Connect with us

Hi, what are you looking for?

ဆောင်းပါး

ဝါမဝင်မီ အိမ်ငှားတွေရဲ့သောက

ဇူလိုင် ၉ ရက်နေ့ဝါဆိုလပြည့်နေ့ကစပြီးဝါတွင်းကာလရောက်ရှိပါပြီ။ မြန်မာလူမျိုးတွေဟာ ဝါတွင်းမှာ ငှက်တောင်အသိုက်မ​ပြောင်းကောင်းဘူးဆိုတဲ့ ဆိုရိုးစကားကြောင့် အိမ်အပြောင်းအရွှေ့တွေကို ဝါမဝင်မီအမီလုပ်ကြရပါတယ်။ ဒါပေမယ့် ဝါတွင်းကာလရောက်ဖို့ နှစ်ရက်သာလိုတော့ပေမဲ့ အိမ်အငှားရှာတာ မရသေးလို့ အခက်အခဲ ဖြစ်နေသူတွေ မန္တလေးမြို့မှာအများအပြားရှိနေပါတယ်။

မန္တလေးမြို့က ​မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ZA

Scorpio/People’s Spring

ဇူလိုင် ၉ ရက်နေ့ဝါဆိုလပြည့်နေ့ကစပြီးဝါတွင်းကာလရောက်ရှိပါပြီ။ မြန်မာလူမျိုးတွေဟာ ဝါတွင်းမှာ ငှက်တောင်အသိုက်မ​ပြောင်းကောင်းဘူးဆိုတဲ့ ဆိုရိုးစကားကြောင့် အိမ်အပြောင်းအရွှေ့တွေကို ဝါမဝင်မီအမီလုပ်ကြရပါတယ်။ ဒါပေမယ့် ဝါတွင်းကာလရောက်ဖို့ နှစ်ရက်သာလိုတော့ပေမဲ့ အိမ်အငှားရှာတာ မရသေးလို့ အခက်အခဲ ဖြစ်နေသူတွေ မန္တလေးမြို့မှာအများအပြားရှိနေပါတယ်။

“ဝါမဝင်ခင်တစ်လ လောက်အလိုကတည်း ရှာနေတာ ခုထိမရသေးဘူး”လို့ မန္တလေးမြို့က အသက် ၃၀ ဝန်းကျင်အရွယ် မမျိုး(အမည်လွှဲ)က ပြောပါတယ်။

သူတို့ဘာကြောင့် အိမ်အငှား ရှာလို့ မရကြသေးတာလဲဆိုတာကို လူထုနွေဦးကဆက်သွယ်​မေးမြန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတချို့မှာ တိုက်ပွဲတွေဖြစ်ပွားလာတော့ အနယ်နယ်အရပ်ရပ်ကစစ်ရှောင်ကြသူတွေဟာ မန္တလေးမြို့ဆီ ပြောင်းရွေ့လာကြပါတယ်။ နောက်တော့ ဝယ်လိုအားများလာတာရယ်၊ ငွေတန်ဖိုးကျလာတာတွေကြောင့်အိမ်ငှားဆိုင်ခန်းငှားခစျေးနှုန်းတွေဟာမြင့်တက်လာခဲ့ပါတယ်။နောက်ဆုံးငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်းမှာတော့အိမ်ငှားခတွေ ထပ်မံ မြင့်တက်သွားတယ်လို့မန္တလေးရောက် အိမ်ငှားနေထိုင်သူတွေက ပြောပါတယ်။

“ငလျင်ကြီး လှုပ်ပြီး စျေးတွေထပ်တက်ကုန်တာ။ တချို့အိမ်တွေဆို နှစ်ဆလောက်ဖြစ်သွားတာ”လို့ အိမ်ငှားနေထိုင်သူအမျိုးသမီးတဦးကပြောပါတယ်။

