ဇူလိုင်-၂၆၊၂၀၂၅။မေရီ/People’s Spring
မန္တလေးမြို့မှာ ငလျင်ကြီး လှုပ်ခတ်ပြီး ၄ လ ပြည့်ကာနီးအထိ ရုပ်အလောင်းရှာဖွေရေး လုပ်နေရဆဲဖြစ်ပြီး ဒီကနေ့ Sky Villaမှာ ရုပ်အလောင်းတစ်ခု တွေ့ရှိခဲ့ပါတယ်။
ဇူလိုင်၂၆ ရက်၊မနက် ၁၁ နာရီခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa အဆောက်အဦးကနေ A အဆောင်၊ အခန်းအမှတ် F4 က အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်း တွေ့ရှိခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနကနေ ထုတ်ပြန်ပါတယ်။
“စက်ပစ္စည်းတွေမရှိလို့ ခုထိရှာလို့ မပြီးကြသေးဘူး”လို့ ဒေသခံအမျိုးသမီးတဦးကဆိုပါတယ်။

Public Service Announcement
စစ်ကိုင်း ငလျင်ကြီးမှာ မန္တလေးမြို့ပေါ် ပျက်စီးတဲ့အဆောက်အအုံတွေထဲ Sky Villa အဆောက်အအုံဟာ လူအသေအပျောက်အများဆုံးထဲမှာ ပါဝင်ခဲ့ပါတယ်။
ပြီးခဲတဲ့မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့ပေါ် အဆောက်အအုံ လေးထောင်ဝန်းကျင်ပျက်စီးခဲ့ပြီး လေးလကြာတဲ့အထိအပြိုအပျက်ရှင်းလင်းရေးတွေ ကိုယ်ထူကိုယ်ထ လုပ်ကိုင်နေရဆဲဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။





















































