Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲကို မပူးပေါင်းဖို့ မ​ကွေးမှာအုပ်ကြီးတွေကို သတိပေး

မကွေးမှာ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အုပ်ကြီးတွေ မပူးပေါင်းကြဖို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတိပေးလိုက်ပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင်​တွေနဲ့ စစ်​ကောင်စီ​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ဝင်​တွေ။ ဓါတ်ပုံ-စစ်​ကောင်စီ

ဇူလိုင်-၇၊ ၂၀၂၅။ဇေအောင်/ People’s Spring

မကွေးမှာ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အုပ်ကြီးတွေ မပူးပေါင်းကြဖို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတိပေးလိုက်ပါတယ်။

မကွေးခရိုင်အတွင်းရှိ အုပ်ချုပ်ရေးမှူးတွေအပါအဝင် စစ်ကောင်စီထောက်တိုင်များအနေနဲ့ ၂၀၂၅ ဒီဇင်ဘာမှာစစ်ကောင်စီကလုပ်မယ့်ရွေးကောက်ပွဲကို မပူးပေါင်းကြဖို့ အထူးသတိပေးကြောင်း ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေက ဇူလိုင်လဆန်းမှာ သတိပေးကြေညာပါတယ်။

ပူးပေါင်းလုပ်ဆောင်ခဲ့ရင် အချိန်အခါမရွေး ပစ်ခတ်ရှင်းလင်းမယ်လို့ ထပ်မံသတိပေးပါတယ်။

Public Service Announcement

Public Service Announcement

“မကွေးမှာ အုပ်ကြီးတွေက ရွေးကောက်ပွဲလိုအပ်တာတွေ ပြင်ဆင်နေကြပြီ”လို့ Magway Guerill Warefare (မကွေး ပြောက်ကျားတပ်ဖွဲ့) တာဝန်ခံ ကိုကံကြီးမောင်က ပြောပါတယ်။

လက်ရှိမှာလည်း ဇူလိုင် ၃ ရက် နေ့လယ် ၁ နာရီခန့်က မကွေးမြို့နယ်၊ သစ်ရာကောက်တိုက်နယ်၊ ငါးဆောင်ကျေးရွာနေ အုပ်ချုပ်ရေးမှူး ဘိုဝင်းဌေးဆိုသူကို လမ်းပိုင်းတနေရာမှာ နှစ်ချက်ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

၎င်းအုပ်ချုပ်ရေးမှူးဟာ စစ်အုပ်စုနဲ့ပေါင်းပြီး ပြည်သူတွေဆီက စစ်မှုထမ်းကြေး နှစ်သောင်းကောက်ခံခဲ့ကြောင်း၊ ဒါ့အပြင် သူ့ရွာကနေ ပြည်သူ ၃ ဦးကို စစ်မှုထမ်းထည့်ခဲ့တာတွေကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Magway Guerill Warefare (မကွေး ပြောက်ကျားတပ်ဖွဲ့)က ဆိုပါတယ်။

အဲဒီအုပ်ချုပ်ရေးမှူးကို Magway Guerill Warefare (မကွေး ပြောက်ကျားတပ်ဖွဲ့)၊ Dragon King People’s Defence Force၊ နဂါးမင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်တွင်းကြီး)နဲ့ Taung Dwin Gyi Fighter Force တို့ ပူးပေါင်းပြီး ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ပြည်သူလူထုအနေနဲ့လည်း စစ်အုပ်စုနဲ့ဝေးရာမှာနေထိုင်ကြဖို့ ကာကွယ်ရေးအဖွဲ့တွေက ​မေတ္တာရပ်ခံထားပါတယ်။

စစ်ကောင်စီကတော့ ရွေးကောက်ပွဲလုပ်ဖို့ စိုင်းပြင်းနေပြီး PDF တွေလည်း ပူးပေါင်းပေးဆိုပြီး NUG၊ CRPH စတဲ့ ပြည်သူ့ကိုယ်စားပြု အစိုးရအဖွဲ့ကို လျစ်လျူရှုကာ ကမ်းလှမ်းနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။