Connect with us

Hi, what are you looking for?

သတင်း

မင်းလှတွင်စစ်တပ်က ရွာကိုမီးရှို့ပြီး ဒေသခံပြည်သူ ၁၆ ဦးကို ဖမ်းဆီး

စစ်တပ်ကပစ်သည့်လက်နက်ကြီးထိမှန်၍ သုံးဦးထိခိုက်ဒဏ်ရာရ

မင်းလှမြို့နယ်ရှိဂန့်ဂေါ်ပင်၊ ဗိုလ်တထောင် နှင့် တိုကျွဲလေးစုကျေးရွာများကိုစစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ-​ပေးပို့

ဇွန်-၂၅၊၂၀၂၅။ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ငလှစမ်းကျေးရွာကို နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ကဒေသခံပြည်သူ ၁၆ ဦးကို ဖမ်းဆီးထားကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များနှင့်ဒေသခံပြည်သူများကလူထုနွေဦးသို့ပြောသည်။

ငလှစမ်းကျေးရွာသည် ရန်ကုန်-ပြည်လမ်းအရှေ့ဘက်ခြမ်းခွက်မကျေးရွာအုပ်စုတွင်ပါဝင်ပြီးစစ်သားများက ဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့များတွင်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဟုအထက်ပါသတင်းရင်းမြစ်များကပြောသည်။

“ဇွန်၂၄ ရက် နံနက် ၁၀ နာရီမှာ ၂၃ ရက်နေ့က မီးရှို့တာမလောင်ဘဲ ကျန်နေတဲ့နေအိမ်တွေကိုစခတွေ ထပ်မီးရှို့ပါတယ်။ ဖမ်းဆီးခံရတဲ့ပြည်သူက စုစုပေါင်း ၁၄ ဦးရှိပြီ”ဟု မင်းလှမြို့နယ်မှ ဒေသခံပြည်သူတစ်ဦးက လူထုနွေဦးသို့ ပြော သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ဖမ်းဆီး၍ ငလှစမ်းရွာဘုန်း ကြီးကျောင်း၌ ထိန်းသိမ်းခံရသူများတွင် ဦးမြအေး၊ ကိုစိန်မြင့်ထွန်း၊ မခိုင်မိုး၊ ကိုဇော်ဝင်း၊ ဒေါ်ခင်ခင် အပါအဝင် စုစုပေါင်း ၁၄ ဦးဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ငလှစမ်းရွာမှ ကိုရဲမောင်နှင့်ညီမဖြစ်သူတို့ ထောက်ကြန့်အုပ်စု၊ ဘန့်​ဘွေးပင်ရွာဘက်သို့ တိမ်းရှောင်လာစဥ် စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုနှင့်တိုးကာရိုက်နှက်ဖမ်းဆီးခံထားရကြောင်း စုံစမ်းသိရသည်။

အလားတူဇွန်လ ၂၂ ရက် နှင့် ၂၃ ရက်နေ့များတွင် မင်းလှမြို့နယ်အတွင်းရှိကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာထွက်ဖြင့်မီးရှို့ဖျက်ဆီးနေသောစစ်တပ်ကပစ်ခတ်သည့် လက် နက်ကြီးဆများထိမှန်ကာ စမ်းဘုတ်ရွာမှ ကိုရေခဲဆိုသူ ပြင်းထန်ဒဏ်ရာရခဲ့သည့်အပြင် ဖားလေးကွင်း(မြောက်စု)ရွာမှ ဦးအောအာကြီး နှင့် သားဖြစ်သူ ကိုဖီဖိုးမင်းတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သေးသည်။

အဆိုပါစစ်ကြောင်းများသည်ဇွန်လ ၂၅ ရက်နံနက် ၇ နာရီ ၂၀ ခန့်တွင် ခွက်မကျေးရွာအုပ်စု၊ ခွက်မရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေပြီး ထိခိုက်ပျက်စီးမှုအခြေအနေအပြည့်အစုံကို မသိရသေးပေ။

မင်းလှမြို့အတွင်းရှိ ကျေးရွာများသို့ စစ်တပ်က စစ်ကြောင်းများခွဲကာကျေးရွာများသို့ စစ်ကြောင်းထိုး အကြမ်းဖက်လျှက်ရှိရာ ဇွန်လ ၂၀ ရက်နေ့မှ ဇွန်လ ၂၅ ရက်နံနက် ၇ နာရီကျော်အထိတောင်ပြတ်ရွာမ၊ ဦးတိုကျွဲလမ်းစုရွာ၊ သရော်ကုန်ရွာ၊ ဗိုလ်တထောင်ရွာ၊ ဂန့်ဂေါ်ပင်ရွာမ၊ စု ဆားချောင်းရွာ၊ ဆင်အိုင်ချောင်း​ပေါက်ရွာ၊ ငလှစမ်းရွာနှင့် ခွက်မရွာအပါအဝင် ကျေးရွာ ၉ ရွာ မီးရှို့ဖျက်ဆီးခံထားရသည်။

ထို့အပြင်း မီးရှို့ဖျက်ဆီးခံရသောရွာများအပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၀,၀၀၀ ဝန်းကျင် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပြီး ၎င်းစစ်ရှောင်ပြည်သူများအတွက် အမိုးအကာနှင့် အစားအသောက်များ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း ၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက စစ်တပ်စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းဘူးနဲ့ အထက်မင်းလှမြို့နယ်ထဲက စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာ စစ်တပ်ထုတ်ကုန်တွေ ရောင်းချနေတဲ့ ပြည်သူတွေကို ထပ်မံရောင်းချသုံးစွဲတာတွေမလုပ်ဖို့ လိုက်လံစည်းရုံးခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် - USBA က ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းများထုတ်ပြန်ကြေညာလျှက်ရှိရာ ဆင်တဲကုန်းအုပ်စုအ တွက်လာကပ်ထားတဲ့ မဲစာရင်းတွေကို မီးရှို့ရှင်းလင်းလိုက်တယ်လို့ သာယာဝတီခရိုင် တပ် ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။