Connect with us

Hi, what are you looking for?

News

KIA က မူဆယ်ရှိ စစ်​ကောင်စီတပ်​စခန်း​တွေကို တိုက်ခိုက်

ကချင်လွတ်​မြောက်​ရေးတပ်မ​တော်(KIA) ကမူဆယ် ၁၀၅ မိုင် ကုန်သွယ်​ရေးဇုန်က ကားဝန်းမှာတပ်စွဲထား​တဲ့ အာဏာသိမ်းစစ်​ကောင်စီတပ်ဖွဲ့ ဝင်​တွေကို ဒီ​နေ့မနက် ၄ နာရီ ၁၅ မိနစ်မှာတိုက်ခိုက်ခဲ့တယ်လို့ KIA က အရာရှိတစ်ဦးက​ပြောပါတယ်။

KIA တပ်မဟာ ၄ ၊ အမှတ် ၃၉ တပ်ရင်းနဲ့ အမှတ် ၈ တပ်ရင်းတပ်ဖွဲ့​တွေက မူဆယ်မြို့ မန်ဝင်း ၊ ကွတ်ခိုင် ၊ ကာဝန်း နေရာ​တွေမှာ တပ်စွဲထားတဲ့ စစ်​ကောင်စီတပ်စခန်း​တွေကို ဝင်‌ရောက်တိုက်ခိုက်ခဲ့တာလို့ ၎င်းက​ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ ​မြောက်ပိုင်း မဟာမိတ်ပူး​ပေါင်းအဖွဲ့​တွေပါ ပါတယ်လို့ ​ဒေသခံ​တွေက ဆိုပါတယ်။စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေက အတိုက်ခံရပြီးတဲ့​နောက် လက်နက်ကြီး​တွေနဲ့ ပြည်သူလူထုရှိရာ ​နေရာ​တွေပါမ​ရှောင်ပစ်ခန်​နေတယ်လို့ KIA ကအရာရှိက ဆိုပါတယ် ။

KIA က အာဏာသိမ်းစစ်​ကောင်စီတပ်​တွေကို ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် နဲ့စစ်ကိုင်းတိုင်းတို့မှာပါ တိုက်ခိုက်လျှက်ရှိပါတယ်။ ​မေ ၂၂ ရက် မနက်အ​စောကလည်း စစ်ကိုင်းတိုင်းရှိ ခန္တီးရတနာနယ်​မြေ ၊ နန်စီပွန် မှာရှိတဲ့ စစ်​ကောင်စီတပ်စခန်းနဲ့ ဦးပိုင် ကုမ္ပဏီရုံး​တွေကို တိုက်ခိုက်ခဲ့ပါတယ်။

အဲ့လို တိုက်ခိုက် ပြီးစစ်​ရေးဗျူဟာအရ စစ်​ကောင်စီတပ်စခန်းကို မရယူ​ဘဲမီးရှိုဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် စစ်​ကောင်စီတပ်ဖွဲ့မှ ဒုရဲအုပ် ၊ ဒုရဲအုပ် အမျိုးသမီး အပါအဝင် ၉ ဦးကိုဖမ်းဆီးခဲ့ပါတယ်။ ​

Public Service Announcement

Public Service Announcement

မေ ၂၂ ရက် ည၉ နာရီမှာလည်း KIA တပ်မဟာ ၄ ၊ တပ်ရင်း ၃၉ မှ တပ်ဖွဲ့​တွေက ကွတ်ခိုင်မြို့နယ် ၊ ကာလိုင်​ကျေးရွာမှာ တပ်စွဲထားတဲ့စစ်​ကောင်စီတပ်​တွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ စစ်ဆကာင်စီတပ်ဖွဲ့ဝင်​တွေ ​သေဆုံး၊ ဒဏ်ရာရရှိမှုများခဲ့တယ်လို့ KIA ကအရာရှိတစ်ဦးက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။