ရေစကြိုမြို့နယ် မအူရွာရဲကင်းကို ရေစကြို ပြည်သူ့ကာကွယ်ရေးတပ် (ရေစကြို PDF)က ယနေ့ နေ့လယ်က ဝင်စီးနင်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲလေးဦးကို သုတ်သင်နိုင်ခဲ့ပြီးနောက် ယခုအခါ စစ်တပ်က ဒေသခံများကို လိုက်လံဖမ်းဆီးနေသည်။
” PDFက မအူရဲကင်းကို ဝင်စီးပစ်တာ။ ရဲလေးယောက်သေတယ်။ ဒုရဲအုပ်က ထွက်ပြေးသွားတယ်။ အခု စစ်တပ်က တပ်စွဲနေလို့ ရွာလုံးကျွတ်ပြေးနေရတယ်” ဟု ဟုဒေသခံတစ်ဦးကပြောသည်။
ရေစကြိုဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDFမှ လူငယ်များက ယနေ့ (နိုဝင်ဘာ ၁၈)နေ့လယ် ၁၂နာရီခန့်တွင် မအူရွာရဲကင်းကို စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားက ညနေသုံးနာရီခန့်တွင် မအူရွာသို့ရောက်လာခဲ့ပြီး သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု မြို့ခံအချို့ကပြောသည်။ မအူရွာသည် ရေစကြိုမြို့နှင့် ရှစ်မိုင်အကွာတွင်ရှိသော လူဦးရေတစ်ထောင်ခန့်ရှိသည့်ရွာကြီး ဖြစ်သည်။
(ဓါတ်ပုံ-ရေစကြိုမြို့နယ်ရှိ ပခန်းငယ်ရဲကင်းစခန်းကိုလည်း ရေစကြိုPDFက နိုဝင်ဘာ ၁၃ရက်တွင်တိုက်ခိုက်စီးနင်းခဲ့သည်)

Public Service Announcement


















































