Connect with us

Hi, what are you looking for?

ဆောင်းပါး

မော်ချီးလူသတ်ပွဲအတွက်တရားမျှတမှုပြန်လိုချင်သူ

လူပေါင်းတစ်သိန်းကျော်သေဆုံးခဲ့တဲ့ ဟီရိုရှီးမားမြို့ကို အမေရိကန်လေယာဥ်ဗုံးကြဲခဲ့တဲ့ဖြစ်စဥ်အ ကြောင်းလွန်ခဲ့တဲ့နှစ်ပတ်လောက်က ကိုငြိမ်းရဲ့ ဖုန်းထဲပေါ်လာပါတယ်။

ရဲ​ခေါင်/People’s Spring

လူပေါင်းတစ်သိန်းကျော်သေဆုံးခဲ့တဲ့ ဟီရိုရှီးမားမြို့ကို အမေရိကန်လေယာဥ်ဗုံးကြဲခဲ့တဲ့ဖြစ်စဥ်အ ကြောင်းလွန်ခဲ့တဲ့နှစ်ပတ်လောက်က ကိုငြိမ်းရဲ့ ဖုန်းထဲပေါ်လာပါတယ်။

ရုပ်သံထဲ ပေါက်ကွဲမှု နဲ့ တလိမ့်လိမ့်တက်လာတဲ့ မီးခိုးလုံးတွေကြောင့် စိတ်ထဲကြောက်ရွံ့စိတ်ဝင်လာလို့ ဖုန်းသုံးတာ သူ ရပ်လိုက်ပါတယ်။

ရောက်နေတဲ့ ဒေသ အခြေအနေကြောင့်ရောလေယာဥ်သံကြားရတိုင်းပုန်းရတဲ့ ဒုက္ခတွေကလည်း သူရဲ့စိတ်ကို မကြာ မကြာ ခြိမ်းခြောက်နေတာကြောင့်လည်း ပါပါတယ်။

Public Service Announcement

Public Service Announcement

အခုတော့ သူနေထိုင်ရာ ရပ်ကွက်ထဲ လေယာဥ်နဲ့ ဗုံးကြဲတာကို မျက်မြင်ကြုံလိုက်ရပါပြီ။အော်ဟစ်ငိုယိုသံတွေနဲ့ ပြန့်ကြဲနေတဲ့ အသားစတွေက သူနားနဲ့မျက်စိထဲက ဖယ်လို့မရသေးပါဘူး။

“ဆိုင်ကယ်ပေါ်မှာတင် ခန္ဓာကိုယ်တပိုင်းပြတ်သွားတဲ့သူနဲ့။သစ်ပင်ပေါ်တွေဆိုအသားစ တွေအများကြီး”လို့ ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဥ်ကို ကိုငြိမ်းက ပြောပါတယ်။

သြဂုတ် ၁၇ ရက်​နေ့က ကိုငြိမ်း နေထိုင်ရာကရင်နီပြည်နယ် ဖားဆောင်းမြို့ မော်ချီးဒေသ ၁၆ ကုန်းရပ်ကွက်ကို စစ်ကောင်စီက​ပေါင် ၅၀၀ ဗုံးကြဲခဲ့တာပါ။

ငါးနှစ် နဲ့ ၁၂ ကြား လူ​လောကအ​ကြောင်းမယ်မယ်ရရမသိ​သေးတဲ့ ကလေးငယ် ငါးယောက်အပါ

အဝင်သေဆုံးခဲ့တဲ့ပြည်သူပေါင်း ၃၂ ဦး ရှိပါတယ်။ဒဏ်ရာရတဲ့သူငါးဦးရှိသလို ပျောက်ဆုံးသူ နှစ်ဦးလည်း ရှိနေပါတယ်။

ခဲမဖြူ၊အဖြိုက်နက်၊ခနောက်စိမ်း အစရှိတဲ့ သတ္တုတွေထွက်တဲ့မော်ချီးဒေသမှာရွှေ့ပြောင်းလုပ်သားတွေများပါတယ်။

ယောကျာ်းသားဆိုရင်လူငယ်၊လူလတ်မရွေး စစ်တိုက်ခိုင်းဖို့ ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီရန်က ဝေးလိုတာနဲ့ ကြပ်တည်းလာတဲ့မိသားစုစီးပွားရေးတွေကြောင့် မော်ချီး ဒေသကို အလုပ်လာလုပ်ကြတာပါ။

ဒီလိုပဲ မြေပြန့်သား အသက် ၃၀ ကျော်အရွယ် ကိုငြိမ်း လည်း မွေးရပ်မြေကိုခွာပြီး ခဲတူးလုပ် သားအဖြစ်နဲ့ မော်ချီးကို မနှစ်ကရောက်လာခဲ့တာပါ။

