Connect with us

Hi, what are you looking for?

သတင်း

လူထုခေါင်းဆောင်​အသက် နှစ်လုံးထီထိုးသူအများအပြားထီပေါက်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့မှာ နှစ်လုံးထီ ကစားသူအများအပြား ထီ​ပေါက်ခဲ့ကြပါတယ်။

ရန်ကုန်မြို့ ကမ္ဘာ​အေးဘုရားလမ်း​ပေါ်ရှိ ကမ္ဘာအေးဘုရားနှင့် ဂမုန်းပွင့်ကုန်တိုက် လူကူးဂုံးကျော်တံတားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် "၈၀ချစ်တယ်"ဆိုသော စာတန်းကို ဇွန် ၁၉ နေ့မှာ ရန်ကုန်ပစ်တိုင်းထောင်သပိတ်အဖွဲ့က ချိတ်ဆွဲထားစဥ်။ဓါတ်ပုံ-CJ

“ပိုက်ဆံ တစ်ထောင်လေးရှိတာ။ သုံးစရာမရှိတော့လို့အမေစုအသက်ကိုR(ဂဏန်းကိုအပြန်အလှန်ထိုး)လိုက်တာ ပေါက်တာပဲ။ ဟိုကောင်ကြီး(စစ်ခေါင်းဆောင်မင်းအောင်လှိုင်)သေတဲ့အခါလည်း ရှိတာအကုန်ရောင်းပြီးထိုးဦးမှာ”

— အသက်၆၀အရွယ်အမျိုးသမီတဦး

ဇွန်-၁၉၊ ၂၀၂၅။မေရီ/People’s Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့မှာ နှစ်လုံးထီ ကစားသူအများအပြား ထီ​ပေါက်ခဲ့ကြပါတယ် ။

​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ အသက်၈၀ နှစ်ပြည့်​မွေး​နေ့မှာ နှစ်လုံးထီဟာ ​​မွေး​နေ့ ၈၀ ဂဏန်းရဲ့ပြောင်းပြန် ၀၈ ထွက်ခဲ့တာကြောင့် ထီပေါက်သူအများအပြားရှိခဲ့တာပါ။

ဒီကနေ့မှာကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့မှာ နှစ်လုံးထီကစားတဲ့ ပြည်သူတွေဟာ ၈၀ ဆိုတဲ့ဂဏန်းကိုအပြန်အလှန် ထိုးခဲ့ကြပြီ ၊ဒီမနက်ထွက်တဲ့ ထိုင်းထီက နောက်ဆုံးဂဏန်းဟာ ၀၈ ဖြစ်နေတာကြောင့် နှစ်လုံးထီကစားသူအများအပြား ထီပေါက်ခဲ့ကြကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒိုင်တော့သွားပြီပဲ။ တရပ်ကွက်လုံး အကုန်ပေါက်ကြတာ။”လို့ မန္တလေး ဆင်ခြေဖုံးရပ်ကွက်က ဒေသခံတဦးက ပြောပါတယ်။

လူထုခေါင်းဆောင်ရဲ့မွေးနေ့မှာ တိုက်ဆိုင်စွာ ထွက်ပေါ်လာတဲ့ဂဏန်းကြောင့် ပြည်သူတွေလည်း အံ့အားသင့်ခဲ့ကြတယ်လို့ သိရပါတယ်။

“ပိုက်ဆံ တစ်ထောင်လေးရှိတာ။ သုံးစရာမရှိတော့လို့ အမေစုအသက်ကို R(ဂဏန်းကိုအပြန်အလှန်ထိုး)လိုက်တာ ပေါက်တာပဲ။ ဟိုကောင်ကြီး(အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်)သေတဲ့အခါလည်း ရှိတာအကုန်ရောင်းပြီးထိုးဦးမှာ။”လို့ မန္တလေးမြို့ ဆင်ခြေဖုံးရပ်ကွက်တခုက အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီးတဦးက ပြောပါတယ်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှ အိမ်ရှင်မတစ်ဦးကလည်း “ကျမက 2Dထိုးလေ့မရှိဘူး။ ဒီ‌နေ့တော့ အမေစုမွေးနေ့မို့ ၈၀ နဲ့ ၀၈ကို ‌တစ်ဈေးလုံးထိုးလို့ လိုက်ထိုးတာ ၅၀၀၀ဖိုးပေါက်တယ်။ ၄သိန်းရတယ်”လို့​ပြောပါတယ် ။

ပြည်တွင်းမှာ ထိုင်းထီရဲ့​နောက်ဆုံး ဂဏန်း​တွေကို နှစ်လုံး ၊သုံးလုံး (2D ၊ 3D ) အဖြစ် ချဲထီးထိုးကြတာ​ဈေးကွက်ဟာကြီးမားပါတယ် ။ 2D​ ခေါ် နှစ်လုံးထီဟာ မနက် တစ်ကြိမ် ၊ ည​နေ တစ်ကြိမ်တစ်ရက်ကို ၂ ကြိမ်ထွက်တာဖြစ်ပါတယ် ။ ​

ဒေါ်​အောင်ဆန်းစုကြည်​မွေး​နေ့မတိုင်ခင်ကတည်းက ၈၀ ၊၀၈ ဂဏန်းကို နှစ်လုံးထီ ထိုးသူများခဲ့သလို ဇွန် ၁၉ ရက်မနက်မှာ ၀၈ ထွက်ခဲ့တာ​ကြောင့် တချို့​လောင်းကစားဒိုင်​တွေဟာ ဒီက​နေ့ ည​နေပိုင်းမှာ ၈၀ ၊၀၈ ဂဏန်းကို ဒိုင်​တချို့ကထိုးခွင့်မ​ပေး​တော့ဘူးလို့ ပြည်သုအချို့က ​​ပြောပါတယ် ။

” 2Dကညနေလည်း ထွက်တယ်။ မနက်က ၀၈ ထွက်တော့ ညနေကို ၈၀၊၀၈ကို ဒိုင်က ပိတ်ထားတယ်” လို့ ဧရာဝတီတိုင်း ဇလွန်မြို့မှ နှစ်လုံးထီကော်မရှင်စားရောင်းသူတစ်ဦးကပြောပါတယ်။

ဒီက​နေ့မှာ စစ်ကောင်စီရဲ့မတရားဖမ်းဆီးအကျဥ်းချခံထားရဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို တနိုင်ငံလုံး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျင်းပနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။