Connect with us

Hi, what are you looking for?

သတင်း

နတ်ရေကန်ဗျူဟာအနီး တိုက်ပွဲပြင်းထန်

အမ်း-ပဒါန်းလမ်းပိုင်းအနီးရှိ နတ်ရေကန်ဗျူဟာအနီး၌ ရက်အနည်းငယ် တိုက်ပွဲငြိမ်သက်နေရာမှ ယနေ့(ဇွန်လ ၂၀ရက်) နံနက်ပိုင်းတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

နတ်​​ရေကန် ဗျူဟာကို Google Earthတွင်​တွေ့ရစဥ်

အိမ်သွင်/People’s Spring

အမ်း-ပဒါန်းလမ်းပိုင်းအနီးရှိ နတ်ရေကန်ဗျူဟာအနီး၌ ရက်အနည်းငယ် တိုက်ပွဲငြိမ်သက်နေရာမှ ယနေ့(ဇွန်လ ၂၀ရက်) နံနက်ပိုင်းတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

အာရက္ခတပ်တော်(AA) ဦး​ဆောင်​သော ပူးပေါင်းတပ်များနှင့်စစ်ကောင်စီစစ်တို့သည်နတ်ရေကန်ဗျူဟာနှင့် ၁မိုင်၆ဖာလုံခန့်အကွာ၌ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

“တိုက်ပွဲဖြစ်ပြီး လေယာဉ်ဝဲနေပါတယ်။ တိုက်ပွဲက ပြင်းထန်တဲ့အနေအထားရှိပါတယ်”ဟုမြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ဗုံးကြဲလေယာဉ်တစ်စီးသည် နတ်ရေကန်ဗျူဟာဝန်းကျင်၌ဇွန် ၂၀ ရက် ညနေ ၃နာရီခန့်အထိပျံဝဲနေသည်ကို တွေ့ရသည်။

စစ်ကောင်စီစစ်ကြောင်းအားတိုက်ခိုက်သည့်တိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho ) ပါဝင်ကြောင်းသိရပြီး တိုက်ပွဲဖြစ်စဉ်ကို မကြာမီသတင်းထုတ်ပြန်မည်ဟု CDF – Asho ပြောရေးဆိုခွင့်ရှိသူက People’s Spring အား ပြောသည်။

နတ်ရေကန်ဗျူဟာအနီးဇွန်လ ၁၂ရက်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ယင်းကာလနောက်ပိုင်း တိုက်ပွဲ​ခေတ္တငြိမ်သက်နေရာမှ ယနေ့ ပြန်လည်ဖြစ်ပွားခြင်းဟုဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

အမ်း-ပဒါန်းလမ်းကို ထိန်းချုပ်နိုင်ရေး၊ နတ်ရေကန်ဗျူဟာကို ထိန်းချုပ်ရေး တိုက်ခိုက်နေသည့် စစ်ဆင်ရေးများကိုAAနှင့် ပူးပေါင်းတပ်များ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ခဲ့သည်။

မတ်လအစောပိုင်းတွင် နတ်ရေကန်ဗျူဟာတောင်ကုန်းအောက်မှ အရေးပါသည့် စစ်ကောင်စီ၏ တောင်ကုန်းအချို့ကို AA က သိမ်းပိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲများအတွင်း တပ်မ (၉၉)၏ ယာယီနည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက် အား ​ AAနှင့် ပူးပေါင်းတပ်များက ဖမ်းဆီးရရှိခဲ့သည်။ မေလနှောင်းပိုင်းက တိုက်ပွဲများတွင် နတ်ရေကန်ဗျူဟာအနီးရှိ အဓိက ကာကင်းစခန်းဖြစ်‌သော ဆက်သွယ်ရေးတာဝါတိုင်စခန်းကို AAကထပ်မံသိမ်းယူခဲ့သည်။

နတ်ရေကန်ဗျူဟာနှင့် အမ်း-ပဒါန်းလမ်းတိုက်ပွဲခုခံစစ်၌တာဝန်အရှိဆုံးတပ်မ(၉၉) တပ်မမှူးဗိုလ်မှူးချုပ်တင်မောင်ကျော်ကို စစ်ကောင်စီက ပြီးခဲ့သည့် မေလကုန်တွင် ဖမ်းဆီးပြီး ရာထူးမှဖြုတ်ချကာ စစ်ဆေးနေသည်။ တပ်မ(၉၉)ယာယီတပ်မမှူးအသစ်အဖြစ် စစ်ဗျူဟာအဖွဲ့ (အခြေချ) ဟားခါးမှ အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးဝင်းထွန်းကို အစားထိုး ခန့်အပ်ထားသည်။

တပ်မမှူးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းနတ်ရေကန်ဗျူဟာမှ အမြောက်များနှင့်လက်နက်ကြီးအချို့ကို အမြောက်တပ်(၄၀၉)၊ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၉၀၅)သို့ဇွန်လ ဒုတိယလပတ်အတွင်း စတင်ရွှေ့ပြောင်းနေသည်ကို တွေ့ရကြောင်း ‌AAနှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော