Connect with us

Hi, what are you looking for?

သတင်း

လိုင်ဇာအပြင် KIOထိန်းချုပ်နယ်မြေ မိုင်ဂျာယန်နှင့်အခြား ဒေသများ၌ပါ ရေဘေးကြုံနေ

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဌာနချုပ် လိုင်ဇာဒေသအပြင် လိုင်ဇာအနီးဒေသများ၌လည်း ရေကြီးမှု ဖြစ်ခဲ့၍ စစ်ရှောင်စခန်းနှင့် ကျေးရွာအများအပြားထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း KIO သတင်းပြန်ကြားရေးဌာနက ဩဂုတ် ၉ရက်ညပိုင်းတွင် သတင်းဖော်ပြသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဌာနချုပ်နယ်မြေ တနေရာ၌ ရေဘေးကြုံတွေ့နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - The Kachin Net

ဩဂုတ်-၁၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဌာနချုပ် လိုင်ဇာဒေသအပြင် လိုင်ဇာအနီးဒေသများ၌လည်း ရေကြီးမှု ဖြစ်ခဲ့၍ စစ်ရှောင်စခန်းနှင့် ကျေးရွာအများအပြားထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း KIO သတင်းပြန်ကြားရေးဌာနက ဩဂုတ် ၉ရက်ညပိုင်းတွင် သတင်းဖော်ပြသည်။

ဩဂုတ်၄ရက်ကမိုးကြီးပြီးတောင်ကျရေကြောင့် ရေကြီးမှုဖြစ်ခဲ့ရာ လူသေဆုံးမှုနှင့် နေအိမ်ပျက်စီးမှုများစွာ ရှိခဲ့သည်။ ကလေးငယ်အပါအဝင် ၆ဦး သေဆုံးကာ စစ်ရှောင်စခန်းနှင့် ကျေးရွာများမှ အိမ်ခြေရာချီ ပျက်စီးမှု ရှိခဲ့သည်။

လိုင်ဇာအနီးပတ်ဝန်းကျင်ရှိ ဒေါ့ဖုန်းယန်၊ ကုန်းလော၊ မြို့သစ်၊ ဒေသများအပြင် မိုင်ဂျာယန်ဒေသ၌လည်း ရေဘေးကြုံခဲ့ကြောင်း၊ အဆိုပါ ရေကြီးမှုကြောင့် စစ်ဘေးဒုက္ခသည်စခန်းအများအပြားနှင့် ကျေးရွာများ ရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း KIO သတင်းပြန်ကြားရေးက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကုန်းလော၊ ဒေါ့ဖုန်းယန်နှင့် မြို့သစ်ဒေသများသည် ၂၀၂၄အတွင်းက စစ်ကောင်စီထံမှ KIA သိမ်းပိုက်ထားသည့် ဒေသများဖြစ်သည်။

ရေဘေးသင့်ပြည်သူများကိုကူညီရန်ကချင်ပြည်နယ်ပညာရပ်စုံတက္က သိုလ်(KSCU) တက္ကသိုလ်မှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများက လိုင်ဇာအတွင်း ရေဘေးသင့် ပြည်သူများကို ကူညီရန် ဩဂုတ် ၇ရက်မှစတင်၍ အလှူငွေကောက်ခံနေသည်။

“လက်တွဲအတူ နိုင်သလောက်ကူ”ဟူသောဆောင်ပုဒ်ဖြင့် ရံပုံငွေ ကောက်ခံခြင်းဖြစ်ကြောင်း KSCU တက္ကသိုလ်ကျောင်းအုပ်ကြီး ဒေါက်တာ ကိုကိုမောင်က ပြောကြားကြောင်း KIO သတင်းပြန်ကြားရေးဌာန၏ သတင်းဖော်ပြချက်၌ ပါရှိသည်။

ရန်ပုံငွေ ရှာဖွေခြင်းမှ ရရှိသည့် အလှူငွေများကို KIO ရေဘေးကယ်ဆယ်ရေးကော်မတီသို့ ပေးအပ်သွားမည်ဟု ဆိုသည်။

KIOသတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း KIO အနေဖြင့် ကော်မတီများဖွဲ့စည်းပြီး ရေဘေး ကယ်ဆယ်ရေးလုပ်ဆောင်နေကြောင်း အသိပေးထားပြီး အခြား လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့များကလည်း ကူညီမှုရှိကြောင်းပြောပြသည်။ ထို့ပြင် စစ်ဘေးဒုကဿည်များ ရေဘေးကြုံနေရမှု အပေါ် ကူညီပံ့ပိုးလိုသူများအနေဖြင့်လည်း ကူညီနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

ထို့ပြင်KIO အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီးရေဘေးသင့် ပြည်သူများအတွက် ဆုတောင်း ခွန်အားပေးခြင်း အခမ်းအနားကို ရေဘေးကြုံခဲ့ရသည့် စစ်ရှောင်စခန်းများဖြစ်သော ဂျေယန်း၊ မုန်းဆိုင်ယန်၊ ဖွမ်လွမ်ယန်တို့၌ ဩဂုတ် ၈ရက်က ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