၁၆ ကုန်းရပ်ကွက်ထဲမှာ ခဲတူးတဲ့ ရွှေ့ပြောင်းလုပ် သားတွေအများစုနေထိုင်တာဖြစ်ပြီး မိသားစုတွေ၊အပေါင်းအသင်းတွေစုဝေးကြတဲ့အလုပ်ပိတ်ရက်တနဂ်နွေ နေ့လယ်ခင်းမှာ ဗုံးကြဲခံရတာက သေဆုံးထိခိုက်တဲ့သူတွေများခဲ့ရတယ်လို့သူကဆိုပါတယ်။

“မနေ့ကဖြစ်စဥ်ထဲ ကျွန်တော်နဲ့အရမ်းခင်တဲ့ အ

သက် ၂၀ နဲ့ ၂၄ နှစ် ညီအကို နှစ်ယောက်ရော တခြားမိသားစုလိုက် ပါသွားတယ် “လို့ စစ်ကောင်စီဗုံးကြဲလို့သေဆုံးခဲ့ရသူတွေအကြောင်း ကိုငြိမ်းကပြန်​ပြောပြပါတယ်။

မော်ချီးလေကြောင်းတိုက်ခံရတဲ့ ဖြစ်စဥ်ကို သိတဲ့သူတစ်ဦးကလည်း “၁၆ ကုန်းရပ်ကွက်ကိုစစ်ကောင်စီက ပေါင် ၅၀၀ ဗုံး နှစ်လုံးနဲ့ကြဲသွားတာ။အိမ်တွေဆိုလုံးဝကို ပြားပြားဝပ်သွားတာ။အဲဒါကြောင့်မို့ ဘယ်သူဘယ်ဝါမှန်းလိုက်လို့မရအောင်ဖြစ်တယ်”လို့ပြောပါတယ်။

စစ်​ကောင်စီက မော်ချီးဒေသကို ခြောက်လတာအတွင်းလေကြောင်းတိုက်ခိုက်မှု​တွေ​ကြောင့် သေဆုံးတဲ့အရပ်သား ၅၀ ကျော်နေပါပြီ။

စစ်တပ်ဝါဒဖြန့်အ​ကောင့်​တွေ ၊တယ်လီဂရန်ချန်နယ်လ်​တွေက​တော့ မော်ချီး မှမဟုတ် ဘယ်​ဒေသမှာပဲဖြစ်ဖြစ် စစ်တပ်ဗုံးကြဲလို့ ပြည်သူ​တွေအစုလိုက် အပြုံလိုက် ​သေပြီဆိုရင် ပြည်သူ​တွေမဟုတ်ဘူး ​တော်လှန်​ရေးအဖွဲ့​တွေစုဝေးနေလို့ဆိုပြီး သတင်းအမှား​ပြောပြီးဝါဒဖြန့်​လေ့ရှိပါတယ်။

​မော်ချီးဗုံးကြဲခံရမှုထွက်ပေါ်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေနဲ့ဓာတ်ပုံတွေမှာလည်း သေဆုံးတဲ့သူတွေဟာ ကလေးတွေနဲ့ အရပ် သားတွေသာ ဖြစ်နေတာပါ။

“စစ်ကောင်စီကတော့သူတို့အမြဲလုပ်နေကြအတိုင်း ပဲ လူထုကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်တာပါပဲ။တိုက်ပွဲနဲ့ဘာမှမသက်ဆိုင်တဲ့နေရာကို ဗုံးကြဲတယ်။လူမှုစီးပွားပျက်အောင်လုပ်တယ်။လူထုကို အ ကြောင်း အမျိုးမျိုးနဲ့အကြောက်တရားရိုက်သွင်းနေတယ်”လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီရဲ့ တွဲဖက်အတွင်းရေးမှူးဦးဗညားက ပြောပါတယ်။

ဒါ့အပြင် တရားမဝင်အာဏာသိမ်းစစ်တပ်ရဲ့ ကြီးလေးတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို ကုလသမဂ္ဂ၊အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရတွေအနေနဲ့ ထိထိရောက်ရောက်အရေးယူပေးဖို့ မော်ချီးဖြစ်စဥ်နဲ့ပတ်သက်ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီက ​တောင်းဆိုထားပါတယ်။

“ဗုံးလာကြဲတဲ့သူရောမင်းအောင်လှိုင်ရောပတ်သက်တဲ့သူတွေ တစ်ချိန်မှာ ကျွန်တော်တို့ခံစားနေရသလို မျှတတဲ့ ခံစားမှုမျိုးပြန်ရစေချင်တယ်”လို့ ကိုငြိမ်းက ရင်ဖွင့်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အကျဉ်းသားတွေ လွှတ်ပေးတာအပါအဝင် ဟန်ပြလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ ဧပြီအတွင်းမှာ အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းကျေးရွာတွေက စစ်ရှောင်တွေ အကူအညီလိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

သတင်း

မြောက်ဦးမြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ နေအိမ်တွေမီးလောင်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့သတင်းရရှိပါတယ်။