Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ပြီး မြန်မာပြည်ကို အမြန်ဆုံး ဦးဆောင်နိုင်ပါစေဟု TNLA ခေါင်းဆောင် ဆုတောင်း

မြန်မာပြည်သူအားလုံး လွတ်မြောက်ချိန်တန်ပြီ၊ တော်လှန်ရေး အလုပ်များဗျူဟာမြောက်လုပ်ရန် တိုက်တွန်း

ဇွန်-၁၉၊၂၀၂၅။ထားမြတ်/People’s Spring

ဒေါ်အောင်ဆန်းစုကြည်အမြန်ဆုံးလွတ်မြောက်ပါစေဟု တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA) အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်ကယနေ့ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့် မွေးနေ့တွင် ဆုတောင်းပေးခဲ့သည်။

“Happy Birthday ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ပါစေ။ မြန်မာပြည်ကို အမြန်ဆုံးဦးဆောင်နိုင်ပါစေ” ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားသည်။

ဗိုလ်ချုပ်တားဘုန်းကျော်သည် ပြီးခဲ့သည့် ၅ရက်ခန့်ကလည်းဒေါ်အောင်ဆန်းစုကြည်အမြန်ဆုံးလွတ်မြောက် နိုင်ပါစေဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့ပြီး ယခု ထပ်မံ၍ မွေးနေ့ဆုတောင်းပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“မြန်မာပြည်သူအားလုံးလွတ်မြောက်ချိန်တန်ပါပြီ။ တော်လှန်ရေးကြီးအလုပ်တွေဗျူဟာမြောက်လုပ်ကြပါစို့”ဟုလည်းဗိုလ်ချုပ်တားဘုန်းကျော်က ရေးသားခဲ့သည်။

TNLAသည်၂၀၂၃အောက်တိုဘာကစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင်မဟာမိတ်များနှင့်ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့ရာ တပ်စခန်းရာချီ သိမ်းပိုက်ကာ မြို့ ၁၂မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။

ထိုအပြင်တအာင်းနိုင်ငံရေးပါတီ၊တအာင်းအရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) တွင် TNLA လည်းပါဝင်ကာအမျိုးသားညီညွတ်ရေးအစိုးရ၊အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတို့နှင့်အတူတော်လှန်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင်တရုတ်အစိုးရ၏ဖိအားပေးမှုကြုံနေရပြီးတရုတ်အစိုးရ၏ဦးဆောင်စီစဉ်မှုဖြင့်စစ်ကောင်စီ နှင့်အပစ်ရပ်စဲရေးဆွေးနွေးမှုလုပ်ဆောင်ခဲ့သော်လည်း သိမ်းပိုက်ထားသည့် မြို့ရွာများကို ပြန်ပေးရန်မရှိဘဲစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆက်လက်တိုက်ပွဲဝင်ရမည်ဟုသာ အဖွဲ့၏ သဘောထားကို ထုတ်ပြန်ရှင်းလင်းထားသည်။

ယခုဇွန်လဆန်းတွင် TPCCကို တအာင်းပြည်ကောင်စီ TLC အဖြစ်ပြောင်းလဲဖွဲ့စည်းပြီး သိမ်းပိုက်ထားသည့် မြို့ရွာများ၌ တော်လှန်ရေးကာလ ပြည်သူ့အစိုးရ တရပ်ဖွဲ့စည်းမည်ဟုအသိပေးထုတ်ပြန်ထားပြီး မြန်မာပြည် တော်လှန်ရေး အင်အားစုများနှင့်အတူ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတည်ဆောက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ထားသည်။

https://www.facebook.com/LuduNwayOo/videos/721487187271860

(TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က ​ဒေါ်​အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်​မွေး​နေ့အတွက်ဆု​တောင်း​ပေးမှု ။ ဓါတ်ပုံ- Mai Tea Land ​ဖေစ်ဘွခ်)

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အရေးကြီးအချက်အလက်တွေကို ICRC အနေနဲ့ အများပြည်သူ သိရှိနိုင်ဖို့ ပိုမိုပွင့်လင်းမြင်သာစွာ ထပ်မံထုတ်ပြန်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တောင်းဆိုပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံမှုဟာ မျှော်လင့်ချက်တွေကို ယူဆောင်လာကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောကြားလိုက်ပြီး မိခင်နဲ့စကားပြောခွင့်၊ တွေ့ဆုံခွင့်အပြင် မိခင်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးမျှော်လင့်နေကြောင်း အသိပေးပါတယ်။

သတင်း

ငါးနှစ်ကျော်အတွင်း မိခင်နဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ပထမဆုံးတိုးတက်မှုဖြစ်ပြီး မိခင်အပါအဝင်နိုင်ကျဥ်းအားလုံးလွှတ်​ပေးရန် ကင်မ် ဆက်လက်​တောင်းဆို

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။