ဒါကြောင့်ကိုယ်လက်လှမ်းမီနိုင်မယ့်အိမ်တွေရှာရင်းရှာရင်း ရှာရခက်နေတာလို့ အိမ်ရှာနေသူတွေက ပြောပြပါတယ်။

“စျေးတွေကထပ်တက်လို့အိမ်ပြောင်းရတော့မယ်။ ခုထိရှာမတွေ့သေးဘူး။ ငှားခတွေက ကြည့်လိုက်တိုင်း ကိုယ်တွေမနိုင်တဲ့စျေးတွေနဲ့ လူ့ဘဝ နေချင်စိတ်တောင်ပျောက်တယ်”လို့ မန္တလေးမြို့ထဲ အိမ်ငှားနေထိုင်သူ အမျိုးသမီးတဦးကရင်ဖွင့်ပါတယ်။

အိမ်ငှားလိုသူတွေအတွက် နောက်ထပ် အခက်အခဲတခုလည်း ရှိပါသေးတယ်။ အိမ်ရှင်တချို့နဲ့ ပွဲစားတချို့ဟာ အိမ်ငှားခကို တစ်နှစ်ချုပ်လောက်မှသာ ငှားချင်ကြတော့တာကြောင့်အခက်အခဲ ကြုံနေရတယ်လို့ အိမ်ငှားနေထိုင်သူတွေက ပြောပါတယ်။

“တစ်နှစ်ချုပ်တွေများနေတာ။ဒီနှစ်ထဲ အများဆုံးပဲ။ ဘယ်နားမေးမေးတစ်နှစ်ချုပ်မှဟိုမေးလဲနှစ်ချုပ် ဒီမေးလဲနှစ်ချုပ်”လို့ မန္တလေးမြို့က အသက် ၃၀ ဝန်းကျင်အရွယ် မမျိုး(အမည်လွှဲ)က ပြောပါတယ်။

မမျိုးတို့လိုပဲ နယ်အဝေးကနေ မန္တလေးမြို့ပေါ် လာနေပြီး အိမ်ငှားနေထိုင်ကြရသူတွေဟာ အိမ်ငှားခတစ်နှစ်ချုပ်ကြောင့်အတော်လေးဒုက္ခရောက်နေကြရတယ်လို့ အိမ်ငှားနေသူတွေကပြောပြပါတယ်။ ၃ လချုပ်၊ ၆ လ ချုပ်ရတဲ့နေရာတွေကျပြန်တော့လည်း မန္တလေးမြို့ထဲနဲ့ဝေးလို့ အလုပ်အတွက် အလုပ်အတွက် အဆင်မပြေဘူးလို့ အိမ်ငှားနေသူတွေက ပြောပြတယ်။

အိမ်ငှားခတစ်နှစ်ချုပ်နဲ့ ပြီးပြီလားဆိုရင်မပြီးသေးပါဘူး။ ပွဲစားခ တစ်လစာ ပေးရပါဦးမယ်။ အိမ်ငှားစာချုပ်ကို အုပ်ကြီးဆီမှာ ချုပ်ရတာမို့ အုပ်ကြီးအတွက်လည်းပေးရပါတယ်။ဒါ့အပြင်ဧည့်စာရင်းတိုင်ဖို့အတွက်ကလည်းပေးရသေးတော့ အတော်လေးမောရတယ်လို့ အိမ်ငှားရှာသူတွေက ပြောပြပါတယ်။

“ကျမတို့ကစစ်ရှောင်။အလုပ်ကလည်းအစမို့အလုပ်ကမဖြစ်ဘူး။ အိမ်ကတနှစ်မှချုပ်မှာတဲ့။ ပွဲစားခနဲ့ စာချုပ်တွက်အုပ်ကြီးပွဲခနဲ့ ဧည့်စာရင်းတွက်ရွာဝင်ကြေးကပေးရသေး အတောင်းတွေချည်းပဲ”လို့ အိမ်ငှားရှာနေတဲ့စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

