Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထိန်းချုပ်ဒေသတွေမှာ သီတင်းကျွတ်ကာလအတွင်း သေနတ်နဲ့ပစ်ခတ်မှုနဲ့ ခိုက်ရန်ဖြစ်မှုကြောင့် လူ ၄ဦး သေဆုံး၊ ၁ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ကံပေါက်ဒေသမှာ အောက်တိုဘာ၂၇ရက်ညက သီတင်းကျွတ်ပွဲတော်လည်ပတ်တဲ့ လူ‌ငယ်တွေ ခိုက်ရန်ဖြစ်ပွားပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Screenshot

အောက်တိုဘာ-၂၈၊၂၀၂၆။မိထက်/People’s Spring

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ကံပေါက်ဒေသမှာ အောက်တိုဘာ၂၇ရက်ညက သီတင်းကျွတ်ပွဲတော်လည်ပတ်တဲ့ လူ‌ငယ်တွေ ခိုက်ရန်ဖြစ်ပွားပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

” ပွဲလယ်တဲ့ လူငယ်တွေရန်ဖြစ်ကြတာ။ နိုင်ငံရေးမကောင်းတော့ လူငယ်တွေ ပျက်စီးကုန်တာလေ။ ညက ယောက်ျားလေးနှစ်ယောက်သေဆုံးတယ်။ အုပ်စုလိုက်ချတာကနေ ကားနဲ့ကို တိုက်ပြေးတာ”လို့ရေဖြူမြို့ခံတစ်ဦးက ပြောပါတယ်။

လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ ရုပ်သံမှာလည်း အမိုးဖွင့်ကားပေါ်က လူငယ်‌တွေနဲ့ ကားအောက်ကလူငယ်တွေ ခိုက်ရန်ဖြစ်နေပြီး ကားက တရကြမ်းမောင်းပြေးစဉ် ပြုတ်ကျတဲ့ လူ‌ငယ်တွေကို ဝိုင်းဝန်းရိုက်နှက်နေတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကံပေါက်ဒေသဟာ စစ်တပ် ထိန်းချုပ်ထားပြီး ဒေသတွင်း တော်လှန်ရေးအရှိန်လျော့ဖို့အတွက် သီတင်းကျွတ်ပွဲတော်ကို စည်ကားအောင် စစ်အုပ်စုက လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယမန်‌နေ့ညက ဖြစ်စဉ်အတွက် လူငယ်အချို့ကို စစ်အုပ်စုက ဖမ်းထားတယ်လို့ ဒေသခံအချို့ကပြောပြီး အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။

စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့တွေမှာ သီတင်းကျွတ်ပွဲတော်ကာလ သေနတ်ပစ်ဖောက်မှုတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် လူသေဆုံးမှုတွေရှိခဲ့ပါတယ်။ သီတင်းကျွတ်လပြည့်ညက ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း သေနတ်ပစ်ခတ်မှုဖြစ်ပြီး ၂ ဦး သေဆုံးခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာလည်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်‌တွေက သေနတ်ပစ်ဖောက်လို့ အရပ်သားအမျိုးသမီး ၁ဦးဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ်မှာ သီတင်းကျွတ်လပြည့်နေ့က ပေါက်ကွဲမှုဖြစ်ပွားပြီး အဘွားအို ၁ဦးသေဆုံးကာ ပြည်သူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း မြို့ခံတွေက ပြော​ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့​က သီတင်းကျွတ်ဘုရားကြီးပွဲလာသူအချို့ရဲ့ ဆိုင်ကယ်နဲ့ သုံးဘီးဆိုက်တွဲတွေ ပျောက်ဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စစ်တပ် အာဏာသိမ်းထားတဲ့ကာလထဲမှာပဲ ၆ ကြိမ်မြောက် သီတင်းကျွတ်ကာလ ရောက်ရှိခဲ့ပါပြီ။ ဒီနှစ်မှာ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ အင်းလေး၊ ကလော၊ ပုဂံညောင်ဦး၊ ကျိုက်ထီးရိုးနဲ့ ပင်လယ်ကမ်းခြေဒေသတွေမှာ ပြည်တွင်း ခရီးသွားတွေ များပြားခဲ့တယ်လို့ သိရပါတယ်။ အသွားအလာ များကြသလို ယာဉ်တိုက်မှုတွေလည်း ဖြစ်ပွားခဲ့ပြီး ထိခိုက်...

သတင်း

သီတင်းကျွတ်ကာလမှာ စစ်တပ်က မကွေးတိုင်း၊ မြိုင်နဲ့ ပခုက္ကူမြို့နယ်က ဘုန်ကြီးကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။