Connect with us

Hi, what are you looking for?

သတင်း

မကွေး၊ စစ်ကိုင်းနှင့် ဖားကန့်တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် လူထုသပိတ်လှုပ်ရှားမှုများပြုလုပ်

မကွေး၊ စစ်ကိုင်းနှင့် ဖားကန့်မြို့နယ်တွင် သပိတ်အင်အားစု၊ ဒေသခံပြည်သူများ စုပေါင်း၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်နှင့် လူထုသပိတ်လှုပ်ရှားမှုများကို ယနေ့ ပြုလုပ်ခဲ့ကြသည်။

ဇွန်-၁၉၊၂၀၂၅။ သုည/People’s Spring

မကွေး၊ စစ်ကိုင်းနှင့် ဖားကန့်မြို့နယ်တွင် သပိတ်အင်အားစု၊ ဒေသခံပြည်သူများ စုပေါင်း၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်နှင့် လူထုသပိတ်လှုပ်ရှားမှုများကို ယနေ့ ပြုလုပ်ခဲ့ကြသည်။

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် လူထုတိုက်ပွဲကော်မတီနှင့် ပြည်သူများ ပူးပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်နှင့် Blue Shirt ကမ်ပိန်းကို ပြုလုပ်ခဲ့ကြသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် မြောက်ခြမ်းသပိတ်အင်အားစုက ”အမေစုနဲ့တကွတပြည်လုံး လွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ” စာသားကိုင်ဆောင်ဆောင်ပြီး ဒေသခံပြည်သူများနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်၊ ပန်းသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဘုတလင်မြို့နယ်တွင်လည်း သပိတ်အင်အားစုက ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ်လူထုလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့သည်။

ကလေးမြို့နယ်တွင်လည်း ဒေသခံပြည်သူများက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၀)ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်နှင့်အတူ အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ကြွေးကြော်တောင်းဆိုခဲ့သည်။

ကနီမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့တွင်လည်း ဒေသပြည်သူများက “ငါတို့သည်ဒေါ်အောင်ဆန်းစုကြည်များ” စာသားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ်နှင့် လူထုသပိတ် ချီတက် ဆန္ဒပြခဲ့ကြသည်။

ရွှေဘိုမြို့နယ် သပိတ်အင်အားစုကလည်း “Happy birthday အမေစု” ၊ “ဒေါ်အောင်ဆန်းစုကြည်နှင့်တပြည်လုံးလွတ်မြောက်ဖို့ဆက်ရုန်းကြ” စာသားကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်သူများနှင့်အတူ ပန်းသပိတ်ကို ပူးပေါင်းဖော်ဆောင်ခဲ့သည်။

ဖားကန့်မြို့နယ်တွင်လည်း ဖားကန့်၊ ဆိုင်းတောင်၊ တာမခံ သပိတ်အင်အားစုများ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀)နှစ်ပြည့် မွေးနေ့ အခမ်းအနားအား ပြုလုပ်ခဲ့ပါသည်။

မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြရန်လည်း သပိတ်အင်အားစုများက တိုက်တွန်းခဲ့သည်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ပခုက္ကူလူထုသပိတ်၊ ရွှေဘိုသပိတ်၊ ဖားကန့်သပိတ်

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် (၈၁)နာရီကြာ ရေးဆွဲထားတဲ့ ပုံတူပန်းချီ ၂ ကားကို လေလံအစီအစဉ်ပြုလုပ်ပြီး ရရှိလာတဲ့ ငွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က အသိပေးထားပါတယ်။

သတင်း

လူထု‌ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ အမြန်ဆုံး ပြန်ဆုံတွေ့ပါစေလို့ အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က မနေ့က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ မှာ ဆုတောင်းပေးခဲ့ပါတယ်။