Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူတိုက်ပွဲ AA စစ်ရှိန်ပြန်မြှင့်စစ်တပ်အထိနာ

ကျောက်ဖြူမြို့နယ်တွင်အာရက္ခတပ်တော်(AA)က AAသိမ်းယူထားသည့်စခန်းများကို ထိုးစစ်ဆင်လာသည့်စစ်ကောင်စီတပ်ကို AA ကတိုက်ခိုက်ရာ စစ်တပ်စစ်ကြောင်းလိုက်ပြုတ်သည်အထိ တိုက်ခိုက်ခံရပြီး တိုက်ပွဲဆက်ပြင်းထန်နေကြောင်း စစ်ရေးသတင်းရေးမြစ်များကပြောသည်။

အာရက္ခတပ်​တော်(AA)တပ်ဖွဲဲ့ဝင်များ။ ဓါတ်ပုံ-AA Infodesk

သြဂုတ်-၂၁၊၂၀၂၅။လူအေး/People’s Spring

​ကျောက်ဖြူမြို့နယ်တွင်အာရက္ခတပ်တော်(AA)က AAသိမ်းယူထားသည့်စခန်းများကို ထိုးစစ်ဆင်လာသည့်စစ်ကောင်စီတပ်ကို AA ကတိုက်ခိုက်ရာ စစ်တပ်စစ်ကြောင်းလိုက်ပြုတ်သည်အထိ တိုက်ခိုက်ခံရပြီး တိုက်ပွဲဆက်ပြင်းထန်နေကြောင်း စစ်ရေးသတင်းရေးမြစ်များကပြောသည်။

ဇွန်လမတိုင်မီက တိုက်ပွဲများတွင် AA သိမ်းယူခဲ့သည့် လိပ်ခမော်၊ နှမ်းဖဲတောင်၊ မင်းတပ်တောင်၊သပြုတောင်၊ ပြင်ရှည်ရွာ နှင့် စည်မော်ရွာဘက်၌ တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ပြီး ယင်းတိုက်ပွဲများ၌ စစ်တပ်အထိနာပြီ ဖရိုဖရဲဖြစ်ကာတပ်ပျက်နေကြောင်း AA နှင့် နီးစပ်သောသတင်းရင်းမြစ်ကပြောသည်။

“တိုက်ပွဲတွေက သြဂုတ်လဆန်းမှာ ပိုပြီးပြင်းထန်လာတာပါ။AAရှိတဲ့နေရာတွေကို စစ်တပ်က ထိုးစစ်လုပ်လာတာ။သူတို့တပ်လန်ကျနေတယ်။ သေဆုံးတာတွေများတယ်။ သြဂုတ်လ ၁၀ ရက်နောက်ပိုင်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်ကသေတာ ၁၀၀ ကျော်ပြီလို့ သတင်းရတယ်”ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

AAသည် ရခိုင်ပြည်နယ်မှမြို့နယ်အများအပြားကိုသိမ်းယူပြီးနောက် ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်၍ အရှိန်မြှင့်ခဲ့သည်။ ဓညဝတီရေတပ်စခန်းဌာနချုပ်အနီး ကာကင်းများကို သိမ်းယူနိုင်သည်အထိ စစ်ရေးအသာစီးရခဲ့ပြီးနောက် မတ်လ ၂၈ရက်က ငလျင်ကြောင့် အပစ်ရပ်ထားစဉ် စစ်ရေးအရှိန်လည်း လျော့ကျသွားခဲ့သည်။

ထိုးစစ်အရှိန်လျော့ထားစဉ်ကာလ၌စစ်တပ်က လေကြောင်းမှ အင်အားဖြည့်ခဲ့သည်။ ထို့အပြင် AAရှိသည့်နေရာများကို လေကြောင်းနှင့် လက်နက်ကြီးသုံး ၊ဒရုန်းများသုံး၍ တိုက်ခိုက်ခဲ့ပြီးမြေပြင်မှလည်း စစ်ကြောင်းထိုးခဲ့သည်။ထို့အပြင် စစ်တပ်ကစာသင်ကျောင်းများနှင့်ဘာသာရေးအဆောက်အအုံများကိုပစ်မှတ်ထား၍ဗုံးကြဲခဲ့သည်။

