Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမှာတိုက်ပွဲ​တွေဆက်လက်ပြင်းထန်၊ မြို့မကျ​​​အောင်အပြင်းအထန်ခုခံ​နေတယ်လို့ DPLA ​ပြော

နောင်ချိုမြို့အနီးမှာနေရာစုံတိုက်ပွဲတွေပြင်းထန်နေပြီးအပြင်းအထန်ခုခံကာကွယ်နေတယ်လို့ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

​ရှေ့တန်းတစ်​နေရာမှ TNLA တပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-TNLA

ဇူလိုင်-၅၊ ၂၀၂၅။ People’s Spring

နောင်ချိုမြို့အနီးမှာနေရာစုံတိုက်ပွဲတွေပြင်းထန်နေပြီးအပြင်းအထန်ခုခံကာကွယ်နေတယ်လို့ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

“တိုက်ပွဲကတော့ နေရာစုံ စစ်မျက်နှာပြင်အားလုံး ပြင်းနေတယ်။ မဟာမိတ် TNLAရော၊ ကျနော်တို့ DPLA ရော နောင်ချိုပြန်မပေးရအောင် အပြင်းထန်ခုခံနေတယ်”လို့ DPLAဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

တရုတ်အစိုးရက ဒီရက်ပိုင်းမှာ စစ်ကောင်စီ နဲ့ TNLA ကို တရုတ်​နိုင်ငံကို ခေါ်ယူတွေ့ဆုံပြီး ထိုးစစ်​တွေရပ်ဖို့ ​ပြောကြားခဲ့တယ်လို့TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဇူလိုင် ၅ ရက်​နေ့မှာသတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။တရုတ်အစိုးရရဲ့ ကြားဝင်မှုဟာ ခရီးရောက်ပါပြီး တစ်ဖက်နဲ့တစ်ဖက် အပစ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့TNLA ​ပြော​ရေးဆိုခွင့်ရှိသူက​ပြောခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ​ပေမယ့်​မြေပြင်မှာ​တော့ ဇူလိုင် ၅ ရက်မှာ ​နေရာစုံမှာ တိုက်ပွဲ​တွေပြင်းထန်​နေတာဖြစ်ပါတယ်။

ဒီကနေ့(ဇူလိုင် ၅ရက်) နံနက် မိုးလင်းကတည်းက နောင်ချိုမြို့အနီးမှာ နေရာစုံတိုက်ပွဲပြင်းထန်နေတယ်လို့လည်း ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

“ဂျက်၊ Y12 ကတော့ နေ့တိုင်းလာပစ်တယ်”လို့ ၎င်းက ဆက်ပြောပါတယ်။

ပြင်ဦးလွင်မြို့ကနေ ပြည်ထောင်စုလမ်းမအတိုင်းတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နောင်ချိုမြို့အနီးကကျောက်ကြမ်းရွာအထိ​​ရောက်​နေပြီလို့ဇူလိုင် ၄ ရက်ကတည်းက ​ပြော​နေကြ​ပေမယ့် မရောက်သေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။

“ကျောက်ကြမ်းမရောက်သေးပါဘူး။ တိုးတယ်ဆိုယုံလေးပါ”လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတိုက်ပွဲတွေအတွင်း DPLAက တပ်ရင်းမှူးတစ်ဦးအပါအဝင် ကျဆုံးမှုအချို့ရှိခဲ့တယ်လို့လည်း ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

“စကစက အများကြီးကျပါတယ်”လို့လည်း DPLA ဥက္ကဌက​ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်နဲ့အလင်းဝင်လာသူတွေအပြင် လက်နက်မပါဘဲ အလင်းဝင်လာသူတွေလည်း ရှိပြီး သတင်းထုတ်ပြန်သွားမယ်လို့လည်း DPLAဥက္ကဌက ပြောပါတယ်။

နောင်ချိုမြို့ကို လက်မလွှတ်ရရေးဆက်လက်ခုခံကာကွယ်သွားမယ်လို့တအာင်းတပ်မတော်(TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဒီကနေ့ ဇူလိုင် ၅ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဆုံးရှုံးထားတဲ့ နောင်ချိုမြို့ကိုပြန်သိမ်းပိုက်နိုင်ဖို့ စစ်ကြောင်းသုံးကြောင်းနဲ့အပြင်းအထန် ထိုးစစ်ဆင်​​နေတာ​ကြောင့် တိုက်ပွဲ​တွေ ​နေ့စဥ်ပြင်းထန်​နေပါတယ်။

ဇူလိုင် ၄ရက်u TNLAရဲ့ ထုတ်ပြန်ချက်မှာတော့ နောင်ချိုမြို့နယ်က နောင်လင်၊ ကျောက်တော်၊ အုမ္မခါး၊ လုံစံနဲ့ လုံရဲကျေးရွာကြား၊ အုမ္မသီးနဲ့ ဆမ္မဆယ်ကျေးရွာကြားတွေမှာ ဇူလိုင် ၂ရက်က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီတိုက်ပွဲတွေ အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၆)လုံး၊ လက်နက်ကြီး (၁၁၂)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၂၀)လုံး လာရောက်ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

နောင်လင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၂)လုံး၊ လက်နက်ကြီး (၈၅)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၁၃)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ထပ်မံဖော်ပြထားပါတယ်။

ဒါ့အပြင် ကျောက်တောနဲ့ နောင်ရဲကျေးရွာကြားကိုလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၇)လုံး၊ ဆမ္မဆယ်ကျေးရွာကို လက်နက်ကြီး(၁၅)လုံး၊ နောင်ရဲနဲ့ လုံစံကျေးရွာကြားကိုလည်း လက်နက်ကြီး (၁၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ငုက္ခလေးကျေးရွာဘက်ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော