Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ပေါ်မှာ စစ်တပ်ဗုံးကြဲလို့ မပေါက်ကွဲတဲ့ဗုံးတွေကို ပကဖ ရှင်းလင်းပေး

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စစ်ကောင်စီ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုအတွင်း မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ ဗုံးသုံးလုံးကို မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော်တွေက ရှင်းလင်းပေးခဲ့ပါတယ်။

ဇူလိုင်-၃၀၊ ၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စစ်ကောင်စီ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုအတွင်း မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ ဗုံးသုံးလုံးကို မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော်တွေက ရှင်းလင်းပေးခဲ့ပါတယ်။

မနေ့က ဇူလိုင် ၂၉ ရက်မနက်ပိုင်းက မိုးကုတ်မြို့က နေရာ ၃ခုကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေဟာ မင်းတံတားရပ်ကွက်မှာ ၂လုံးနဲ့ အရှေ့ရွာရပ်ကွက်မှာ တစ်လုံး ကျန်နေခဲ့ကြောင်း၊ ပြည်သူတွေဘေးကင်းဖို့အတွက် အဲဒီဗုံးတွေကို မနေ့ကနဲ့ ဒီကနေ့မနက်ပိုင်းမှာ မိုးကုတ်ပကဖရဲ့ ဒုတာဝန်ခံ (စစ်ဘက်ရေးရာ)က ဦးဆောင်ပြီး ရဲဘော်တွေနဲ့အတူ ရှင်းလင်းပေးခဲ့ကြောင်း မိုးကုတ်ပကဖက ပြောပါတယ်။

“အခက်အခဲကတော့ ကြီးကြီးမားမားတော့ မရှိခဲ့ပါဘူးဗျ။ အဓိက ကတော့ ဒီဗုံးတွေက အသက်မဲ့နေပြီဆိုပေမယ့် ထိပ်ဖူးက ကွဲကျည်ကိုတော့ သေချာလေး လှည့်ပြီးတော့ စနစ်တကျ ဖြုတ် လိုက်ရတယ်ဗျ။ အန္တရာယ်များပေမယ့်လည်း မတော်တဆ ပေါက်ကွဲမှု ဖြစ်မှာစိုးလို့ အချိန်နဲ့တပြေးညီ ရှင်းလင်းလိုက်ရတာဗျ။ ပြည်သူ့နေအိမ်တည့်တည့်ကို ကျထားတာဆိုတော့ မရှင်းလင်းလို့လည်း မရဘူးဗျ”လို့ မိုးကုတ်ပကဖရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရန်သူဖြစ်တဲ့ စစ်ကောင်စီက သူ့အလုပ်သူလုပ်နေတာဆိုပေမဲ့ အပြစ်မဲ့ ပြည်သူတွေထိခိုက်သေဆုံးနေရတဲ့အပေါ်မှာ များစွာ စိတ်မကောင်းဖြစ်ရကြောင်း၊ နိုင်ငံတကာအနေနဲ့လည်း စစ်ကောင်စီက အခုလို လေကြောင်းကနေ အများပြည်သူနေထိုင်ရာ မြို့ရွာတွေမှာ လေကြောင်းတိုက်ခိုက်ပြီး အကြမ်းဖက်နေတဲ့ လုပ်ရပ်တွေအပေါ်မှာ တားဆီးပေးနိုင်ဖို့ မျှော်လင့်ကြောင်း မိုးကုတ်ပကဖရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ဟာ မနေ့က(ဇူလိုင်၂၉ရက်) မနက်က မိုးကုတ်မြို့က မင်းတံတားရပ်ကွက်၊ ရွှေဘုံသာရပ်ကွက်နဲ့ BOC ကားကြီးကွင်းအနီးနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အဲဒီရပ်ကွက်တွေအပေါ်ကို ပေါင် (၅၀၀)ဗုံး သုံးလုံးနဲ့ ပေါင်(၂၅၀)ဗုံး နှစ်လုံးအပါအဝင် စုစု‌ပေါင်း ဗုံး ငါးလုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာလို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ထားပါတယ်။

အဲဒီဗုံးတွေ ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ လေးဦးသေဆုံးခဲ့ပြီး ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၈)လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLAက အသိပေးပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက ပြန်လည်ရရှိဖို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

https://www.facebook.com/LuduNwayOo/videos/1298698828489803

ရုပ်သံ – မိုးကုတ်ပကဖ

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။