Connect with us

Hi, what are you looking for?

News

ထီးလင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်​နေ၊ ပြည်သူများအပြင်မထွက်ရန်​ မေတ္တာရပ်ခံ

“အခါကြီး ရက်ကြီးမှာလည်း ကျွန်တော်တို့ ကြိုးစားနေကြပါတယ်။ အသက်တွေကို စွန့်ပြီးသား။ မိဘပြည်သူတွေ အနေနဲ့မလိုအပ်ဘဲ အပြင်မထွက်စေချင်ဘူး”ဟု ထီးလင်းPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယောနယ်ဒေသ ထီးလင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များ ယနေ့(နိုဝင်ဘာ ၁၈) နံနက်ကစ၍ တိုက်ပွဲအပြင်းအထန် ဖြစ်နေသည်။

“အခါကြီး ရက်ကြီးမှာလည်း ကျွန်တော်တို့ ကြိုးစားနေကြပါတယ်။ အသက်တွေကို စွန့်ပြီးသား။ မိဘပြည်သူတွေ အနေနဲ့မလိုအပ်ဘဲ အပြင်မထွက်စေချင်ဘူး”ဟု ထီးလင်းPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်နှင့် အကြမ်းဖက်စစ်ကောင်စီသည် ယမန်နေ့ညကလည်း တိုက်ပွဲဖြစ်ခဲ့သေးသည်။ စစ်ကောင်စီဘက်က ထိခိုက်မှုရှိသော်လည်း အသေးစိတ်မသိရသေးဟု ထီးလင်း PDFက ထုတ်ပြန်ထားသည်။ ယနေ့နံနက်ပိုင်းတွင်လည်း တိုက်ပွဲအပြင်း အထန်ဖြစ်နေရာ ဒေသခံများအနေဖြင့် ခရီးသွားလာခြင်း မပြုရန် ထီးလင်း PDFက မေတ္တာရပ်ခံထားသည်။

ထို့အပြင် ယောဒေသရှိ ဂန့်ဂေါ၊ ယော၊ကျောက်ထုနှင့်ဆောမြို့တို့တွင်လည်း စစ်ကောင်စီက အင်အားတိုးထားပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ​ပျောက်ကြားနည်းဖြင့် တိုက်ခိုက်နေကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook