Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမှာတိုက်ပွဲ​တွေဆက်လက်ပြင်းထန် ၊ စစ်တပ်ကမြို့နဲ့ပိုနီးလာ

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့အနီးမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်တပ်ရဲ့ စစ်ကြောင်းတွေက ‌ရှေ့တိုးလာနေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

နောင်ချိုဒေသ တိုက်ပွဲအတွင်း တွေ့ရတဲ့ TNLAရဲဘော်တွေ။ ဓာတ်ပုံ - TNLA

ဇူလိုင်-၇၊ ၂၀၂၅။ People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့အနီးမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်တပ်ရဲ့ စစ်ကြောင်းတွေက ‌ရှေ့တိုးလာနေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့ကနေစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေက နောင်ချိုမြို့အဝင်နားက ကျောက်ကြမ်းရွာမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့နောင်ချိုမြို့ခံတွေကပြောပါတယ်။

တောင်းခမ်းဒေသကစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကလည်း နောင်ချိုမြို့အနီးက မျက်ချင်းနုရွာနားမှာ တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ အမှတ်(၆၀၆) ဒုံးတပ်ရင်းဌာနချုပ်ပြန်ရဖို့ထိုးစစ်ဆင်နေတယ်လို့လည်းနောင်ချိုမြို့ခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်ကံကြီးရွာအရှေ့ဘက်ကစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းကလည်း နောင်လင်ရွာကျော်လာပြီး နောင်ချိုမြို့နားကကိုးကန့်ရွာဖြစ်တဲ့ ရွှေဖီညွှန့်ရွာနား နီးကပ်လာနေပြီလို့လည်း ဆိုပါတယ်။

“ရွှေဖီညွှန့်ရွာနားက နားမုံရွာကိုစကစမနေ့ကရသွားတယ်ကြားတယ်။အခုက တဖြည်းဖြည်းမြို့နဲ့ ပိုနီးလဘာတာပေါ့။ ဒီပုံအတိုင်းဆို ပြန်ပေးရမယ် ထင်တပါတယ်”လို့ နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တအာင်းတပ်မတော်(TNLA)ရဲ့ဇူလိုင် ၇ရက် ထုတ်ပြန်ချက်မှာတော့ ကျောက်ကြမ်း၊ အောင်ချမ်းသာ၊ ရေမောင်းတန်း၊ နောင်လင် နဲ့ မျက်ချင်းနုကျေးရွာတွေမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ​ဖော်ပြထားပါတယ်။

ဇူလိုင် ၆ရက်က ကျောက်ကြမ်းကျေးရွာမှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်ကလက်နက်ကြီး(၂၄)လုံးနဲ့ ဒရုန်းနဲ့ ဗုံး(၃၀)လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

နောင်လင်ကျေးရွာတိုက်ပွဲကိုလည်း စစ်တပ်က ဒရုန်းနဲ့ ဗုံး (၁၆)လုံး၊ လက်နက်ကြီး (၄၀)လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ထပ်မံဖော်ပြထားပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ လုံစံကျေးရွာဘက်ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၃၂)လုံးနဲ့ လုံဖာကျေးရွာကိုလည်း လေကြောင်းကနေဗုံး (၂)လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

နောင်ချိုမြို့အပါအဝင် TNLAထိန်းချုပ်ထားတဲ့နေရာတွေကို စစ်ကောင်စီက နေ့စဉ်လေကြောင်း အပြင်းအထန်တိုက်ခိုက်နေတာကြောင့် တစ်ဖက်သတ်အပစ်ရပ်စဲထားမှုကို ရုတ်သိမ်းလိုက်တယ်လို့ တအာင်းတပ်မတော်(TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဇူလိုင် ၅ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

ဒါ့အပြင် နောင်ချိုမြို့ကို စစ်ကောင်စီထံ ပြန်ပေးမှာမဟုတ်ဘူးလို့လည်း TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ဇွန်လအတွင်းမှာ​နောင်ချိုမှာတိုက်ပွဲ ၈၁ကြိမ်ဖြစ်ခဲ့ပြီး​တော့ စစ်ကောင်စီက လက်နက်ကြီး အလုံး ၁၇၅၀ကျော်၊ လေယာဉ်နဲ့ အကြိမ်ပေါင်း ၄၀ ဗုံး အလုံး​ပေါင်း၁၅၄ လုံး ကြဲချခဲ့တယ်လို့ TNLA ကဆိုပါတယ် ။ဒါ့အပြင်စစ်တပ်ကဒရုန်းဗုံး ၆၃၀ ကျော်၊ အဆိပ်ငွေ့ဗုံး ၃၉လုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်