Connect with us

Hi, what are you looking for?

သတင်း

ရေကြီးမြေပြိုမှုကြောင့် သံတောင်နှင့် ထန်းတပင် မြို့နယ်တွင် ပြည်သူ၁၃ဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူ ၁၃ဦးထိ သေဆုံးခဲ့ကြောင်း KNU တောင်ငူခရိုင်က သတင်းထုတ်ပြန်သည်။

တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် သေဆုံးခဲ့ရသည့် ရုပ်အလောင်းများနှင့် ပျက်စီးမှုများ။ ဓာတ်ပုံ - KNU

ဩဂုတ် ၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူ ၁၃ဦးထိ သေဆုံးခဲ့ကြောင်း KNU တောင်ငူခရိုင်က သတင်းထုတ်ပြန်သည်။

KNU တောအူး(တောင်ငူ)ခရိုင်၌ဩဂုတ်၄ရက်ညကမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေါ်ဖားခို (သံတောင်) မြို့နယ်နှင့် ထေားတထူ (ထန်းတပင်) မြို့နယ်များ၌ ရေကြီး၊ရေလျှံမှုနှင့် တောင်ကျရေများတိုက်စားမှုကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ဟု ဆိုသည်။

ဩဂုတ်၆ရက်အထိအခြေအနေများအရသေဆုံးသူ၁၃ဦး ရှိပြီးပျောက်ဆုံးနေသူများလည်းရှိကြောင်း အသိပေးသည်။ ပျောက်ဆုံးသူများကို လိုက်လံရှာဖွေလျက်ရှိဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

” သံတောင်ကြီးမြို့တွင် မြို့တွင်းသာမက ရွာငယ်များတွင် မြေပြိုမှုများရှိနေပြီး ရွာငယ်များထဲ ထီးပူခီးရွာသည် စိုးရိမ်ရအခြေနေတွင် ရှိပြီး ဒေသခံ ပြည်သူလူထုများအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများလည်း လိုအပ်လျှက်ရှိသည်။”ဟု KNU တောင်ငူခရိုင်က ထုတ်ပြန်သည်။

ရေဘေးနှင့် မြေပြိုမှုကြောင့် တံတားများ၊လမ်းများ ပျက်စီးမှုရှိခဲ့ကြောင်းလည်း အသိပေးထားသည်။

ရာသီဥတုများခန့်မှန်းမရ၍ အန္ဒရာယ်ရှိနေနိုင် သည့်အတွက် ဘေးလွတ်ရာများသို့ ပြည်သူများ တိမ်းရှောင်နေကြရဟု ဆိုသည်။

ထို့ပြင် မြေပြိုကျမှုကြောင့် ဥယျာဉ်ခြံနှင့် နေအိမ်ပြိုကျ ပျက်စီးမှုများရှိပြီး တောင်တတ်လမ်းများသည်လည်း မြေပြိုမှုကြောင့် လမ်းများပိတ်ဆို့နေပြီး သွားလာရခက်ခဲနေကြောင်း ထုတ်ပြန်သည်။

KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး၊ ရွှေကျင်၊ မုန်း မြို့နယ်များ၌လည်း ဇူလိုင်နောက်ဆုံးပတ်မှစ၍ ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ကျေးရွာပေါင်း ၁၅၀ ကျော် ရေဘေးကြုံခဲ့ရပြီး နေအိမ်များ ရေထဲ မျောပါပျက်စီးခြင်း၊ လယ်ဧကသောင်းချီ ရေနစ်မြှုပ်ခြင်း ဖြစ်ပေါ်ခဲ့ပြီး အရေးပေါ် အကူအညီများလိုအပ်လျက်ရှိဟု ဒေသတွင်းကူညီရေးအဖွဲ့ အချို့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။