Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က လောင်းလုံးမြို့နယ် ပန်းတင်အင်းရွာဖျက်ဆီးပြီး ပြည်သူအချို့ဖမ်းဆီးသွား

တနသ်ာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ပြည်သူအချို့ကိုပါ ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲဒီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring ကို ပြောပါတယ်။

လောင်းလုံးမြို့နယ် ပန်းတင်အင်းရွာမှနေအိမ်အချို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ - CJ

သြဂုတ်-၁၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနသ်ာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ပြည်သူအချို့ကိုပါ ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲဒီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring ကို ပြောပါတယ်။

အင်အား၃၀၀ဝန်းကျင်ပါတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာဇူလိုင်၂၈ ရက်မှာ ပန်းတင်အင်းရွာကိုစတင်ဝင်ရောက်လာတာဖြစ်ပြီး နောက်တစ်ရက် ဇူလိုင် ၂၉ ရက်မနက်မှာ ဒူရကစစ်ကြောင်းနဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခြင်းကိုခံရပြီး ရွာကိုမီးရှို့ကာ ဒေသခံပြည်သူအချို့ကို ဖမ်းခေါ်သွားတာလို့ အဲဒီတာ ဝန်ရှိသူက ပြောပါတယ်။

“ဒေသခံပြည်သူတွေထဲက ဖမ်းသွားတာ လေးယောက်တော့ရှိတယ်ဗျ။ ဓားစာခံဖမ်းဆီးသွားတာ။ ခုထိပြန်မလွှတ်သေးဘူး”လို့ ပန်းတင်အင်းရွာခံအချို့ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring ကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာကျေးရွာကမထွက်ခင် နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်အလုံး ၂၀ ခန့် မီးလောင်ပျက်စီးသွားပြီး ဒေသခံပြည်သူအများစု ကျေးရွာထဲပြန်မဝင်ရဲဘဲ ထွက်ပြေးတိမ်းရှောင်နေကြရဆဲလို့ သူက ဆက်ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာ ထားဝယ်ရေနက်ဆိပ်ကမ်း(အထူးစီးပွားရေးဇုန်)ဘက်ကိုအထွက်ပြပြီး သေဆုံးနဲ့ဒဏ်ရာရသူတွေအစား အင်အားထပ်ဖြည့်ကာပန်းတင်အင်းရွာဘက်ပြန်လည်ဝင်ရောက်ဖို့လုပ် ဆောင်နေတာကြောင့် အချိန်မရွေးထိတွေ့တိုက်ပွဲထပ်ဖြစ်လာနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ခန့်မှန်းပါတယ်။

“ကျွန်နော်တို့ ပြန်ဆုတ်လာတော့ သူတို့သေတဲ့ကောင်နဲ့ ဒဏ်ရာရတဲ့ကောင်တွေကို အစားထိုးပြီး ပြန်တိုးလာတာပါ။ ဖြေးဖြေးချင်း ဆက်တိုးနေတာပါ”ဟု ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူက ရှင်းပြပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းက အင်အားထပ်ဖြည့်ပြီး အခုလိုလှုပ်ရှားနေတာကို မြန်မာ-ထိုင်းနယ်စပ်မှာနောက်ဆုံးကျန်ရှိတဲ့စစ်ကောင်စီရဲ့ နတ်အိမ်တောင်စခန်းဆီ တပ်ကူလွှတ်ဖို့ကြိုး ပမ်းနေတာလို့ ခန့်မှန်းကြတာတွေရှိနေပေမယ့် အဲဒီအချက်ဟာ ဖြစ်နိုင်ခြေနည်းတယ်လို့ လောင်းလုံးမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးပါတယ်။

“လမ်းပိုင်း ဆက်စပ်မှု မရှိဘူးဗျ။ မတူဘူး။ (ထားဝယ်)ရေနက်ဆိပ်ကမ်းက သီးသန့်ပါ။ နတ်အိမ်တောင်ကို စစ်ကူပေးတာက ကလိန်အောင်တပ်တွေနဲ့ မောရ၀တီရေတပ်က များပါတယ်” လို့ ဒေသစစ်ရေးအခြေအနေကို အဲဒီတာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်က ဖြစ်ပွားတဲ့ ပန်းတင်အင်းရွာတိုက်ပွဲမှာ ပစ်ခတ်တိုက်ခိုက်မှုတွေကြားပိတ်မိသွားတဲ့ ကလေးသုံးဦးနဲ့ အမျိုးသားနှစ်ဦးဟာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးစထိမှန်ပြီး ဒဏ်ရာရရှိခဲ့ပြီး ကလေးသုံးဦးကို ဆေးရုံပို့ကုသထားရတယ်လို့ စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။