတိကျကျ ဖြေဆိုဖို့ ငြင်းဆန်သွားခဲ့ပါတယ်။ ဒီအကြောင်းကို သူမပြောနိုင်ကြောင်း၊ သူ့အနေနဲ့ ဝင်ပါတာမျိုး ရှိနိုင်သလို ဝင်မပါတာလည်း ဖြစ်နိုင်ကြောင်း၊ သူဘာဖြစ်ချင်သလဲ ဆိုတာကို ဘယ်သူမှ မသိကြောင်း၊ ဒါပေမဲ့ သူပြောနိုင်တာ တစ်ခုက အီရန်ဟာ လောလောဆယ် အရမ်း ဒုက္ခရောက်နေပြီး စေ့စပ်ဆွေးနွေးချင်နေပြီဖြစ်ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

သူဟာ အစောပိုင်းတုန်းကလည်း အီရန်အနေနဲ့ ခြွင်းချက်မရှိ အရှုံးပေးသင့်နေပြီလို့ မှတ်ချက်ပေးခဲ့သလို ခါမေနီ ပုန်းအောင်းနေတဲ့ နေရာကို သိထားကြောင်း၊ ဒါပေမဲ့ လောလောဆယ်တော့ ခါမေနီကို ရှင်းလင်းဦးမှာ မဟုတ်ကြောင်း လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါသေးတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။