Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် မှော်စီစာတိုက်ပွဲ သေဆုံးသည့် ဗိုလ်မှူး ဖြိုးဇော်သက် အပါအဝင် အလောင်း ၃၀ ကျော် တပ်မကုန်းအနီး မြှုပ်နှံ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ​မှော်စီစာရွာအနီးဇွန်လ ၁၆ရက်နှင့် ၁၇ရက် တိုက်ပွဲများ၌ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများခဲ့ပြီး သေဆုံးသူများထဲတွင် တပ်မ(၃၃) မှ စစ်ဦးစီးမှူး (ဒုတိယတန်း)-ဂျီတူး ဗိုလ်မှူးဖြိုးသက်ဇော်လည်း ပါဝင်ခဲ့ဟု စစ်ရေး သတင်းရင်းမြစ်အချို့က ​ပြောသည်။

ဖားကန့်တွင် စစ်​ကြောင်းထိုး​နေ​သော စစ်တပ်နှင့် ပြည်သူ့စစ် ပူး​ပေါင်းစစ်​ကြောင်း။ ဓါတ်ပုံ-The Kachin Net

ဇွန်-၁၉၊၂၀၂၀။ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ​မှော်စီစာရွာအနီးဇွန်လ ၁၆ရက်နှင့် ၁၇ရက် တိုက်ပွဲများ၌ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများခဲ့ပြီး သေဆုံးသူများထဲတွင် တပ်မ(၃၃) မှ စစ်ဦးစီးမှူး (ဒုတိယတန်း)-ဂျီတူး ဗိုလ်မှူးဖြိုးသက်ဇော်လည်း ပါဝင်ခဲ့ဟု စစ်ရေး သတင်းရင်းမြစ်အချို့က ​ပြောသည်။

ဇွန်လ ၁၈ ရက်က တိုက်ပွဲဖြစ်ခဲ့သည့် ဖားကန့်ဒေသ မှော်ဝမ်းကြီး/မှော်ဝမ်းလေး အနီး ဇွန်လ ၁၉ရက် မနက် ၈နာရီခန့်မှစ၍ တိုက်ပွဲ ပြန်ဖြစ်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။ ပြည်သူများလည်း စစ်ရှောင်နေကြရဟု ၎င်းကဆက်ပြောသည်။

ဇွန်လ ၁၆ရက် နှင့် ၁၇ရက် ၂ ရက်တာတိုက်ပွဲ အတွင်း ဖားကန့်တပ်မကုန်း၌ အလောင်း ၃၁ လောင်း အား သဂြိုလ်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တဦးကဇွန်လ၁၉ရက်တွင်အသိပေးသည်။

Public Service Announcement

Public Service Announcement

အခြား သတင်းရင်းမြစ်တဦးက “ ၃၃လောင်း။ ဗိုလ်မှူးပါတယ်။ ဗမ ကို မှော်ဝမ်းနားမှာပဲ မြှုပ်ပစ်ခဲ့ကြတယ်လို့ သိရ။ မှော်ဝမ်းနဲ့ တပ်မကုန်းကနီးတယ်။ ဗမက မှော်စီစာ ဘုရားကုန်းမှာ ကျတာ ဟုတ်တယ်”ဟုပြောသည်။

သေဆုံးခဲ့သည့် ဗိုလ်မှူးသည် ဖားကန့် ၌ ပြည်သူလူထုများထံ မတရားငွေကြေးရယူခြင်းအပြင် ၎င်းကြောင့် သေဆုံးထိခိုက်သူများ၊ နေအိမ်မီးလောင်ပျက်စီးခဲ့သူများစွာရှိခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။

ထို့အပြင်ယနေ့တွင်လည်းမှော်စီစာ ဘုရားကုန်းအနီး စစ်ကောင်စီတပ် ပစ်ခတ်၍ ပြည်သူ ၁ဦးသေဆုံးခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

“မှော်စီစာဘုရားကုန်းရှေ့သွားတဲ့ ရက္ခိုင်တယောက် ပစ်သတ်ခံလိုက်ရတယ်။ စစ်တပ်က ပစ်သတ်တာ။ ဒီမနက် ၁၀နာရီ ဝန်းကျင်က” ဟု ၎င်းက ပြောသည်။

ထိုအပြင် KIA နှင့်ပူးပေါင်းတပ်ကခြောက်လကျော်ကြာ ဆင်နွှဲနေသည့် ဗန်းမော်မြို့သိမ်း တိုက်ပွဲနှင့်ပတ်သက်ပြီး ကချင်သတင်းရင်းမြစ်တဦးအားမေးမြန်းရာ “နေ့တိုင်း နည်းနည်းပါးပါး ဖြစ်တာရှိတယ်” ဟု ဗန်းမော် စစ်ရေး အခြေအနေကို ပြောပြသည်။

KIA အနေဖြင့် ဗန်းမော်တိုက်ပွဲ၌ စစ်ကောင်စီတပ်စခန်းများ တပ်ရင်းဌာနချုပ်များစွာ သိမ်းပိုက်ရရှိထား​သော်လည်း အမှတ် (၂၁) စစ်​ကောင်စီ ကွပ်ကဲမှုဌာနချုပ်(စကခ ၂၁) နှင့် တပ်ရင်းအချို့ကို အပြီးသတ် မသိမ်းပိုက်နိုင်​သေး​ပေ။ စစ်ကောင်စီကလည်း ကချင်ပြည်နယ်၏ ဒုတိယမြို့​တော် မကျရေး လေကြောင်းနှင့် ဒရုန်း ပစ်ကူ များစွာ အသုံးပြု ခုခံ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ရေကြီးနစ်မြုပ်မှု ရက်သတ္တပတ်တစ်ပတ်ကျော်လာပြီဖြစ်ပြီး မိုးဆက်ရွာနေသလို ဥရာချောင်းလည်း ရေလျှံပြီး ရေဘေးအခြေအနေပိုဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။