Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမှာ ဘုန်းကြီးတစ်ပါးကို ရဲဖမ်းသွားလို့ ပြန်လွှတ်ပေးဖို့ ရဲစခန်းရှေ့ ရွာသားတွေတောင်းဆို

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့မှာ ဘုန်းကြီးတစ်ပါးကို စစ်ကောင်စီလက်အောက်ခံ ရဲက ဖမ်းဆီးသွားလို့ ရွာသားတွေက ရဲစခန်းရှေ့သွားပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဇူလိုင် ၁၁၊ ၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့မှာ ဘုန်းကြီးတစ်ပါးကို စစ်ကောင်စီလက်အောက်ခံ ရဲက ဖမ်းဆီးသွားလို့ ရွာသားတွေက ရဲစခန်းရှေ့သွားပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့ (ဇူလိုင် ၁၁ရက်) မနက်ပိုင်းက ဝမ်းတွင်းမြို့နယ်၊ နဘဲကန်ကျေးရွာ နဘဲကန်တောကျောင်းက ဘုန်းကြီးကို ရဲတွေက လာရောက်ဖမ်းဆီးသွားကြောင်း၊ နေ့လယ်ပိုင်းမှာတော့ နဘဲကန်ရွာသားတွေက သာသနာ့အလံတွေကိုင်ပြီး ရဲစခန်းရှေ့သွားလာပြီး ဘုန်းကြီးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

“အဲ့ရွာထဲက အမျိုးသမီးတစ်ဦးက လုပ်ကြံဖမ်းခိုင်းတာကြားတယ်ဗျ။ သာသနာ့အလံတွေကိုင်ပြီး မြို့ပေါ်တက်လာကြတယ်ကြားတယ်။”လို့ Voice Of Wundwin အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စခန်းထဲက ရဲတွေကလည်း သေနတ်နဲ့ ပစ်ခတ်မယ်လို့ ခြိမ်းခြောက်တာတွေရှိနေတယ်လို့ မြို့ခံအချို့က ပြောပါတယ်။ ဘုန်းကြီးကိုဖမ်း​ဆီးရတဲ့အကြောင်းရင်း အတိအကျကိုတော့ မသိရသေးပါဘူး။

ဝမ်းတွင်းမြို့နယ်မှာ စစ်အုပ်စုက စစ်မှုထမ်းဖို့ လူငယ်တွေအများအပြား လိုက်လံဖမ်းဆီးနေပြီး လူငယ်ဆယ်နဲ့ချီ ဖမ်းဆီးခံထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

နိုင်ငံတကာ

အသက် ၁၁ နှစ်သာရှိသေးတဲ့ကလေးတစ်ဦးတက်မောင်းလာတဲ့ကားဝင်တိုက်လို့ထိုင်းမှာဘုန်းကြီး ရှစ်ပါးပျံလွန်တော်မူခဲ့ကြောင်း သိရပါတယ်။