ဇူလိုင်လ ၂၃ ရက်၊ ဇူလိုင်လ ၃၀ရက်နှင့်ဩဂုတ်လ ၈ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာဘုန်းကြီး ကျောင်းနှင့် မင်းရပ်တိုက်နယ်၊သဒွတ္ထိန်ရွာ ဘုန်းကြီးကျောင်း၊မင်းပြင်ရွာမှ အထက်တန်းကျောင်းနှင့် ဘုန်းကြီးကျောင်းများဗုံးကြဲခံရပြီးအရပ်သားထိခိုက်မှုများရှိခဲ့သည်။

“စစ်တပ်က ဒရုန်းရယ်၊လေကြောင်းရယ်၊ နေဗီ(ရေတပ်)ကနေရယ် ပစ်ကူပေးပြီး မြေပြင်ထိုးစစ်အရှိန်မြင့်လာတာမှာ AAက စစ်ရှိန်ပြန်မြှင့်တာ။ စစ်ရေးအခြေအနေ ပြောဖို့စောပေမယ့် ရှေ့ကာလမှာတိုက်ပွဲပိုပြင်းထန်လာဖို့ရှိတယ်”ဟု AAနှင့် နီးစပ်သောသတင်းရင်းမြစ်ကပြောသည်။

ပြီးခဲ့သည့်မေလနှင့် ဇွန်လကတိုက်ပွဲများတွင်လည်း စစ်ကောင်စီဘက်တွင်ထိခိုက်သေဆုံးမှုများခဲ့ပြီးတပ်မ(၁၁)နည်းဗျူဟာမှူးဗိုလ်မှူးချုပ်ကျော်မျိုးအောင်နှင့် ခြေမြန်တပ်ရင်း ခမရ(၂၁၁) ဒုတပ်ရင်းမှူးဗိုလ်မှူးဝင်းသန့်တို့ AA၏ စနိုက်ဘာထိမှန် သေဆုံးခဲ့သည်။

ကျောက်ဖြူမြို့တွင်လည်း အခြားဒေသများနည်းတူ စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်းအများအပြားဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး စစ်မြေပြင်တွင် AA ထံ အလင်းဝင်လာသူများ ရှိနေသည်။ဇူလိုင် ၃၁ရက်တွင် AAထံ အလင်းဝင်လာခဲ့သည့် စစ်သားသစ်တပ်သား မောင်မောင်ဝင်းက စစ်ကောင်စီသည် စစ်မှုထမ်းသင်တန်းဆင်းများအား တိုက်ပွဲအတွင်းရှေ့တန်းမှတက်ခိုင်းသလို သေဆုံးသည့်စစ်မှုထမ်းတပ်သားသစ်များကိုလည်းပြီးစလွယ်မြေမြှုပ်ခဲ့သည်ဟုပြောထားသည်။

AAသည် ရခိုင်ပြည်နယ်၌ ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မှလွဲ၍ ကျန်မြို့များကို သိမ်းယူထားသည်။စစ်​ကောင်စီက ​ရွေး​ကောက်ပွဲအပိုင်း (၁)ကို လတ်တ​လော သိမ်းပိုက်မခံရ​သေးသည့်ကျောက်ဖြူ ၊စစ်​တွေ ၊မာန်​အောင် မြို့နယ်တို့တွင်ကျင်းပမည်ဟုဆိုသည်။

ကျောက်ဖြူတိုက်ပွဲနှင့်ပတ်သက်၍ AAက သီးခြားသီတင်းထုတ်ပြန်ခြင်းမရှိသော်လည်းမျှော်မှန်းထားသောစစ်ရေးရည်မှန်းချက်များအလုံးစုံအောင်မြင်စေရန်အတွက် စစ်ကောင်စီနှင့် ရင်ဆိုင်ထားသောနေရာများ၌ တိုက်ပွဲများဆက်ဖြစ်နေသလိုအပြီးသတ်မြို့သိမ်းတိုက်ပွဲများအဖြစ် ကျန်ရှိနေသေးသော နေရာများတွင်လည်း တိုက်ပွဲများဆက်ဖြစ်နေကြောင်း ဩဂုတ်လ ၁၆ရက်၌ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်​တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF ကဒီက​နေ့သတင်းထုတ်ပြန်ပါတယ်။

Facebook