Connect with us

Hi, what are you looking for?

သတင်း

အမှတ်(၁)စွပ်ကျယ်စက်ရုံ တာဝန်ကျ စစ်ကောင်စီရဲနှစ်ဦးကို တောင်သာပကဖ ဖမ်းမိ

အရက်ဝယ်ရန် ထွက်လာသည့် စစ်ကောင်စီ ရဲနှစ်ဦးကို ဖမ်းမိခဲ့ကြောင်း တောင်သာ ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာဝန်ရှိသူ လူထုနွေဦးသို့ ပြောသည်။

ဖမ်းမိခဲ့သည့် စစ်ကောင်စီ ရဲနှစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - တောင်သာ ပကဖ

ဇူလိုင်-၄၊ ၂၀၂၅။ ရဲခေါင်/People’s Spring

အရက်ဝယ်ရန် ထွက်လာသည့် စစ်ကောင်စီ ရဲနှစ်ဦးကို ဖမ်းမိခဲ့ကြောင်း တောင်သာ ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာဝန်ရှိသူ လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဇူလိုင် ၃ ရက်)ညနေပိုင်းတွင် ဖမ်းမိခဲ့သူသည် ရန်ကုန်မြို့ မှော်ဘီရဲတပ်ရင်း(၅)မှ ရဲတပ်သားအောင်သီဟ(ကိုယ်ပိုင်နံပါတ် လ-၃၀၆၉၁၇)နှင့် ဒုတပ်ကြပ်ဟန်ဝေအောင်(ကိုယ်ပိုင်အမှတ် လ-၂၆၄၅၈၈)တို့ဖြစ်သည်။

၎င်းတို့သည် တောင်သာမြို့ရှိ အမှတ်(၁)စွပ်ကျယ်စက်ရုံ၌ တာဝန်ထမ်းဆောင်ကာ လုံခြုံရေးတာဝန်ကျနေခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

၎င်းတို့နှစ်ဦး မြို့ပြင်သို့ ကျွံထွက်လာစဥ် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကာ ဆိုင်ကယ်တစ်စီး၊ ဖုန်းနှစ်လုံးနှင့် လက်ပစ်ဗုံးတစ်လုံးကို သိမ်းဆည်းရရှိကြောင်း အသိပေးသည်။

“သူတို့ဆီက မေးမြန်းစစ်ဆေးချက်တွေတော့ ထပ်လုပ်နေတုန်းပဲ”ဟု တောင်သာ ပကဖ တာဝန်ရှိသူက ဖမ်းမိခဲ့သည့်ရဲနှစ်ဦးနှင့်ပတ်သက်၍ပြောသည်။

ပြီးခဲ့သည့် ဇွန်လကလည်း စစ်ကောင်စီ တပ်သားနှစ်ဦးကို တောင်သာ ပကဖ က ဖမ်းဆီးရရှိထားသည်။

ထို့အတူ ညောင်ဦးမြို့နယ်မှ တောင်သာမြို့နယ်ဘက်သို့ စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီတပ်ကိုလည်း တောင်သာ ပကဖ က တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။