Connect with us

Hi, what are you looking for?

သတင်း

ငလျင်လေးလပြည့်လုတိုင်ရုပ်အလောင်းရှာနေရဆဲဖြစ်ပြီး Sky Villaကရုပ်အလောင်းတစ်ခုထပ်တွေ့

မန္တလေးမြို့မှာ ငလျင်ကြီး လှုပ်ခတ်ပြီး ၄ လ ပြည့်ကာနီးအထိ ရုပ်အလောင်းရှာဖွေရေး လုပ်နေရဆဲဖြစ်ပြီး ဒီကနေ့ Sky Villaမှာ ရုပ်အလောင်းတစ်ခု တွေ့ရှိခဲ့ပါတယ်။

ရှာတွေ့ခဲ့သည့်ရုပ်အလောင်းအား သယ်ဆောင်လာစဥ်။ ဓာတ်ပုံ-MFSD

ဇူလိုင်-၂၆၊၂၀၂၅။မေရီ/People’s Spring

မန္တလေးမြို့မှာ ငလျင်ကြီး လှုပ်ခတ်ပြီး ၄ လ ပြည့်ကာနီးအထိ ရုပ်အလောင်းရှာဖွေရေး လုပ်နေရဆဲဖြစ်ပြီး ဒီကနေ့ Sky Villaမှာ ရုပ်အလောင်းတစ်ခု တွေ့ရှိခဲ့ပါတယ်။

ဇူလိုင်၂၆ ရက်၊မနက် ၁၁ နာရီခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa အဆောက်အဦးကနေ A အဆောင်၊ အခန်းအမှတ် F4 က အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်း တွေ့ရှိခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနကနေ ထုတ်ပြန်ပါတယ်။

“စက်ပစ္စည်းတွေမရှိလို့ ခုထိရှာလို့ မပြီးကြသေးဘူး”လို့ ဒေသခံအမျိုးသမီးတဦးကဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်း ငလျင်ကြီးမှာ မန္တလေးမြို့ပေါ် ပျက်စီးတဲ့အဆောက်အအုံတွေထဲ Sky Villa အဆောက်အအုံဟာ လူအသေအပျောက်အများဆုံးထဲမှာ ပါဝင်ခဲ့ပါတယ်။

ပြီးခဲတဲ့မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့ပေါ် အ​ဆောက်အအုံ လေးထောင်ဝန်းကျင်ပျက်စီးခဲ့ပြီး လေးလကြာတဲ့အထိအပြိုအပျက်ရှင်းလင်းရေးတွေ ကိုယ်ထူကိုယ်ထ လုပ်ကိုင်နေရဆဲဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။

Facebook