Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့နယ်ပကဖဘဏ္ဍာရေးတာဝန်ခံ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး​သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဘဏ္ဍာရေးတာဝန်ခံသည်အချင်းများရာမှ သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။

ဇူလိုင်-၂၂၊၂၀၂၅။‌ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဘဏ္ဍာရေးတာဝန်ခံသည်အချင်းများရာမှ သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။

ဆားလင်းကြီးမြို့နယ်ပကဖ ဘဏ္ဍာရေးတာဝန်ခံကိုတူးသည်ဇူလိုင်လ၂၁ရက်ညက ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရပြီး သတ်ဖြတ်မှုကျူး

လွန်သူကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ ညတွင်းချင်းဖမ်းဆီးခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

“တော်လှန်ရေးနဲ့ မဆိုင်ဘူး။ လူမှုရေးကိစ္စကနေဖြစ်တာ။သေနတ်ဒဏ်ရာနဲ့သေဆုံးနေတာ။တရားခံကိုလည်းဖမ်းထားတယ်”ဟုဒေသတွင်းမှကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ကိုတူးသေဆုံးမှုနှင့်ပတ်သက်၍ ဆားလင်းကြီးမြို့နယ်ပကဖထံ ဆက်သွယ်သော်လည်း ဖုန်းလိုင်းအခက်ခဲကြောင့် အဆက်အသွယ်မရရှိသေးပေ။

ထို့အပြင်အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)ကာကွယ်​ရေးဝန်ကြီးဌာ မှတာဝန်ရှိသူထံဆက်သွယ်ရန်ကြိုးစား​သော်လည်းဆက်သွယ်မရ​သေး​ပေ။

ကိုတူးသည် လူမှုရေးကိစ္စကြောင့် ခိုက်ရန်ဖြစ်ပွားပြီးသေဆုံးခဲ့ကြောင်းကို ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်ငါးဦးထက်အမနည်းက အတည်ပြုပြောဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မတရားဖမ်းဆီး အကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်ဖို့ ရည်မှန်းပြီးပြည်သူ့စစ်မဟာဗျူဟာနဲ့ စစ်ဆင်ရေးဖော်ဆောင်ပြီး စစ်တပ်စခန်းတွေ၊ ပျူစောထီးရွာတွေ နဲ့ စစ်တပ်အရာရှိယာဉ်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း ခလရ-၂၅၂ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။