Connect with us

Hi, what are you looking for?

News

စစ်​​ကောင်စီတပ်​တွေ လနဲ့ချီတပ်စွဲထားလို့ လွတ်ရှမ်းရွာသား​တွေအခက်​တွေ့

လွတ်ရှမ်းကျေးရွာမှာ KNLA နဲ့ စစ်ကောင်စီတို့ကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဒေသခံရွာသားတွေ တိမ်းရှောင်ထွက်ပြေးခဲ့ကြရပြီး အချို့ကတော့ ဒီကနေ့အထိထက်တိုင် နေရပ်ကို ပြန်မလာကြသေးဘူးလို့ ဒေသခံတစ်ဦးက ဆိုပါသေးတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းမပေါ်မှာရှိတဲ့ လွတ်ရှမ်းကျေးရွာထဲမှာ တစ်လနီးပါးကြာ ဝင်ရောက်နေရာယူတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကြောင့် ဒေသခံရွာသားတွေ အခက်အခဲတွေရှိ​နေပြီး စိုးရိမ်ကြောက်ရွံ့နေကြရတယ်လို့ ​ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်က ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်းကျေးရွာထဲကို စစ်ကောင်စီတပ်တွေက နယ်မြေကျော်လွန်ရောက်ရှိလာခဲ့တာကြောင့် နယ်မြေခံ KNLA တပ်မဟာ ၆ တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNLA လုံခြုံရေးဂိတ်တစ်ခုကို စစ်ကောင်စီက သိမ်းယူထားလိုက်တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်တွေ သိမ်းယူထားတဲ့ KNLA လုံခြုံရေးဂိတ်အနီးဝန်းကျင်မှာ လမ်းတွေပိတ်ထားလိုက်တာကြောင့် ဒေသခံတွေအတွက် သွားလာဖို့အခက်အခဲတွေဖြစ်ပေါ်နေပြီး ပိတ်ပင်ထားတဲ့နေရာဝန်းကျင်မှာ ဖြတ်သန်းသွားလာပါက သေနတ်နဲ့ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုပါတယ်။

“စစ်ကောင်စီတွေ ဂိတ်အနားတစ်ဝိုက်မှာ လမ်းတွေပိတ်ထားတယ်။ တခါတလေ အိမ်ပြန်ဖို့ အခက်အခဲတွေဖြစ်တယ်။ ကားသွားလာလို့ရတဲ့အနေအထားမှာ သူတို့ကပိတ်ပင်ထားတော့ ကားနဲ့တင်ဖို့ပစ္စည်းတွေ မတင်ဖြစ်တော့ဘူး ဒီအတိုင်းပဲ။ တခါပြန်ဖို့ လမ်းပတ်ရတာမှ အမောပဲ။ စိတ်ညစ်တယ်။ သွားလာရတာလည်း ကြောက်ရတယ်ပေါ့။ ညပိုင်းလည်းဂိတ်ဖြတ်မရဲ သူတို့လည်းပေးမဖြတ်။ ညပိုင်းဖြတ်ရင် ပစ်မိမယ်ဆိုပြီး ဘာညာခြိမ်းခြောက်ပြောတာ ရွာသားတွေကိုပြောတာတော့ဟုတ်တယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ လွတ်ရှမ်းကျေးရွာထဲမှာ စစ်ကောင်စီတပ်တွေဟာ ဝင်ရောက်နေရာယူတပ်စွဲထားတာဟာ တစ်လနီးပါးရှိပြီဖြစ်ပြီး ကနဦးမှာတော့ KNLA လုံခြုံရေးဂိတ်ကနေ ပြန်လည်ရုတ်သိမ်းပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် ဒီကနေ့အချိန်ထိတော့ ပြန်လည်ရုတ်သိမ်းခြင်း မရှိသေးပါဘူး။

လွတ်ရှမ်းကျေးရွာမှာ KNLA နဲ့ စစ်ကောင်စီတို့ကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဒေသခံရွာသားတွေ တိမ်းရှောင်ထွက်ပြေးခဲ့ကြရပြီး အချို့ကတော့ ဒီကနေ့အထိထက်တိုင် နေရပ်ကို ပြန်မလာကြသေးဘူးလို့ ဒေသခံတစ်ဦးက ဆိုပါသေးတယ်။

“စစ်ကောင်စီတွေရှိနေသေးတယ်ဆိုလို့ စစ်ဖြစ်ကတည်းက ပြေးသွားတဲ့အိမ်တွေကျတော့ ခုထက်ထိပြန်မလာကြသေးဘူး။ ဂိတ်ဘေးနားအိမ်တစ်ဝိုက်လေ။ တချို့အိမ်တွေဆိုပြန်မလာကြသေးဘူး” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့လက လွတ်ရှမ်းကျေးရွာထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLAနဲ့ စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးခဲ့ပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook