Connect with us

Hi, what are you looking for?

သတင်း

နမ့်ခမ်း-မူဆယ်လမ်းပိုင်း TNLA ပြန်ဖွင့်

ကျားဖြန့်လုပ်သား တရုတ်နိုင်ငံသားများကို KIAက တရုတ်ထံလွှဲပေး

တအာင်းတပ်မတော်(TNLA)မှ ရဲဘော်အချို့ ယာဉ်စစ်ဆေးမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - TNLA

ဩဂုတ် ၁၊၂၀၂၅၊ဇော်ရမ်း/People’s Spring

ကျားဖြန့်တိုက်ဖျက်မှုစစ်ဆင်ရေးပြုလုပ်မည်ဖြစ်၍ ယာယီပိတ်ဆို့ထားသော နမ့်ခမ်း-မူဆယ်လမ်းပိုင်းကို တအာင်းတပ်မတော်(TNLA)က ယနေ့(ဩဂုတ် ၁ရက်) နံနက်ကစ၍ ပြန်ဖွင့်ပေးထားကြောင်းသတင်းရရှိသည်။

နမ့်ခမ်း-မူဆယ်လမ်းပိုင်းကို ဇူလိုင် ၃၁ရက် နံနက်ကစ၍ ပိတ်ခဲ့ပြီး နောက်တစ်နေ့တွင် ပြန်ဖွင့်ပေးခြင်းဖြစ်သည်။

” ပိတ်တုန်းကတော့ ကျားဖြန့်စစ်ဆင်ရေးလုပ်မယ်လို့ကြားတယ်။ ဝင်ပြီးစစ်ဆေးတာတွေ ဖမ်းဆီးတာတွေလည်းလုပ်တယ်။ အသေးစိတ်တော့ မထုတ်ပြန်တော့မသိရဘူး။ ပြန်ဖွင့်တာကတော့ ဒေသခံတွေအတွက်တော်တော်အဆင်ပြေတယ်”ဟု နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့တွင် နမ့်ခမ်းမြို့မှ မူဆယ်မြို့ဘက်သို့အထွက်လမ်းကို TNLAက တားမြစ်ထားခဲ့ရာ ဒေသခံများသွားလာရေးအခက်အခဲကြုံတွေ့ခဲ့သည်ဟု ဆိုသည်။ အချိန်အပိုင်းအခြားသတ်မှတ်၍ လမ်းဖွင့်ပေးရန် လူမှုကွန်ရက်မှတစ်ဆင့် တောင်းဆိုမှုများလည်း ရှိခဲ့သည်။

မူဆယ်နှင့် နမ့်ခမ်းတွင် ကျားဖြန့်ရုံများရှိနေပြီး ယင်းနေရာများ၌ တရုတ်နိုင်ငံသား ထောင်ချီရှိနေကြောင်း တရုတ်အစိုးရက TNLAကိုရော စစ်ကောင်စီကိုပါ သတင်းပေးထားသည်ဟု စုံစမ်းသိရှိရသည်။

နမ့်ခမ်းမြို့သည် ၁၀၂၇စစ်ဆင်ရေးနှင့်အတူ TNLAတိုက်ခိုက်သိမ်းယူခဲ့ပြီး ဆက်လက်ထိန်းချုပ်ထားသည်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် TNLA၊ အာရက္ခတပ်တော်( AA)နှင့်မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်တော် (MNDAA) တို့က၂၀၂၃ အောက်တိုဘာ၂၇ရက်တွင် ၁၀၂၇ စစ်ဆင်ရေးကိုဖော်ဆောင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျားဖြန့်လုပ်ငန်းများကို နှိမ့်နင်းမည်ဟုကြေညာခဲ့ပြီး မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့သည်။

ဖမ်းမိသည့် တရုတ်နိုင်ငံသားအများအပြားကို တရုတ်အစိုးရထံလွဲပြောင်းပေးခဲ့သည်။ ထိုစစ်ဆင်ရေးစတင်ပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ထွက်ပြေးသွားခဲ့ကြသော်လည်း စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့တွင် အများအပြားကျန်ရှိနေဆဲဟု မြို့ခံများက ပြောသည်။ ထို့အပြင် လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှမြို့နယ်အချို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းမှမြို့နယ်အချို့တွင် ကျားဖြန့်ရုံများရှိနေသည်။

တရားဝင်သတင်းထုတ်ပြန်မှုများမရှိ၍ အသေးစိတ်မသိရသေးသော်လည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျားဖြန့်လုပ်ငန်းများကို ဖမ်းဆီးပြီး တရုတ်နိုင်ငံသားအချို့ကို ယနေ့ သြဂုတ် ၁ရက်တွင် တရုတ်ရဲတပ်ဖွဲ့ထံလွှဲအပ်လိုက်ကြောင်း သတင်းရင်းမြစ်အချို့ကပြောသည်။

” ရှမ်းမြောက်က ဝနယ်စပ်နားကနေ တရုတ်ထဲ လွှဲလိုက်တာ။ ၁၀၀ ကျော်ထင်တယ်”ဟု ရှမ်းမြောက်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ထိခိုက်ပျက်စီးခဲ့တဲ့ အိမ်ခြေ ၄၉၅ လုံးအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၆၈၄၇၂သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း TNLAက ထုတ်ပြန်ပါတယ်။