Connect with us

Hi, what are you looking for?

News

က​လေးမြို့အ​နောက်​တောင်ပိုင်းတွင် တနေကုန်တိုက်ပွဲဖြစ်၊ ​​ဆေးအဖွဲ့ဝင် အမျိုးသမီးရှစ်ဦးပါ ၁၀ဦးဖမ်းဆီးခံရဟု က​လေး PDF ထုတ်ပြန်

ဖမ်းဆီးခံရသူများမှာ အမျိုးသမီးရှစ်ဦးနှင့် အမျိုးသားသုံးဦး စုစု​ပေါင်း ၁၀ဦးဖြစ်ပြီး အများစုမှာ တပ်ရင်း(၃)မှ ​ဆေးအဖွဲ့ဝင်များဖြစ်​ကြောင်း က​လေးPDFက ဆိုသည်။

-အဆိုပါ တိုက်ပွဲအတွင်း စစ်​ကောင်စီဘက်မှ အနည်းဆုံး ၂၀ဦး​သေပြီး အများအပြားဒဏ်ရာရဟု CNO ထုတ်ပြန်

က​လေးမြို့အ​နောက်​တောင်ပိုင်း နယ်​မြေ​နေရာတစ်ခုရှိ တပ်ဖွဲ့ဝင် ၂၀​ကျော် စခန်းချ​နေထိုင်သည့် က​လေး PDF တပ်ရင်း(၃)​​အောက်မှ တပ်ခွဲစခန်းတစ်ခုကို အကြမ်းဖက်စစ်​ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်သိမ်းပိုက်ရာ အဆိုပါစခန်းရှိ တပ်ဖွဲ့ဝင်၁၀ဦး ဖမ်းဆီးခံရ​ကြောင်း က​လေးPDFက ယ​နေ့ညပိုင်းတွင် ထုတ်ပြန် သည်။

ဖမ်းဆီးခံရသူများမှာ အမျိုးသမီးရှစ်ဦးနှင့် အမျိုးသားသုံးဦး စုစု​ပေါင်း ၁၀ဦးဖြစ်ပြီး အများစုမှာ တပ်ရင်း(၃)မှ ​ဆေးအဖွဲ့ဝင်များဖြစ်​ကြောင်း က​လေးPDFက ဆိုသည်။

ယ​နေ့ ည​နေပိုင်းအထိသတင်းအရ ဖမ်းဆီးခံရသူများအနက် အမျိုးသားနှစ်ဦးကို အကြမ်းဖက်စစ်​ကောင်စီတပ်သားများက သတ်ဖြတ်လိုက်​ကြောင်း သတင်းရရှိ​သော်လည်း အတည်မပြုနိုင်​သေး​ကြောင်း အသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့​ကြောင့် ယ​နေ့မွန်းလွဲပိုင်းကစ၍ က​လေးမြို့နယ်အ​နောက်​တောင်ပိုင်း နယ်​မြေတဝိုက်တွင် ရှား​တော၊ မြို့ကြီးကုန်း၊ မြို့လှစသည့် ​နေရာအသီးသီးမှ စစ်​ကြောင်းများခွဲထွက်လာသည့် အကြမ်းဖက်စစ်​ကောင်စီတပ်များနှင့် က​လေးPDF၊ CNDF၊ CDF(KKG)နှင့် ရပ်ရွာ ပ. က.ဖ အဖွဲ့များပါဝင်သည့် ပူး​ပေါင်းတပ်ဖွဲ့များမှာ ည​နေ၆နာရီခွဲအထိ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး တိုက်ပွဲြပင်းထန်ခဲ့သည်ဟု ​ဖော်ပြထားသည်။

မြို့လှရပ်ကွက်ဘက်မှ စစ်ကူထွက်လာသည့်စစ်​ကြောင်းကို က​လေး PDFက မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် တာဟန်းရပ်ကွက်ရှိ တာဟန်းရဲစခန်းကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထပ်မံ​ဖော်ပြထားသည်။ အကြမ်းဖက်စစ်​ကောင်စီဘက်မှ ထိခိုက်​သေဆုံးမှုကို အတည်မပြုနိုင်​သေးဟု ​ဖော်ပြထားသည်။

ထို့အပြင် ယ​နေ့နံနက် ၉နာရီမှ ည​နေ၆နာရီအထိ တနေကုန်မရပ်မနားဖြစ်ပွားသည့် အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်​ကောင်စီတပ်ဘက်မှ အနည်းဆုံး ၂၀ဦး​သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိ​ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ယ​နေ့ညပိုင်းတွင် ထုတ်ပြန်သည်။

စစ်​ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်​သော်လည်း CNDFဘက်မှ မစိုးရိမ်ရ ဒဏ်ရာရရှိသူ တစ်ဦးသာရှိခဲ့သည်ဟု အသိ​ပေးထားသည်။

လက်ရှိအချိန်တွင် အပြန်အလှန်ပစ်ခတ်မှုများ ​ခေတ္တရပ်နားထား​သော်လည်း မိမိတို့ဘက်မှ ပိတ်ဆို့ဝိုင်းရံထားသဖြင့် တိုက်ပွဲများအချိန်မ​ရွေးပြန်လည်ဖြစ်ပွားနိုင်ပြီး ပြည်သူများအ​နေဖြင့်လည်း အသွားအလာသတိထားကြရန် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Facebook