Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့နယ် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီ SNA ကင်းစခန်းကို PDF တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် နယ်မြေချဲ့အထိုင်ချထားသည့် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ ကင်းစခန်းကို တိုက်ခိုက်ခဲ့ကြောင်း ကသာခရိုင်အမှတ်(၄)တပ်ရင်းက ပြောသည်။

ဓာတ်ပုံ - ကသာခရိုင်အမှတ်(၄)တပ်ရင်း

ဇူလိုင်-၁၆၊ ၂၀၂၅။ ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် နယ်မြေချဲ့အထိုင်ချထားသည့် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ ကင်းစခန်းကို တိုက်ခိုက်ခဲ့ကြောင်း ကသာခရိုင်အမှတ်(၄)တပ်ရင်းက ပြောသည်။

ထိုကင်းစခန်းသည် ဗန်းမောက်မြို့နယ်၊ မြစ်သေးချင်းကျေးရွာအနီးတွင် ရှိပြီး ဇူလိုင် ၁၄ ရက်က တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

တိုက်ပွဲအတွင်း SNA ဘက်မှ သုံးဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ငယ် G3 တစ်လက် သိမ်းဆည်းရမိခဲ့ကာ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာနှင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဗန်းမောက်မြို့အနောက်ခြမ်းနှင့် မြောက်ပိုင်းဒေသအချို့ကို SNA ကထိန်းချုပ်ထားပြီး အင်းတော်-ဗန်းမောက်လမ်းပိုင်းနှင့် တောင်ပိုင်းဒေသများကို တော်လှန်ရေးအင်အားစုများက စိုးမိုးထားသည်။

“အဲမှာသူတို့ထိုင်တာကတော့ ခြောက်လ ခုနှစ်လ လောက်ရှိပြီ။ အင်အား ၃၀ ဝန်းကျင်ရှိတယ်။ စခန်းကတော့သိမ်းနိုင်ခဲ့တယ်။ အင်အားအလုံးရင်းနဲ့ပြန်တိုက်လာတော့ ပြန်ဆုတ်ခဲ့ရတဲ့အနေထားမျိုး”ဟု ကသာခရိုင်အမှတ် ၄ တပ်ရင်း၏တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ရှင်းပြသည်။

ယခုနှစ်တွင် တော်လှန်ရေးအင်အားစုများ အားကောင်းရာကျေးရွာများအနီးသို့ SNA က စစ်ကြောင်းထိုး လူသစ်စုဆောင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ရန်သူ့နယ်မြေနှင့်နီးစပ်သော ဒေသများကို ခရီးသွားလာခြင်းကို သတိရှိကြရန်နှင့် အသွားအလာ ဆင်ခြင်ရန် ကသာခရိုင်အမှတ်(၄)တပ်ရင်းက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ရှမ်းနီတိုင်းရင်းသားများ အခြေချနေထိုင်သည့် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်မှ မြို့နယ်များတွင် SNA တပ်ဖွဲ့မှတဆင့် စစ်သားစုဆောင်းပြီး လက်နက်တပ်ဆင်ပေးကာ တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုများကို ခုခံနေသည်။ စစ်သားစုဆောင်းခံရသူများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ဘက်ပြောင်းမှုများရှိနေသည်။

ဟုမ္မလင်းမြို့နယ်မှ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်(SNA)မှ တပ်ဖွဲ့ဝင် ၁၇ဦးသည် ယခုလဆန်းပိုင်းက ကာကွယ်ရေးအဖွဲ့များထံ လက်နက်ချအလင်းဝင်ရောက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။