Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး နိုင်ငံတကာပိုသိဖို့ NUG ပြန်ကြားရေးက PVTV International Channel စတင်ထုတ်လွှင့်

မြန်မာ့သတင်းများကို နိုင်ငံတကာက ပိုမိုသိရှိစေဖို့ ရည်ရွယ်ပြီး PVTV Internatianal အမည်ဖြင့် သတင်းချန်နယ်တစ်ခုကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်တင်ဆက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သတင်းပြန်ကြားရေးဌာန PVTVက အသိပေးထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

မြန်မာ့သတင်းများကို နိုင်ငံတကာက ပိုမိုသိရှိစေဖို့ ရည်ရွယ်ပြီး PVTV Internatianal အမည်ဖြင့် သတင်းချန်နယ်တစ်ခုကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်တင်ဆက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သတင်းပြန်ကြားရေးဌာန PVTVက အသိပေးထုတ်ပြန်ပါတယ်။

အခု အသစ်တင်ဆက်မယ့် သတင်းချန်နယ်မှာ မြန်မာနိုင်ငံရဲ့ ပြည်သူ့နွေဦးတော်လှန်ရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တော်လှန်ရေးအင်အားစုတွေနဲ့ သက်ဆိုင်တဲ့ အရေးပါသော သတင်းအချက်အလက်များ၊ နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ အရေးကြီးကိစ္စရပ်များကို နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိနိုင်စေဖို့ တိကျမှန်ကန်ပြီး အတည်ပြုနိုင်သော သတင်းများကို သတင်း၊ သတင်းဆောင်းပါး၊ ရုပ်သံသတင်း တို့နဲ့ တင်ဆက်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ မြန်မာ့နွေဦးတော်လှန်ရေးနဲ့ ပတ်သက်၍ တိကျမှန်ကန်သော သတင်းအချက်အလက်များ၊ အရေးပါသည့် သုံးသပ်ချက်များကို ရယူနိုင်ဖို့ www.facebook.com/pvtvinternational ၊ www.youtube.com/@PVTVinternational-myanmar စတဲ့ စာမျက်နှာတွေကို Like ၊ Share နဲ့ Follow လုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

PVTV အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒဆိုင်ရာ ကြေညာချက်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ ခေါင်းဆောင်တွေနဲ့ အမေးအဖြေတွေ၊ သက်ဆိုင်ရာ အခမ်းအနားတွေကို ပုံမှန်ထုတ်လွှတ်နေသလို ဒေသအသီးသီးက တိုက်ပွဲသတင်းတွေနဲ့ အခြားတော်လှန်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်ဆိုင်ရာ သတင်းတွေကို ပုံမှန်ဖော်ပြလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