Connect with us

Hi, what are you looking for?

News

ဖာပွန်မှာ BGF က လက်နက်ကြီးနဲ့ပစ်လို့ ​ကျောင်းနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ထိခိုက်ပျက်စီး

တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် မွန်းလွဲပိုင်း ၂ နာရီကျော်အချိန်လောက်မှာ နယ်ခြားစောင့်တပ် (၁၀၁၃) တပ်ရင်းက တပ်ရင်းဝန်းကျင်အနီးတစ်ဝိုက်က ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KHRG ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဖာပွန်ခရိုင်မှာ နယ်ခြားစောင့်တပ် (BGF) ရဲ့ လက်နက်ကြီးရပစ်ခတ်မှုတွေကြောင့် စာသင်ကျောင်းအပါအဝင် ဒေသခံတွေရဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ထိခိုက်ပျက်စီးဒဏ်ရာရရှိသွားခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက် မနက် ၉ နာရီခွဲအချိန်ခန့်က ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်(မူတြော်)မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီလက်အောက်ခံ BGF (၁၀၁၃) တပ်ရင်းတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် မွန်းလွဲပိုင်း ၂ နာရီကျော်အချိန်လောက်မှာ နယ်ခြားစောင့်တပ် (၁၀၁၃) တပ်ရင်းက တပ်ရင်းဝန်းကျင်အနီးတစ်ဝိုက်က ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KHRG ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒီလို BGF ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာကြောင့် ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် ကတိုင်တိကျေးရွာအုပ်စု နို့ဖောထီးကျေးရွာက စာသင်ကျောင်းတစ်ကျောင်းနဲ့ ဘော်ဒါဆောင်တစ်ဆောင် ထိခိုက်ပျက်စီးသွားခဲ့ပြီး ပိုမာဟဲကျေးရွာက ဒေသခံတွေရဲ့ ကျွဲနွားတွေ အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားချိန်နဲ့ BGF ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု ဖြစ်ပွားခဲ့ချိန်တွေမှာ ကျောင်းပိတ်ထားတာဖြစ်နေလို့ ရွာသားတွေ ဒဏ်ရာရသေဆုံးမှုတွေမရှိပေမယ့် ရွာသားတွေကတော့ လုံခြုံရေးအတွက် စိုးရိမ်ကြောက်ရွံ့နေကြရတယ်လို့ KHRG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

Facebook