Connect with us

Hi, what are you looking for?

သတင်း

ကောလင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ စစ်ရှောင်မိသားစုဝင် ၃ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများရှိသည့် ရွာများကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံသုံးဦး သေဆုံးပြီး ထိခိုက်မှုများပြားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ Y12 လေယာဥ်တစ်စီး။ ပုံဟောင်း

သြဂုတ်-၂၀၊ ၂၀၂၅။ လူအေး/People’s Spring

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများရှိသည့် ရွာများကို စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံသုံးဦး သေဆုံးပြီး ထိခိုက်မှုများပြားကြောင်း သတင်းရရှိသည်။

နံနက် ၆နာရီ ၁၃မိနစ်ခန့်က ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ရှမ်းကုန်းရွာ၊ ခံသာရွာ၊ စွယ်ရရွာနှင့် ဘန့်ဘွေးကုန်းရွာတို့ကို Y12လေယာဉ်ဖြင့် ဗုံးကြဲသွားခြင်းဖြစ်သည်။

စွယ်ရရွာမှ မိသားစုဝင်သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားသည်ဟု ကောလင်းမြို့ခံသတင်းရင်းမြစ်ထံမှ သိရသည်။

Public Service Announcement

Public Service Announcement

“လုံးဝကို တိုက်ပွဲရှိမနေပါ။ အခုထိကုန်တာ အရပ်သားတွေချည်းပါ။ Y12နဲ့ ဗုံးတွေအများကြီးကြဲသွားတာ”ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။

စစ်ဘေးရှောင်အရပ်သားပြည်သူများ၏ နေအိမ်များကို Y12လေယာဉ်ဖြင့် ဗုံး အလုံး ၂၀ ကျော် ကြဲသွားခြင်းဖြစ်ကြောင်း ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLPDF)ကသတင်းထုတ်ပြန်ထားသည်။ မြေပြင်ထိခိုက်မှုအခြေအနေကို KLPDFက ထုတ်ပြန်ထားခြင်းမရှိသေးပေ။ ထိခိုက်ဒဏ်ရာရသူများ၏ အခြေအနေကို People’s Spring က ဆက်လက်စုံစမ်းနေသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၄ရက် ညနေကလည်း ကောလင်းမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားသုံးဦးဒဏ်ရာရခဲ့ပြီး ဆီဘောက်ဆာ ကားနှစ်စီး၊ ထမင်းဆိုင်တစ်ဆိုင်လည်း ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

သတင်း

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း ထဲက ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ် အစပ်မှာရှိတဲ့ ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဇူလိုင်လဆန်းပိုင်းကစတင်ပြီးစစ်ကြောင်းထိုးပြီးမီးရှို့တာတွေကြောင့်ရွာ ၂၀ကျော်ရှိဒေသခံသောင်းဂဏန်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့စစ်ရှောင်အရေးကူညီသူအချို့ဆီကသိရပါတယ်။

Facebook