Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့အမှုတွေထဲက ၅ မှုကို ဒီနှစ်ထဲအပြီးသတ်အမိန့်ချဖို့ရှိနေ

ဒီအမှုတွေဟာ ဆူပူအောင်လှုံဆော်တာ ၊ ကိုဗစ်စည်းကမ်းချိုးဖောက်တာ ၊ နေအိမ်မှာ တရားမဝင်စကားပြောစက်တွေ့ရတယ်ဆိုကာ စစ်ကောင်စီက ပုဒ်မအသီးသီး တပ်ပြီး တရားစွဲဆိုထားတဲ့အမှုတွေဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ်ချနိုင်အောင် ပုဒ်မအသီးသီးတပ်ပြီးတရားစွဲဆိုထားတဲ့အမှုတွေထဲက အမှု ၅ မှုဟာ ဒီနှစ်ထဲမှာ အပြီးသတ်အမိန့်ချနိုင်တယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။

အဲဒီအမှုတွေကတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ၊ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့နဲ့စွဲဆိုထားတဲ့အမှုတွေဖြစ်ပါတယ်။

ဒီအမှုတွေဟာ ဆူပူအောင်လှုံဆော်တာ ၊ ကိုဗစ်စည်းကမ်းချိုးဖောက်တာ ၊ နေအိမ်မှာ တရားမဝင်စကားပြောစက်တွေ့ရတယ်ဆိုကာ စစ်ကောင်စီက ပုဒ်မအသီးသီး တပ်ပြီး တရားစွဲဆိုထားတဲ့အမှုတွေဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာလ ဒုတိယ ပတ်အတွင်းမှာ ဒီအမှုတွေဟာပြီးပြတ်မယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“သတ်မှတ်ရက်ထက် တစ်ပတ်လောက်ပဲ ခြားသွားနိုင်မယ် ” လို့တရားရုံးအသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ဒီနှစ်ထဲ ပြီးပြတ်မယ့် အမှု ၅ မှုထဲမှာ ပုဒ်မ ၅၀၅ (ခ) အမှုဟာအရင်ဆုံးအမိန့်ချဖို့ရှိနေတာပါ။

၅၀၅ (ခ) အမှုကို နိုဝင်ဘာ ၂၃ ရက်မှာအမိန့်ချဖို့ရှိတယ်လို့သိရတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်း အမှု ၁၁ မှုနဲ့ရင်ဆိုင်နေရတာပါ။

အဲဒီအမှု ၁၁ မှုရဲ့ ပြစ်ဒဏ်ပြဌာန်းချက်အရ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်း ထောင်ဒဏ် နှစ် ၈၀ လောက် ချဖို့စီစဉ်ထားတာတွေ့ရပါတယ်။

ဒီနှစ်ထဲ ပြီးပြတ်မယ့် အမှု ၅ မှု အရတော့ ထောင်ဒဏ် ၁၀ နှစ်ကျော်ချခံရဖွယ်ရှိနေပါတယ်။

ကျန်တဲ့အမှု ၆ မှုဟာ လည်း နှစ်ရှည်ထောင်ဒဏ်တွေချလို့ရတဲ့ အဂတိအမှု ၊ အစိုးရလျှို့ဝှက်ချက် အမှုတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း NLD ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အသက် ၈၀ အရွယ် ဦးဝင်းထိန်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု နဲ့ထောင်ဒဏ် နှစ် ၂၀ ချထားတာရှိပါတယ်။

အဲဒီနောက် ရက်ပိုင်းအကြာမှာတင် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို ထောင်ဒဏ် ၇၇နှစ် ၊ ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးကိုထောင်ဒဏ် ၉၂ နှစ်အထိ စစ်ကောင်စီဟာ ချထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ဒီကနေ့ (ဇွန် ၁၉)မှာကျရောက်တဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံနဲ့ "81 for 81 အမေစုချက်ချင်းလွှတ်" စာတန်းချိတ်ဆွဲ ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အမှတ်တရ လှုပ်ရှားမှုမှာ အားလုံးပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။