Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမှာ ဆည်ရေကြောင့် မြို့ပေါ်နဲ့ ကျေးရွာအချို့ ရေကြီး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ဝမ်းတွင်းဆည်ရေကြောင့် မြို့ပေါ်နဲ့ ကျေးရွာတွေ ရေကြီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

(ဝမ်းတွင်းမြို့၊ သဲတောတွင် ရေ​ကြီးနေစဥ် ဓာတ်ပုံံ-ဒေသခံ)

သြဂုတ် ၁၀၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ဝမ်းတွင်းဆည်ရေကြောင့် မြို့ပေါ်နဲ့ ကျေးရွာတွေ ရေကြီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ သြဂုတ် ၁၀ ရက် မနက် ၂ နာရီခန့်ကစပြီး ဝမ်းတွင်းမြို့နယ်မှာ မိုးသည်းထန်စွာ ရွာလို့ ပြုပြင်ထိန်းသိမ်းမှုမရှိတော့တဲ့ ဝမ်းတွင်းဆည်ကနေ ရေတွေ အောက်ပိုင်းရွာတွေဆီ စီးဆင်းလာပြီး ဝမ်းတွင်းမြို့ပေါ်နဲ့ ရေဆုံး၊ သဲတော၊ ညောင်ပင်သာနဲ့ ခင်ကြီးရွာတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

ဝမ်းတွင်းဆည်ဟာ ရေဝပ်/ရေသိုလှောင် ဧရိယာ မရှိတော့တဲ့၊ ဆည်အင်္ဂါရပ်နဲ့ မကိုက်ညီတော့တဲ့ ဆည်တစ်ခုဖြစ်ကြောင်း၊ ဆည်ရေထိန်းတံခါးဟာလည်း ၁၂ ရာသီဖွင့်ထားရတယ်လို့ Voice Of Wundwin အဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ဝမ်းတွင်းဆည်က သုံးစားမရတော့ဘူး။ ဆိုင်းဘုတ်နာမည်ပဲရှိတော့တာ။ မြို့နယ်ထဲမိုးခေါင်နေတာနှစ်လလောက်ရှိပြီ။ မနေ့ညကကတခါလေးရွာလို့အပေါ်ကဆင်းလာတဲ့ရေတွေကိုလှောင်ထည့်ထားစရာ နေရာမရှိ။ လှောင်ထားစရာနေရာမရှိတော့ အဲ့ဆည်အထက်ပိုင်းလည်းကြီးအောက်ပိုင်းလည်းကြီး”လို့ Voice Of Wundwin အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါရေကြီးမှုကြောင့် ဝမ်းတွင်းမြို့မစျေးနဲ့ သဲတောစျေးအပါအဝင် စျေးအနီးရပ်ကွက်တွေ ရေမြုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြော​ပါတယ်။

ဒါ့အပြင် ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာအုပ်စုရှိ ကင်းတား‌တာပေါင် ပေ(၁၅၀)ခန့်ကျိုးပျက်ပြီး မကျီးအုပ်ကျေးရွာအတွင်းကိုလည်း ရေဝင်ရောက်နေကြောင်း သိရပါတယ်။

နိုင်ငံအထက်ပိုင်းဒေသတွေမှာ နေ့စဉ် ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းတာ၊ ဆည်ရေတွေ ဖောက်ထုတ်တာကြောင့် ရေကြီးရေလျှံကာ စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းတို့က မြို့နယ်ပေါင်း ၁၅ ခုမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေပြီး လူဦးရေ ၄၁၄,၈၄၃ ဦးခန့် ရေဘေးသင့်နေကြောင်း လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက အသိပေးပါတယ်။

ရေဘေးကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း ၁၆ ဦး၊ ပျောက်ဆုံးသူ ၂ ဦး၊ ဒဏ်ရာရ ၆၁ ဦးရှိပြီး နေအိမ်တွေရေနစ်မြုပ်တာ၊ စိုက်ပျိုးမြေဧက ထောင်ပေါင်းများစွာ ရေလွှမ်းမိုးတာ၊ ချောင်းကူးတံတားတွေ ပျက်စီးတာတွေ ဖြစ်ပွားခဲ့တယ်လို့ အထက်ပါဌာနက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပိတ်မိနေသူတွေရှိတာကြောင့် ကူညီကယ်ဆယ်ရေး အရေးပေါ် လိုအပ်နေဟုဆို

နိုင်ငံတကာ

ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ နီပေါ ဝန်ကြီးချုပ်က တိဘက် ကုန်းမြင့်ဒေသနဲ့ နီပေါနိုင်ငံကြား ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုကြီးဟာ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးအတွက် သတိပေးမှု တစ်ခုလို့ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

Facebook