အာဏာသိမ်းကာလအတွင်း စီးပွားရေးကျဆင်းတာတွေနဲ့ ငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း ပိုမိုဆိုးရွားလာတဲ့ စီးပွားရေးအခြေအနေတွေကြောင့် ၃ လ ချုပ်တို့ ၆ လချုပ်တို့တောင်အနိုင်နိုင်ငှားနေရတယ်လို့အိမ်ငှားနေသူတွေကပြောပြပါတယ်။

“ကိုယ်တွေက ၃လချုပ်တောင်မပေးနိင်လို့တစ်လချင်းပဲပေးရတယ်။ဒါတောင်မနည်းကြိုးစားပြီးပေးနေရတယ်။၆ လချုပ်တစ်နှစ်ချုပ်ဆိုရင်ထမင်းမစားဗိုက်မှောက်နေရုံပဲရှိတော့တယ်”လို့ လချင်းပေးလို့ရတဲ့အိမ်အခန်းမှာ ငှားရမ်းနေထိုင်သူ အမျိုးသမီးတဦးက ပြောပါတယ်။

ဒါကြောင့် အိမ်ရှင်တွေအနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် အိမ်ငှားခကို ၆ လ ချုပ်လောက်လေးလုပ်ပေးစေချင်တယ်လို့အိမ်ငှားရှာနေသူတွေကဆိုပါတယ်။

“ငလျင်ကြောင့်ဆိုင်ကထိသွားတော့ပြန်ရှာတာ။ အကုန် တစ်နှစ်ချုပ်တွေဆိုတော့ အဆင်မပြေဘူးဖြစ်နေတာ။အလုပ်သေအောင်လုပ်၊ ရသမျှတွေကိုမစားမသောက်ဘဲ စုနေရတာနဲ့တင် အချိန်တန်တော့ ဆိုင်ခန်းခဘဲပေးလိုက်ရတယ်။”လို့ သူကပြောပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လေးနှစ်အတွင်း မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာရသူ ၃ သန်းခွဲကျော်ရှိလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဒီနှစ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ တတိယပတ်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအရေအတွက်ထဲမှာ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေပေါ် ရောက်နေတဲ့ ပြည်သူတွေအရေအတွက် ပါ မပါ​တော့ မသိရှိရပါဘူး။

မမျိုးကတော့ ဝါမဝင်ခင်လေး သင့်တော်တဲ့အိမ်ကလေးတလုံးရဖို့ အသည်းအသန် ရှာဖွေနေကြပါတယ်။ဝါဝင်ဖို့ကလည်း ကြားတရက်ပဲ ရှိတော့တာမို့ သူတော်တော်မောနေတယ်လို့ ပြောပါတယ်။

“တနှစ်ချုပ် တနှစ်ချုပ်နဲ့ အိမ်ငှားတွေဘက်လည်း ငဲ့ပေးပါဦး”လို့ အိမ်ရှာနေတဲ့ မမျိုးက ပြောလိုက်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗင်နီဇွဲလားမှာ အတွဲလိုက် လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြီး နှစ်ခုအပြီး သေဆုံးသူ အရေအတွက်ဟာ ၂၃၅ ဦးထက်မနည်း ရှိလာသလို ကယ်ဆယ်ရေးတွေကလည်း ပျောက်ဆုံးနေသူတွေကို အပူတပြင်း ကြိုးစား ရှာဖွေနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ

အင်အားပြင်းထန်လှတဲ့ ငလျင်ကြီးနှစ်ခု အတွဲလိုက် လှုပ်ခတ်သွားတဲ့နောက် ဗင်နီဇွဲလား နိုင်ငံမှာ ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ဧည့်စာရင်းသွားတိုင်တဲ့ လူငယ် ၁ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးလိုက်ကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ထောင်တွင်းဖိနှိပ်မှုတွေရှိပေမယ့် မန္တလေးအိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။