ယောနယ်ဒေသ ထီးလင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များ ယနေ့(နိုဝင်ဘာ ၁၈) နံနက်ကစ၍ တိုက်ပွဲအပြင်းအထန် ဖြစ်နေသည်။
“အခါကြီး ရက်ကြီးမှာလည်း ကျွန်တော်တို့ ကြိုးစားနေကြပါတယ်။ အသက်တွေကို စွန့်ပြီးသား။ မိဘပြည်သူတွေ အနေနဲ့မလိုအပ်ဘဲ အပြင်မထွက်စေချင်ဘူး”ဟု ထီးလင်းPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်နှင့် အကြမ်းဖက်စစ်ကောင်စီသည် ယမန်နေ့ညကလည်း တိုက်ပွဲဖြစ်ခဲ့သေးသည်။ စစ်ကောင်စီဘက်က ထိခိုက်မှုရှိသော်လည်း အသေးစိတ်မသိရသေးဟု ထီးလင်း PDFက ထုတ်ပြန်ထားသည်။ ယနေ့နံနက်ပိုင်းတွင်လည်း တိုက်ပွဲအပြင်း အထန်ဖြစ်နေရာ ဒေသခံများအနေဖြင့် ခရီးသွားလာခြင်း မပြုရန် ထီးလင်း PDFက မေတ္တာရပ်ခံထားသည်။
ထို့အပြင် ယောဒေသရှိ ဂန့်ဂေါ၊ ယော၊ကျောက်ထုနှင့်ဆောမြို့တို့တွင်လည်း စစ်ကောင်စီက အင်အားတိုးထားပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ပျောက်ကြားနည်းဖြင့် တိုက်ခိုက်နေကြသည်။

Public Service Announcement


















































