KIA တပ်မဟာ ၄ ၊ အမှတ် ၃၉ တပ်ရင်းနဲ့ အမှတ် ၈ တပ်ရင်းတပ်ဖွဲ့တွေက မူဆယ်မြို့ မန်ဝင်း ၊ ကွတ်ခိုင် ၊ ကာဝန်း နေရာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ၎င်းကပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ မြောက်ပိုင်း မဟာမိတ်ပူးပေါင်းအဖွဲ့တွေပါ ပါတယ်လို့ ဒေသခံတွေက ဆိုပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အတိုက်ခံရပြီးတဲ့နောက် လက်နက်ကြီးတွေနဲ့ ပြည်သူလူထုရှိရာ နေရာတွေပါမရှောင်ပစ်ခန်နေတယ်လို့ KIA ကအရာရှိက ဆိုပါတယ် ။
KIA က အာဏာသိမ်းစစ်ကောင်စီတပ်တွေကို ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် နဲ့စစ်ကိုင်းတိုင်းတို့မှာပါ တိုက်ခိုက်လျှက်ရှိပါတယ်။ မေ ၂၂ ရက် မနက်အစောကလည်း စစ်ကိုင်းတိုင်းရှိ ခန္တီးရတနာနယ်မြေ ၊ နန်စီပွန် မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ ဦးပိုင် ကုမ္ပဏီရုံးတွေကို တိုက်ခိုက်ခဲ့ပါတယ်။
အဲ့လို တိုက်ခိုက် ပြီးစစ်ရေးဗျူဟာအရ စစ်ကောင်စီတပ်စခန်းကို မရယူဘဲမီးရှိုဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့မှ ဒုရဲအုပ် ၊ ဒုရဲအုပ် အမျိုးသမီး အပါအဝင် ၉ ဦးကိုဖမ်းဆီးခဲ့ပါတယ်။
မေ ၂၂ ရက် ည၉ နာရီမှာလည်း KIA တပ်မဟာ ၄ ၊ တပ်ရင်း ၃၉ မှ တပ်ဖွဲ့တွေက ကွတ်ခိုင်မြို့နယ် ၊ ကာလိုင်ကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ စစ်ဆကာင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး၊ ဒဏ်ရာရရှိမှုများခဲ့တယ်လို့ KIA ကအရာရှိတစ်ဦးကပြောပါတယ်။